DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲ မြင်းခြံတွင် ပြုလုပ်
DVB
·
August 8, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲ မြင်းခြံတွင် ပြုလုပ်
1 / 8
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅. ဦးကော်မတီက တင်သွင်းလာတဲ့ အစီရင်ခံစာ ထောက်ခံကြိုဆိုပွဲကို ဒီကနေ့ သြဂုတ် ၈ ရက် မနက်ပိုင်းက မြင်းခြံမြို့ မဏိကဉ္စာနာခန်းမရှေ့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ကြိုဆိုပွဲမှာ စာရေးဆရာ ထင်လင်းဦး နှင့် ဆရာညီမင်းညိုတို့က ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့ ဘာကြောင့် လိုအပ်တယ်ဆိုတာ ဟောပြောခဲ့ကြပါတယ်။

ဒီထောက်ခံပွဲမှာ လူအင်အား ၃၀၀၀ လောက် တက်ရောက်ခဲ့ကြတာဖြစ်ပြီး ၂၀၀၈ ခြေ/ဥ ပြင်ဆင်ဖို့ ဝိုင်းဝန်းထောက်ခံကြစို့ စတဲ့ ဗီနိုင်းတွေကိုကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြပါတယ်။ေ ခုလို ထောက်ခံပွဲတွေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ အပါအဝင် အခြားမြို့တွေမှာလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

သတင်း-ရီရီထွန်း (မြင်းခြံ)၊ ဓာတ်ပုံ အေးချမ်းနိုင်




Zawgyi Version

ဖြဲ႕စည္းပုံျပင္ဆင္ေရး ေထာက္ခံႀကိဳဆိုပြဲ ျမင္းၿခံတြင္ ျပဳလုပ္

ရီရီထြန္း

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ၄၅. ဦးေကာ္မတီက တင္သြင္းလာတဲ့ အစီရင္ခံစာ ေထာက္ခံႀကိဳဆိုပြဲကို ဒီကေန႔ ၾသဂုတ္ ၈ ရက္ မနက္ပိုင္းက ျမင္းၿခံၿမိဳ႕ မဏိကၪၥာနာခန္းမေရွ႕ရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ရင္ျပင္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ဒီကေန႔ႀကိဳဆိုပြဲမွာ စာေရးဆရာ ထင္လင္းဦး ႏွင့္ ဆရာညီမင္းညိဳတို႔က ဖြဲ႕စည္းပုံအေျခခံဥပေဒမွာပါရွိတဲ့ ပုဒ္မေတြကို ျပင္ဆင္ဖို႔ ဘာေၾကာင့္ လိုအပ္တယ္ဆိုတာ ေဟာေျပာခဲ့ၾကပါတယ္။

ဒီေထာက္ခံပြဲမွာ လူအင္အား ၃၀၀၀ ေလာက္ တက္ေရာက္ခဲ့ၾကတာျဖစ္ၿပီး ၂၀၀၈ ေျခ/ဥ ျပင္ဆင္ဖို႔ ဝိုင္းဝန္းေထာက္ခံၾကစို႔ စတဲ့ ဗီႏိုင္းေတြကိုကိုင္ေဆာင္ကာ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။ေ ခုလို ေထာက္ခံပြဲေတြကို ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း၊ မုံ႐ြာ အပါအဝင္ အျခားၿမိဳ႕ေတြမွာလည္း က်င္းပျပဳလုပ္ခဲ့ၾကပါတယ္။

သတင္း-ရီရီထြန္း (ျမင္းၿခံ)၊ ဓာတ္ပုံ ေအးခ်မ္းႏိုင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013