DVB Logo
Home
မြန်မာသတင်း
ကမာရွတ် တက္ကသိုလ်နယ်မြေ လုံခြုံရေး သထုံလမ်းတ‌လျှောက် စီစီတီဗွီများ တပ်ဆင်မည်
DVB
·
August 10, 2019
ကမာရွတ် တက္ကသိုလ်နယ်မြေ လုံခြုံရေး သထုံလမ်းတ‌လျှောက် စီစီတီဗွီများ တပ်ဆင်မည်
Donate to DVB

ကမာရွတ် တက္ကသိုလ်နယ်မြေ လုံခြုံရေးအတွက် ပညာရေးဝန်ကြီးဌာနကနေ သထုံလမ်းတလျှောက် စီစီတီဗွီတွေ တပ်ဆင်ပေးသွားဖို့ ရှိပါတယ်။

ကမာရွတ် တက္ကသိုလ်နယ်မြေဝင်းအတွင်းမှာ ကျောင်းသူတွေကို မဖွယ်မရာ ပြုလုပ်ခံရတာတွေ ရှိနေတာကြောင့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂတို့က နယ်မြေ လုံခြုံရေးအတွက်ကို တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။

အခုလို ညှိနှိုင်းမှုတွေအရ အဆင့်မြင့်ပညာဦးစီးဌာနကနေ သထုံလမ်းတလျှောက်ကို စီစီတီဗွီတွေ တပ်ဆင်ပေးတာတွေနဲ့ လမ်းတ‌လျှောက် ညနေ ၃ နာရီကနေ မနက် ၅ နာရီအထိ ကားတွေကို လုံးဝ ရပ်နားခွင့်မပေးတာတွေကို လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတာပါ။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး မောင်အောင်ပြည့်စုံဖြိုး က “မနက်ပိုင်းကျတော့ တီတီစီ ကျောင်းချိန်လည်းရှိတယ်။ သွားလာနေတာ ဖြစ်တဲ့အတွက် ကျနော်တို့ ဘယ်လိုလုပ်လဲဆိုတော့ ညနေ ၃ နာရီခွဲကနေ မနက် ၅ နာရီခွဲထိ ကားလုံးဝမရပ်နယ်မြေ အဖြစ်သတ်မှတ်မှာပါ။ စီစီတီဗွီတပ်ဖို့အတွက်ကတော့ အရင်ပညာသင်နှစ်ဝက်ကတည်းက ဝန်ကြီးလာကတည်းက ကျနော်တို့ကို ပြောသွားတာပါ။ ဝန်ကြီးက သိန်း ၃၀၀ သူဘတ်ဂျက် ပေးသွားတဲ့အခါမှာ မလောက်လို့ဆိုပြီးတော့ ဒေါက်တာသိန်းဝင်းက အရင်လကနေပြီးတော့ သိန်း ၅၀၀ တိုးပြီးတော့ ဒီလ ၁၅ ရက်အပြီး သထုံလမ်းတလျှောက် စီစီတီဗွီ အပြည့်တပ်မယ်လို့ ပြောပါ တယ်” လို့ ဆိုပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူအများစုမှာ နယ်မြို့တွေက ကျောင်းသားတွေဖြစ်ပြီး အဲဒီကျောင်းသားတွေဟာ သထုံလမ်းမပေါ်မှာရှိတဲ့ တက္ကသိုလ်အဆောင်တွေမှာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။ 

ကျောင်းသူတွေအနေနဲ့ အဆောင်ကနေကျောင်းကိုလာတဲ့ လမ်းတလျှောက်မှာ လမ်းမပေါ်မှာ ရပ်နားထားတဲ့ကားတွေက နေကားသမားတွေရဲ့ မဖွယ်မရာပြုကျင့်မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။ 

