DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် ကရင်ရိုးရာ လက်ချည်ပွဲကျင်းပ
DVB
·
August 13, 2019
ပုသိမ်မြို့တွင် ကရင်ရိုးရာ လက်ချည်ပွဲကျင်းပ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တော်ခန်းမမှာ ကရင်ရိုးရာလက်ချည်ပွဲ (ချည်ဖြူဖွဲ့မင်္ဂလာ) အခမ်းအနားကို သြဂုတ် ၁၃ ရက်မနက်က ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်နဲ့ တိုင်းအစိုးရအဖွဲဝင်တွေ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ကရင်တိုင်းရင်းသားတွေ ဆွေမျိုးအချင်းချင်း သိုက်သိုက်ဝန်းဝန်း ရိုးရာအစားအစာတွေနဲ့ ဧည့်ခံကျွေးမွေးကြပြီး အဖိုးအဖွားတွေက ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေကို ချည်ဖြူစကိုင်ပြီး ကျန်းမာချမ်းသာစေကြောင်း မကောင်းဆိုးဝါးဘေးဥပါဒ် အန္တရာယ်အသွယ်သွယ်ကနေ ကင်းဝေးပါစေကြောင်း စားနပ်ရိက္ခာစီးပွားဥစ္စာတိုးပွားပြီး အင်အားဗလသန်မာစေကြောင်း ဆုတောင်းကာ လက်ကိုချည်ဖြူစနဲ့ ရစ်ချည်ဖွဲ့ပေးတာကို ရိုးရာဓလေ့နဲ့ အညီ ကျင်းပခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက "စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီးကျင်းပတာအပြင် မိမိတို့ရဲ့ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်ခြင်းဖြစ်ပါတယ်"လို့ ပြောပါတယ်။

ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မိုးသည်းထန်ပြီး ရောဂါဘယထူပြောတဲ့ ဝါခေါင်လမှာ အစာရေစာတွေပေါများပြီး ကျန်းမာစေဖို့ရည်ရွယ်ပြီး ကရင့်ရိုးရာနဲ့အညီကျင်းပရတာ ဖြစ်တယ်လို့ ပွဲကို ဦးဆောင်ကျင်းပသူတွေက ဆိုပါတယ်။

ကရင်ရိုးရာ လက်ချည်ပွဲ(ချည်ဖြူဖွဲ့မင်္ဂလာ)အခမ်းအနားကို ပုသိမ်မြို့မှာ ကျင်းပတာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၈ ခုနှစ်က ပုသိမ်မြို့တော်ခန်းမမှာပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြမင်းဦး(ပုသိမ်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပုသိမ္ၿမိဳ႕တြင္ ကရင္႐ိုးရာ လက္ခ်ည္ပြဲက်င္းပ

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ေတာ္ခန္းမမွာ ကရင္႐ိုးရာလက္ခ်ည္ပြဲ (ခ်ည္ျဖဴဖြဲ႕မဂၤလာ) အခမ္းအနားကို ၾသဂုတ္ ၁၃ ရက္မနက္က က်င္းပခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ဦးလွမိုးေအာင္နဲ႔ တိုင္းအစိုးရအဖြဲဝင္ေတြ တက္ေရာက္ခဲ့ပါတယ္။

အခမ္းအနားမွာ ကရင္တိုင္းရင္းသားေတြ ေဆြမ်ိဳးအခ်င္းခ်င္း သိုက္သိုက္ဝန္းဝန္း ႐ိုးရာအစားအစာေတြနဲ႔ ဧည့္ခံေကြၽးေမြးၾကၿပီး အဖိုးအဖြားေတြက ကိုယ့္ရဲ႕သားသမီးေျမးျမစ္ေတြကို ခ်ည္ျဖဴစကိုင္ၿပီး က်န္းမာခ်မ္းသာေစေၾကာင္း မေကာင္းဆိုးဝါးေဘးဥပါဒ္ အႏၲရာယ္အသြယ္သြယ္ကေန ကင္းေဝးပါေစေၾကာင္း စားနပ္ရိကၡာစီးပြားဥစၥာတိုးပြားၿပီး အင္အားဗလသန္မာေစေၾကာင္း ဆုေတာင္းကာ လက္ကိုခ်ည္ျဖဴစနဲ႔ ရစ္ခ်ည္ဖြဲ႕ေပးတာကို ႐ိုးရာဓေလ့နဲ႔ အညီ က်င္းပခဲ့ပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ဂါ့မိုးျမတ္ျမတ္သူက "စုစုစည္းစည္းညီညီၫြတ္ၫြတ္နဲ႔ ဧရာဝတီတိုင္းေဒသႀကီး ဖြံၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ ရည္႐ြယ္ၿပီးက်င္းပတာအျပင္ မိမိတို႔ရဲ႕႐ိုးရာ ယဥ္ေက်းမႈကို ေဖာ္ထုတ္ျခင္းျဖစ္ပါတယ္"လို႔ ေျပာပါတယ္။

ခ်ည္ျဖဴဖြဲ႕မဂၤလာအခမ္းအနားကို မိုးသည္းထန္ၿပီး ေရာဂါဘယထူေျပာတဲ့ ဝါေခါင္လမွာ အစာေရစာေတြေပါမ်ားၿပီး က်န္းမာေစဖို႔ရည္႐ြယ္ၿပီး ကရင့္႐ိုးရာနဲ႔အညီက်င္းပရတာ ျဖစ္တယ္လို႔ ပြဲကို ဦးေဆာင္က်င္းပသူေတြက ဆိုပါတယ္။

ကရင္႐ိုးရာ လက္ခ်ည္ပြဲ(ခ်ည္ျဖဴဖြဲ႕မဂၤလာ)အခမ္းအနားကို ပုသိမ္ၿမိဳ႕မွာ က်င္းပတာ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္ကို ၂၀၁၈ ခုႏွစ္က ပုသိမ္ၿမိဳ႕ေတာ္ခန္းမမွာပဲ က်င္းပခဲ့တာ ျဖစ္ပါတယ္။

ျမမင္းဦး(ပုသိမ္)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013