DVB Logo
Home
မြန်မာသတင်း
အင်္ဂပူ၊ ညောင်ပင်သာ အလယ်တန်းကျောင်းခွဲ ဆရာ မလုံလောက်၍ သင်ကြားရေး အခက်ကြုံ
DVB
·
August 7, 2019
အင်္ဂပူ၊ ညောင်ပင်သာ အလယ်တန်းကျောင်းခွဲ ဆရာ မလုံလောက်၍ သင်ကြားရေး အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ထဲက ညောင်ပင်သာ အလယ်တန်းကျောင်းခွဲမှာ ဆရာ၊ ဆရာမတွေ ရာထူးတိုးပြောင်းရွှေ့တာတွေနဲ့ ယာယီပြောင်းရွှေ့တာတွေကြောင့် ကျောင်းသားတွေ စာသင်ကြားမှု အခက်အခဲ ဖြစ်ပေါ်နေကြရပါတယ်။

အလယ်တန်းပြအဖြစ် ဆရာ၊ ဆရာမ အင်အားဟာ ၅ ဦးရှိရမှာဖြစ်ပြီး လက်ရှိမှာ ကျောင်းဆရာတဦးက ရာထူးတိုး ပြောင်းရွှေ့သွားတာရယ်၊ ဆရာမတဦးက ယာယီကျောင်းပြောင်းတာတွေကြောင့် ကျောင်းသားတွေကို အချိန်ပြည့် စာသင်ကြားတာ မလုပ်ဆောင်နိုင်ကြလို့ ကျောင်းသားမိဘတွေက ကလေးတွေအတွက် စိုးရိမ်နေကြရပါတယ်။ 

ညောင်ပင်သာ အ.လ.က ခွဲကျောင်းမှာ အလယ်တန်းအဆင့်မှာ ကျောင်းသားအင်အား ၁၀၀ ကျော် တက်ရောက်နေပြီး မူလတန်းအဆင့်မှာလည်း ကျောင်းဆရာ လုံလောက်မှု မရှိတာကြောင့် စာသင်ကြားရေးတွေမှာ နောက်ကျနေကြရပါတယ်။

အင်္ဂပူမြို့နယ်  ညောင်ပင်သာရွာက ကျောင်းသားမိဘ ကိုသက်ဇင်က “ကျနော်တို့ကျောင်းမှာ အလယ်တန်းပြအနေနဲ့ ၅ ဦးရှိရမှာကို ၂ ဦး ပြောင်းတယ်၊ တဦးက ရာထူးတိုးတယ်။ တဦးကတော့ ထူးကြီးမြို့အုပ်ချုပ်ရေးမှူးဇနီးက ခွင့် ၂၆ ရက်ပျက်လို့ မြို့နယ်ပညာရေးမှူး သွားပြောတယ်။ ၃ ရက်မြောက်မှာပဲ ယာယီပြောင်းခွင့်ဆိုပြီး ခရိုင်က စာထွက်လာတယ်။ အဲဒီတော့ ကျောင်းသားတွေအတွက် စာသင်ကြားမှုအပိုင်း အခက်အခဲ ဖြစ်သွားတယ် စိုးရိမ်နေရတာပေါ့။ ကျနော်တို့ရွာတွေက ဆင်းရဲသားအများစု ဖြစ်နေတော့ ကျောင်းပြောင်းထားဖို့လည်း မဖြစ်နိုင်ဘူးလေ။ ခုလို ဆရာ၊ ဆရာမ မလုံလောက်တဲ့ကြားမှာ ယာယီပြောင်းခွင့်ပေးလိုက်တာကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြန်သုံးသပ်ပေးတာနဲ့ ဆရာ၊ ဆရာမ အင်အားချထားပေးတာတွေ လုပ်ဆောင်ပေးစေချင်တယ်” လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်မှာ အ.ထ.က ၁၃ ကျောင်း၊ အ.ထ.ကခွဲ ၁၁ ကျောင်း၊ အ.လ.က ၁၄ ကျောင်း၊ အ.လ.ကခွဲ ၁၆ ကျောင်း၊ မူလွန် ၁၄ ကျောင်း၊ အ.မ.က ၁၉၉ ကျောင်း၊ အ.မ.ကခွဲ ၆ ကျောင်း၊ ဘက ၄ ကျောင်း အပြင်ကျောင်း ၁ ကျောင်းရှိနေတာပါ။ ဆရာ၊ ဆရာမ အင်အား ၁၅၀၀ ကျော်နဲ့ ပညာသင်ကြားတာတွေ ပြုလုပ်နေကြတာပါ။