ကားသမားတွေအနေနဲ့ ကျောင်းသူတွေကို နှုတ်နဲ့စော်ကားတာတွေ၊ မဖွယ်မရာ ပြုလုပ်ပြတာတွေ ရှိတယ်လို့ ကျောင်းသူတွေကပြောပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ မနီလာဝင်းက “အများစုကတော့ ကားပေါ်ကနေ သွားရင်းနဲ့ အစခံရတာပေါ့။ တချို့ကျတော့ ဇာတ်ကားတွေ ဖွင့်ပြတာ၊ သူတို့ရဲ့ အင်္ဂါကို ကိုင်ပြတာ၊ ပြီးရင် ကားပေါ်ကနေ လှမ်းလှမ်းပြီး ပုတ်သွားတာ အဲဒါမျိုးတွေက အဓိက ဖြစ်တာပါ။ ဒီသထုံလမ်းဆိုတာ တက္ကသိုလ်နယ်မြေပဲပေါ့နော်။ ဒီထဲမှာ အဝေးသင် တက္ကသိုလ်ရှိတယ်၊ ဆေးကျောင်းရှိတယ်၊ ပြီးရင် ကျမတို့ ရန်ကုန်ပညာရေး တက္ကသိုလ်ရှိတယ်။ တက္ကသိုလ်ဝင်းထဲမှာ တက္ကသိုလ်ကျောင်းသူတွေ ကျောင်းလာတာတောင်မှ လုံလုံခြုံခြုံ မရှိဘူးဆိုတာတော့ အဆင်မပြေဘူးလေ။ နယ်ကလာတဲ့ ကျောင်းသူတွေအနေနဲ့လည်း ပိုပြီးလုံခြုံမှု ရှိစေချင်တယ်။ လုံလုံခြုံခြုံ ပတ်ဝန်းကျင်လေးတခုကို ဖန်တီးပေးပါလို့ပဲ ပြောချင်တယ်။” လို့ ဆိုပါတယ်။ 

ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရတာနဲ့ပတ်သက်ပြီး ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေကျောင်းသူတွေကို စာရင်းကောက်ယူမှုတွေအရ ကျောင်းသူဦးရေ ၂၀၀ မှာ ၄၀ ကျော်က မဖွယ်မရာပြုကျင့်ခံရတယ်လို့ ပြောပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနဲ့ ကမာရွတ်တက္ကသိုလ် နယ်မြေလုံခြုံရေးနဲ့ပတ်သက်ပြီး အဆင့်မြင့်ပညာဦးစီးဌာနနဲ့ တွေ့ဆုံညှိနှိုင်းတာဟာ ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။




