DVB Logo
Home
မြန်မာသတင်း
မဘသ ဦးဆောင်ဆရာတော်နှစ်ပါး ယာယီနုတ်ထွက်ခြင်းဖြစ်ဟု ဆရာတော် ဦးပါမောက္ခ မိန့်ကြား
DVB
·
August 9, 2019
မဘသ ဦးဆောင်ဆရာတော်နှစ်ပါး ယာယီနုတ်ထွက်ခြင်းဖြစ်ဟု ဆရာတော် ဦးပါမောက္ခ မိန့်ကြား
Donate to DVB

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဖိအားပေးမှုကြောင့် မဘသဥက္ကဋ္ဌဆရာတော်နဲ့ ဒုတိယဥက္ကဋ္ဌတို့ မဘသအဖွဲ့ကနေ ယာယီနုတ်ထွက်ထားတာ ဖြစ်ပြီး အပြီးနုတ်ထွက်တာ မဟုတ်ဘူးလို့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက DVB ကို အတည်ပြုပြောကြားလိုက်ပါတယ်။

ရန်ကုန် အင်းစိန် ရွာမကျောင်းတိုက်မှာရှိတဲ့ မဘသ ဆိုင်းဘုတ်တွေကိုလည်း သြဂုတ် ၆ ရက်က ဖြုတ်ချက်လိုက်ပြီလည်း ဖြစ်ပါတယ်။ 

မဘသဆရာတော်တွေအားလုံး နုတ်ထွက်တာမဟုတ်ဘဲ ဥက္ကဋ္ဌဆရာတော် ဦးတိလောကနဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဦးသီလက္ခန် နှစ်ပါးပဲ နုတ်ထွက်လိုက်တာပါ။

မဘသကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ဟာ တရားမဝင် ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့အမည်သုံးပြီး ဘယ်ကိစ္စမဆို မဆောင်ရွက်ဖို့နဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ ဇူလိုင် ၂၉ ရက်က ဆုံးဖြတ်ခဲ့တာပါ။

ဒါကို မလိုက်နာရင် ရဟန်းဖြစ်ရင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ၂၀/၉၀ နဲ့ အရေးယူဖို့၊ လူဖြစ်ရင် တည်ဆဲဥပဒေအရ အရေးယူဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ပြီး တပတ်အကြာမှာ ဦးဆောင်ဆရာတော် နှစ်ပါး နုတ်ထွက်သွားတာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မဘသ ဦးေဆာင္ဆရာေတာ္ႏွစ္ပါး ယာယီႏုတ္ထြက္ျခင္းျဖစ္ဟု ဆရာေတာ္ ဦးပါေမာကၡ မိန႔္ၾကား

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕နဲ႔ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနရဲ႕ ဖိအားေပးမႈေၾကာင့္ မဘသဥကၠ႒ဆရာေတာ္နဲ႔ ဒုတိယဥကၠ႒တို႔ မဘသအဖြဲ႕ကေန ယာယီႏုတ္ထြက္ထားတာ ျဖစ္ၿပီး အၿပီးႏုတ္ထြက္တာ မဟုတ္ဘူးလို႔ မေကြးေက်ာင္းတိုက္ ဆရာေတာ္ ဦးပါေမာကၡက DVB ကို အတည္ျပဳေျပာၾကားလိုက္ပါတယ္။

ရန္ကုန္ အင္းစိန္ ႐ြာမေက်ာင္းတိုက္မွာရွိတဲ့ မဘသ ဆိုင္းဘုတ္ေတြကိုလည္း ၾသဂုတ္ ၆ ရက္က ျဖဳတ္ခ်က္လိုက္ၿပီလည္း ျဖစ္ပါတယ္။

မဘသဆရာေတာ္ေတြအားလုံး ႏုတ္ထြက္တာမဟုတ္ဘဲ ဥကၠ႒ဆရာေတာ္ ဦးတိေလာကနဲ႔ ဒုတိယဥကၠ႒ဆရာေတာ္ ဦးသီလကၡန္ ႏွစ္ပါးပဲ ႏုတ္ထြက္လိုက္တာပါ။

မဘသကို အမည္ေျပာင္းထားတဲ့ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းအဖြဲ႕ဟာ တရားမဝင္ ဖြဲ႕စည္းထားတဲ့အဖြဲ႕ျဖစ္ၿပီး ဒီအဖြဲ႕အမည္သုံးၿပီး ဘယ္ကိစၥမဆို မေဆာင္႐ြက္ဖို႔နဲ႔ ဆိုင္းဘုတ္ေတြကို ျဖဳတ္သိမ္းဖို႔ ဇူလိုင္ ၂၉ ရက္က ဆုံးျဖတ္ခဲ့တာပါ။

ဒါကို မလိုက္နာရင္ ရဟန္းျဖစ္ရင္ သံဃာအဖြဲ႕အစည္းဆိုင္ရာ ဥပေဒ၂၀/၉၀ နဲ႔ အေရးယူဖို႔၊ လူျဖစ္ရင္ တည္ဆဲဥပေဒအရ အေရးယူဖို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

သံဃမဟာနာယကအဖြဲ႕က ထုတ္ျပန္ၿပီး တပတ္အၾကာမွာ ဦးေဆာင္ဆရာေတာ္ ႏွစ္ပါး ႏုတ္ထြက္သြားတာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013