အင်္ဂပူမြို့နယ်  ညောင်ပင်သာကျောင်း ကျောင်းအကျိုးတော်ဆောင် ဦးမောင်မောင်က “ဆရာ၊ ဆရာမတွေကို ရွာကလည်း ပံ့ပိုးပါတယ်။ နေမှု၊ စားမှုက စပြီးတော့ နေရာတွေလည်း အဆင်သင့်ရှိ တယ်။ သူတို့ကိုက မနေကြတာလေ။ အင်အားမရှိရတဲ့အထဲ ယာယီဆိုပြီး ပြောင်းတော့ ပိုဆိုးတာပေါ့။ မြို့နယ်ပညာရေးမှူးကို အကြိမ်ကြိမ် သွားတောင်းဆိုတယ်။ ဒါပေမဲ့ မရဘူး။ ခုတော့ ကလေးတွေ အခက်အခဲဖြစ်နေကြပါပြီပေါ့” လို့ ပြောပါတယ်။

ယာယီပြောင်းရွှေ့သွားတဲ့ ဆရာမကို ပြန်လည်သုံးသပ်ဖို့နဲ့ ဆရာ၊ ဆရာမ အင်အား အမြန်ပြန်လည်ချထားဖို့ကို ကျေးရွာတွင်းက ကျောင်းသားမိဘတွေနဲ့ ကျောင်းကော်မတီတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၊ ပညာရေးဝန်ကြီး၊ တိုင်းဝန်ကြီးချုပ်၊ တိုင်းလူမူရေးဝန်ကြီးတို့ဆီကို စာတင်တောင်းဆိုထားကြပါတယ်။

အင်္ဂပူမြို့နယ် မြို့နယ်ပညာရေးမှူး ဦးသက်လွင်က “ဆရာ၊ ဆရာမ အင်အားကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်နေတာပါ။ ခုညောင်ပင်သာကလည်း ဆရာတဦးက ရာထူးတိုးတယ်။ ဆရာမတဦးခရိုင်က အခြားတနေရာကို ယာယီဆိုပြီး အမိန့်ထုတ်တယ်။ အဲကကျောင်းအုပ်ကြီးက တင်ပြတဲ့စာနဲ့ ဆရာ၊ ဆရာမတွေ အစားရဖို့ ခရိုင်နဲ့တိုင်းကို တင်ပြဖို့ စီစဉ်ဆောက်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ညောင်ပင်သာ အလကခွဲကျောင်းမှာတော့ အထွေထွေလုပ်သားတဦး၊ မူလတန်းပြ ဆရာတဦး၊ အလယ်တန်းပြနှစ်ဦး လိုအပ်နေပြီး ကျောင်းသားတွေရဲ့ စာသင်ကြားမှုတွေ အခြားကျောင်းတွေထက် နောက်ကျနေရတာပါ။

သတင်း - သန်းထိုက်မြင့်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အဂၤပူ၊ ေညာင္ပင္သာ အလယ္တန္းေက်ာင္းခြဲ ဆရာ မလုံေလာက္၍ သင္ၾကားေရး အခက္ႀကဳံ