Zawgyi Version

ကမာ႐ြတ္ တကၠသိုလ္နယ္ေျမ လုံၿခဳံေရး သထုံလမ္းတ‌ေလွ်ာက္ စီစီတီဗြီမ်ား တပ္ဆင္မည္
ဆုဆုသြယ္
ကမာ႐ြတ္ တကၠသိုလ္နယ္ေျမ လုံၿခဳံေရးအတြက္ ပညာေရးဝန္ႀကီးဌာနကေန သထုံလမ္းတေလွ်ာက္ စီစီတီဗြီေတြ တပ္ဆင္ေပးသြားဖို႔ ရွိပါတယ္။
ကမာ႐ြတ္ တကၠသိုလ္နယ္ေျမဝင္းအတြင္းမွာ ေက်ာင္းသူေတြကို မဖြယ္မရာ ျပဳလုပ္ခံရတာေတြ ရွိေနတာေၾကာင့္ ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာနမွ တာဝန္ရွိသူေတြနဲ႔ ရန္ကုန္ပညာေရး တကၠသိုလ္ေက်ာင္းသားသမဂၢတို႔က နယ္ေျမ လုံၿခဳံေရးအတြက္ကို ေတြ႕ဆုံညႇိႏႈိင္းခဲ့ၾကပါတယ္။
အခုလို ညႇိႏႈိင္းမႈေတြအရ အဆင့္ျမင့္ပညာဦးစီးဌာနကေန သထုံလမ္းတေလွ်ာက္ကို စီစီတီဗြီေတြ တပ္ဆင္ေပးတာေတြနဲ႔ လမ္းတ‌ေလွ်ာက္ ညေန ၃ နာရီကေန မနက္ ၅ နာရီအထိ ကားေတြကို လုံးဝ ရပ္နားခြင့္မေပးတာေတြကို လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကတာပါ။
ရန္ကုန္ပညာေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ အတြင္းေရးမႉး ေမာင္ေအာင္ျပည့္စုံၿဖိဳး က “မနက္ပိုင္းက်ေတာ့ တီတီစီ ေက်ာင္းခ်ိန္လည္းရွိတယ္။ သြားလာေနတာ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ ဘယ္လိုလုပ္လဲဆိုေတာ့ ညေန ၃ နာရီခြဲကေန မနက္ ၅ နာရီခြဲထိ ကားလုံးဝမရပ္နယ္ေျမ အျဖစ္သတ္မွတ္မွာပါ။ စီစီတီဗြီတပ္ဖို႔အတြက္ကေတာ့ အရင္ပညာသင္ႏွစ္ဝက္ကတည္းက ဝန္ႀကီးလာကတည္းက က်ေနာ္တို႔ကို ေျပာသြားတာပါ။ ဝန္ႀကီးက သိန္း ၃၀၀ သူဘတ္ဂ်က္ ေပးသြားတဲ့အခါမွာ မေလာက္လို႔ဆိုၿပီးေတာ့ ေဒါက္တာသိန္းဝင္းက အရင္လကေနၿပီးေတာ့ သိန္း ၅၀၀ တိုးၿပီးေတာ့ ဒီလ ၁၅ ရက္အၿပီး သထုံလမ္းတေလွ်ာက္ စီစီတီဗြီ အျပည့္တပ္မယ္လို႔ ေျပာပါ တယ္” လို႔ ဆိုပါတယ္။
ရန္ကုန္ပညာေရးတကၠသိုလ္မွာ တက္ေရာက္ေနၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူအမ်ားစုမွာ နယ္ၿမိဳ႕ေတြက ေက်ာင္းသားေတြျဖစ္ၿပီး အဲဒီေက်ာင္းသားေတြဟာ သထုံလမ္းမေပၚမွာရွိတဲ့ တကၠသိုလ္အေဆာင္ေတြမွာ အမ်ားဆုံးေနထိုင္ၾကတာျဖစ္ပါတယ္။
ေက်ာင္းသူေတြအေနနဲ႔ အေဆာင္ကေနေက်ာင္းကိုလာတဲ့ လမ္းတေလွ်ာက္မွာ လမ္းမေပၚမွာ ရပ္နားထားတဲ့ကားေတြက ေနကားသမားေတြရဲ႕ မဖြယ္မရာျပဳက်င့္မႈေတြကို ခံေနရတာ ျဖစ္ပါတယ္။
ကားသမားေတြအေနနဲ႔ ေက်ာင္းသူေတြကို ႏႈတ္နဲ႔ေစာ္ကားတာေတြ၊ မဖြယ္မရာ ျပဳလုပ္ျပတာေတြ ရွိတယ္လို႔ ေက်ာင္းသူေတြကေျပာပါတယ္။
ရန္ကုန္ပညာေရးတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသူ မနီလာဝင္းက “အမ်ားစုကေတာ့ ကားေပၚကေန သြားရင္းနဲ႔ အစခံရတာေပါ့။ တခ်ိဳ႕က်ေတာ့ ဇာတ္ကားေတြ ဖြင့္ျပတာ၊ သူတို႔ရဲ႕ အဂၤါကို ကိုင္ျပတာ၊ ၿပီးရင္ ကားေပၚကေန လွမ္းလွမ္းၿပီး ပုတ္သြားတာ အဲဒါမ်ိဳးေတြက အဓိက ျဖစ္တာပါ။ ဒီသထုံလမ္းဆိုတာ တကၠသိုလ္နယ္ေျမပဲေပါ့ေနာ္။ ဒီထဲမွာ အေဝးသင္ တကၠသိုလ္ရွိတယ္၊ ေဆးေက်ာင္းရွိတယ္၊ ၿပီးရင္ က်မတို႔ ရန္ကုန္ပညာေရး တကၠသိုလ္ရွိတယ္။ တကၠသိုလ္ဝင္းထဲမွာ တကၠသိုလ္ေက်ာင္းသူေတြ ေက်ာင္းလာတာေတာင္မွ လုံလုံၿခဳံၿခဳံ မရွိဘူးဆိုတာေတာ့ အဆင္မေျပဘူးေလ။ နယ္ကလာတဲ့ ေက်ာင္းသူေတြအေနနဲ႔လည္း ပိုၿပီးလုံၿခဳံမႈ ရွိေစခ်င္တယ္။ လုံလုံၿခဳံၿခဳံ ပတ္ဝန္းက်င္ေလးတခုကို ဖန္တီးေပးပါလို႔ပဲ ေျပာခ်င္တယ္။” လို႔ ဆိုပါတယ္။
ေက်ာင္းသူေတြကို လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္ခံရတာနဲ႔ပတ္သက္ၿပီး ရန္ကုန္ပညာေရး တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကေနေက်ာင္းသူေတြကို စာရင္းေကာက္ယူမႈေတြအရ ေက်ာင္းသူဦးေရ ၂၀၀ မွာ ၄၀ ေက်ာ္က မဖြယ္မရာျပဳက်င့္ခံရတယ္လို႔ ေျပာပါတယ္။
ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢအေနနဲ႔ ကမာ႐ြတ္တကၠသိုလ္ နယ္ေျမလုံၿခဳံေရးနဲ႔ပတ္သက္ၿပီး အဆင့္ျမင့္ပညာဦးစီးဌာနနဲ႔ ေတြ႕ဆုံညႇိႏႈိင္းတာဟာ ဒုတိယအႀကိမ္ေတြ႕ဆုံမႈျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013