DVB Logo
Home
မြန်မာသတင်း
မုဒုံမြို့နယ် ရေကြီးရေလျှံမှုဖြစ်နေ၍ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးဆောင်ရွက် (ဓာတ်ပုံ)
DVB
·
August 9, 2019
မုဒုံမြို့နယ် ရေကြီးရေလျှံမှုဖြစ်နေ၍ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးဆောင်ရွက် (ဓာတ်ပုံ)
1 / 6
Donate to DVB

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ ဒီနေ့မနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ပေါ်ရပ်ကွက်တွေ ရေကြီးနစ်မြုပ်မှု ဖြစ်နေလို့ မုဒုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

မုဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ တို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းနေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မိုးရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်မှုကြောင့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာပါ ကျေးရွာ/ရပ်ကွက် ၈ ခုမှာလည်း နေအိမ်တွေ နစ်မြုပ်တဲ့အထိ ရေဝင်ရောက်နေလို့ စာသင်ကျောင်း ၁ ကျောင်း ခေတ္တပိတ်ထားခဲ့ပြီး ယာယီရေဘေး ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၄၈၀ စု ပြောင်းရွှေ့ နေထိုင်နေကြတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် ဘီလင်းမြို့နယ်အတွင်း  အိမ်ထောင်စု ၁၆၇၉ စု၊ လူဦးရေ ၇၀၀၅ ဦးတို့ ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၂၈ ခုမှာ ယာယီပြောင်းရွှေ့နေထိုင်တယ်လို့ ဆိုပါတယ်။

ဒုံသမိမြစ်ရေ မြင့်တက်မှုကြောင့် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာပါ ၂ ရွာ၌ နေအိမ် ၆ လုံး ပြိုကျ၊ နေအိမ် ၇ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၂၀၃ ဦး ကျေးရွာဘုန်းကြီးကျောင်းတွေမှာ ခေတ္တပြောင်းရွှေ့နေထိုင်နေကြတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

 

မုဒုံၿမိဳ႕နယ္ ေရႀကီးေရလွ်ံမႈျဖစ္ေန၍ မီးသတ္တပ္ဖြဲ႕ ကယ္ဆယ္ေရးေဆာင္႐ြက္ (ဓာတ္ပုံ)

DVB 

မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္မွာ ဒီေန႔မနက္အေစာပိုင္းက မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ၿမိဳ႕ေပၚရပ္ကြက္ေတြ ေရႀကီးနစ္ျမဳပ္မႈ ျဖစ္ေနလို႔ မုဒုံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ဝင္ေတြက ကူညီကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေနပါတယ္။

မုဒုံၿမိဳ႕နယ္မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၁၂ ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ ၂၀ တို႔နဲ႔ ကယ္ဆယ္ေရးလုပ္ငန္းေနတယ္လို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

မိုး႐ြာသြန္းၿပီး အတၳရံျမစ္ေရ ျမင့္တက္မႈေၾကာင့္ က်ိဳက္မေရာၿမိဳ႕နယ္၊ ေခ်ာင္းႏွစ္ခြေက်း႐ြာပါ ေက်း႐ြာ/ရပ္ကြက္ ၈ ခုမွာလည္း ေနအိမ္ေတြ နစ္ျမဳပ္တဲ့အထိ ေရဝင္ေရာက္ေနလို႔ စာသင္ေက်ာင္း ၁ ေက်ာင္း ေခတၱပိတ္ထားခဲ့ၿပီး ယာယီေရေဘး ကယ္ဆယ္ေရးစခန္းမွာ အိမ္ေထာင္စု ၄၈၀ စု ေျပာင္းေ႐ႊ႕ ေနထိုင္ေနၾကတယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ထားပါတယ္။

ဘီးလင္းျမစ္ေရ ျမင့္တက္မႈေၾကာင့္ ဘီလင္းၿမိဳ႕နယ္အတြင္း  အိမ္ေထာင္စု ၁၆၇၉ စု၊ လူဦးေရ ၇၀၀၅ ဦးတို႔ ေရေဘးကယ္ဆယ္ေရးစခန္း စုစုေပါင္း ၂၈ ခုမွာ ယာယီေျပာင္းေ႐ႊ႕ေနထိုင္တယ္လို႔ ဆိုပါတယ္။

ဒုံသမိျမစ္ေရ ျမင့္တက္မႈေၾကာင့္ သထုံၿမိဳ႕နယ္၊ ဒူးရင္းဆိပ္ေက်း႐ြာပါ ၂ ႐ြာ၌ ေနအိမ္ ၆ လုံး ၿပိဳက်၊ ေနအိမ္ ၇ လုံး၊ ဘုန္းႀကီးေက်ာင္း ၁ ေက်ာင္း အမိုးလန္ ဆုံးရႈံးခဲ့ၿပီး အိမ္ေထာင္စု ၃၈ စု၊ လူဦးေရ ၂၀၃ ဦး ေက်း႐ြာဘုန္းႀကီးေက်ာင္းေတြမွာ ေခတၱေျပာင္းေ႐ႊ႕ေနထိုင္ေနၾကတယ္လို႔  ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013