DVB

ဧရာဝတီတိုင္း၊ အဂၤပူၿမိဳ႕နယ္ထဲက ေညာင္ပင္သာ အလယ္တန္းေက်ာင္းခြဲမွာ ဆရာ၊ ဆရာမေတြ ရာထူးတိုးေျပာင္းေ႐ႊ႕တာေတြနဲ႔ ယာယီေျပာင္းေ႐ႊ႕တာေတြေၾကာင့္ ေက်ာင္းသားေတြ စာသင္ၾကားမႈ အခက္အခဲ ျဖစ္ေပၚေနၾကရပါတယ္။

အလယ္တန္းျပအျဖစ္ ဆရာ၊ ဆရာမ အင္အားဟာ ၅ ဦးရွိရမွာျဖစ္ၿပီး လက္ရွိမွာ ေက်ာင္း ဆရာတဦးက ရာထူးတိုး ေျပာင္းေ႐ႊ႕သြားတာရယ္၊ ဆရာမတဦးက ယာယီေက်ာင္းေျပာင္းတာေတြေၾကာင့္ ေက်ာင္းသားေတြကို အခ်ိန္ျပည့္ စာသင္ၾကားတာ မလုပ္ေဆာင္ႏိုင္ၾကလို႔ ေက်ာင္းသားမိဘေတြက ကေလးေတြအတြက္ စိုးရိမ္ေနၾကရပါတယ္။

ေညာင္ပင္သာ အ.လ.က ခြဲေက်ာင္းမွာ အလယ္တန္းအဆင့္မွာ ေက်ာင္းသားအင္အား ၁၀၀ ေက်ာ္ တက္ေရာက္ေနၿပီး မူလတန္းအဆင့္မွာလည္း ေက်ာင္းဆရာ လုံေလာက္မႈ မရွိတာေၾကာင့္ စာသင္ၾကားေရးေတြမွာ ေနာက္က်ေနၾကရပါတယ္။

အဂၤပူၿမိဳ႕နယ္  ေညာင္ပင္သာ႐ြာက ေက်ာင္းသားမိဘ ကိုသက္ဇင္က “က်ေနာ္တို႔ေက်ာင္းမွာ အလယ္တန္းျပအေနနဲ႔ ၅ ဦးရွိရမွာကို ၂ ဦး ေျပာင္းတယ္၊ တဦးက ရာထူးတိုးတယ္။ တဦးကေတာ့ ထူးႀကီးၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးဇနီးက ခြင့္ ၂၆ ရက္ပ်က္လို႔ ၿမိဳ႕နယ္ပညာေရးမႉး သြားေျပာတယ္။ ၃ ရက္ေျမာက္မွာပဲ ယာယီေျပာင္းခြင့္ဆိုၿပီး ခ႐ိုင္က စာထြက္လာတယ္။ အဲဒီေတာ့ ေက်ာင္းသားေတြအတြက္ စာသင္ၾကားမႈအပိုင္း အခက္အခဲ ျဖစ္သြားတယ္ စိုးရိမ္ေနရတာေပါ့။ က်ေနာ္တို႔႐ြာေတြက ဆင္းရဲသားအမ်ားစု ျဖစ္ေနေတာ့ ေက်ာင္းေျပာင္းထားဖို႔လည္း မျဖစ္ႏိုင္ဘူးေလ။ ခုလို ဆရာ၊ ဆရာမ မလုံေလာက္တဲ့ၾကားမွာ ယာယီေျပာင္းခြင့္ေပးလိုက္တာကိုလည္း သက္ဆိုင္ရာဝန္ႀကီးဌာနအေနနဲ႔ ျပန္သုံးသပ္ေပးတာနဲ႔ ဆရာ၊ ဆရာမ အင္အားခ်ထားေပးတာေတြ လုပ္ေဆာင္ေပးေစခ်င္တယ္” လို႔ ေျပာပါတယ္။

