DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
DVB
·
August 13, 2019
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ 

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၄၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၇၅၀၀၀  ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက  တအိတ်ကို ၉၀၉၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။  ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ပေါက်ဈေး တအိတ်ကို ၃၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ

ရန်ကုန် ဈေးကွက်မှာ ပဲလွန်းဖြူက တအိတ်ကို ၆၇၈၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၆၅၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် အနိမ့်ဆုံး ၂၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2

မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၈၁၀၀၀ တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၁၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ဈေးကွာခြားမှု မရှိပါဘူး။

နှမ်းနက်(စမုံ)

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ၂၅၀၀၀၀ ကနေ ၂၉၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၈၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၅၅၀ ကနေ ၉၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၅၀၀ ကနေ ၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁၀၀ ကျပ် ဈေးကွာခြား မှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version


မတ်ပဲ


ပဲစင်းငုံနီ


ပဲလွန်းဖြူ


ကုလားပဲ v2


နှမ်းနက်(စမုံ)


ကြက်သွန်နီ



သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013