အဂၤပူၿမိဳ႕နယ္မွာ အ.ထ.က ၁၃ ေက်ာင္း၊ အ.ထ.ကခြဲ ၁၁ ေက်ာင္း၊ အ.လ.က ၁၄ ေက်ာင္း၊ အ.လ.ကခြဲ ၁၆ ေက်ာင္း၊ မူလြန္ ၁၄ ေက်ာင္း၊ အ.မ.က ၁၉၉ ေက်ာင္း၊ အ.မ.ကခြဲ ၆ ေက်ာင္း၊ ဘက ၄ ေက်ာင္း အျပင္ေက်ာင္း ၁ ေက်ာင္းရွိေနတာပါ။ ဆရာ၊ ဆရာမ အင္အား ၁၅၀၀ ေက်ာ္နဲ႔ ပညာသင္ၾကားတာေတြ ျပဳလုပ္ေနၾကတာပါ။

အဂၤပူၿမိဳ႕နယ္  ေညာင္ပင္သာေက်ာင္း ေက်ာင္းအက်ိဳးေတာ္ေဆာင္ ဦးေမာင္ေမာင္က “ဆရာ၊ ဆရာမေတြကို ႐ြာကလည္း ပံ့ပိုးပါတယ္။ ေနမႈ၊ စားမႈက စၿပီးေတာ့ ေနရာေတြလည္း အဆင္သင့္ရွိ တယ္။ သူတို႔ကိုက မေနၾကတာေလ။ အင္အားမရွိရတဲ့အထဲ ယာယီဆိုၿပီး ေျပာင္းေတာ့ ပိုဆိုးတာေပါ့။ ၿမိဳ႕နယ္ပညာေရးမႉးကို အႀကိမ္ႀကိမ္ သြားေတာင္းဆိုတယ္။ ဒါေပမဲ့ မရဘူး။ ခုေတာ့ ကေလးေတြ အခက္အခဲျဖစ္ေနၾကပါၿပီေပါ့” လို႔ ေျပာပါတယ္။

ယာယီေျပာင္းေ႐ႊ႕သြားတဲ့ ဆရာမကို ျပန္လည္သုံးသပ္ဖို႔နဲ႔ ဆရာ၊ ဆရာမ အင္အား အျမန္ျပန္လည္ခ်ထားဖို႔ကို ေက်း႐ြာတြင္းက ေက်ာင္းသားမိဘေတြနဲ႔ ေက်ာင္းေကာ္မတီေတြက စုေပါင္းလက္မွတ္ေရးထိုးၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံေတာ္သမၼတ၊ ပညာေရးဝန္ႀကီး၊ တိုင္းဝန္ႀကီးခ်ဳပ္၊ တိုင္းလူမူေရးဝန္ႀကီးတို႔ဆီကို စာတင္ေတာင္းဆိုထားၾကပါတယ္။

အဂၤပူၿမိဳ႕နယ္ ၿမိဳ႕နယ္ပညာေရးမႉး ဦးသက္လြင္က “ဆရာ၊ ဆရာမ အင္အားကေတာ့ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ လိုအပ္ေနတာပါ။ ခုေညာင္ပင္သာကလည္း ဆရာတဦးက ရာထူးတိုးတယ္။ ဆရာမတဦးခ႐ိုင္က အျခားတေနရာကို ယာယီဆိုၿပီး အမိန႔္ထုတ္တယ္။ အဲကေက်ာင္းအုပ္ႀကီးက တင္ျပတဲ့စာနဲ႔ ဆရာ၊ ဆရာမေတြ အစားရဖို႔ ခ႐ိုင္နဲ႔တိုင္းကို တင္ျပဖို႔ စီစဥ္ေဆာက္႐ြက္ေနပါတယ္” လို႔ ေျပာပါတယ္။

ေညာင္ပင္သာ အလကခြဲေက်ာင္းမွာေတာ့ အေထြေထြလုပ္သားတဦး၊ မူလတန္းျပ ဆရာတဦး၊ အလယ္တန္းျပႏွစ္ဦး လိုအပ္ေနၿပီး ေက်ာင္းသားေတြရဲ႕ စာသင္ၾကားမႈေတြ အျခားေက်ာင္းေတြထက္ ေနာက္က်ေနရတာပါ။

သတင္း - သန္းထိုက္ျမင့္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013