DVB Logo
Home
မြန်မာသတင်း
ကော့သောင်းမြို့ နေအိမ် အနုကြမ်းစီးသူအား ဖမ်းမိ
DVB
·
August 7, 2019
ကော့သောင်းမြို့ နေအိမ် အနုကြမ်းစီးသူအား ဖမ်းမိ
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာမှာ သိန်း ၆၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ အနုကြမ်းစီးခဲ့သူကို သြဂုတ် ၆ ရက်နေ့က ဖမ်းဆီးရမိပြီလို့ ကော့သောင်းရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ရွှေထည်ပစ္စည်းတွေရဲ့ ပိုင်ရှင်ဖြစ်သူ ဦးအောင်စိုးရဲ့ တိုင်ကြားချက်အရ ရာဇသတ်ကြီးပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်ထားသူ ဝေဠု (၄၈-နှစ်)အား ညတွင်းချင်း ရမန်ယူပြီး ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဝေဠုရဲ့ ထွက်ဆိုချက်အရ သူ နေထိုင်တဲ့ မစိုးရိမ်ကျောင်းတိုက်အနီး နေအိမ်ဘေး ဘိလပ်မြေအိတ်နဲ့ ထည့်ထားတဲ့ သဲအိတ်အတွင်း လုယက်မှု ကျူးလွန်ရာမှာ ယူဆောင်လာတဲ့ ရွှေထည်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါယယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဦးက “အခင်းဖြစ်တဲ့နေ့က ကျနော်တို့နဲ့အတူ သူလည်း ရှိနေတယ်။ ည ၁၁ နာရီအချိန် မိုးကလည်း ရွာထားလို့ တအားချမ်းနေလို့ ကျနော်တို့က အနွေးထည် ဝတ်ထားရတဲ့အချိန်မှာ သူက စွပ်ကျယ်နဲ့ ‌ချွေးထွက်နေတယ်ဆိုတော့ ရဲစခန်းမှူးနဲ့ တိုင်ပင်ပြီး သူ့ကို သံသယတရားခံအနေနဲ့ ဖမ်းလိုက်တာ၊ တရားခံအမှန်က သူ ဖြစ်နေတယ်” လို့ ပြောပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော့သောင်းမြို့ မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက “ဒီဖြစ်စဉ်မှာ ကျူးလွန်သူက တယောက်တည်း ဖြစ်နေတဲ့အတွက် ကျနော်တို့ ပုဒ်မမပြောင်းပါဘူ။ တရားစွဲဆို အပြစ်ပေးနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

သတင်း - လတ်ကိုကိုဦး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေကာ့ေသာင္းၿမိဳ႕ ေနအိမ္ အႏုၾကမ္းစီးသူအား ဖမ္းမိ

တနသၤာရီတိုင္း ေကာ့ေသာင္းၿမိဳ႕ ဆယ္မိုင္ေက်း႐ြာမွာ သိန္း ၆၀၀ ခန႔္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းေတြ အႏုၾကမ္းစီးခဲ့သူကို ၾသဂုတ္ ၆ ရက္ေန႔က ဖမ္းဆီးရမိၿပီလို႔ ေကာ့ေသာင္းရဲတပ္ဖြဲ႕စခန္းက ေျပာပါတယ္။

ေ႐ႊထည္ပစၥည္းေတြရဲ႕ ပိုင္ရွင္ျဖစ္သူ ဦးေအာင္စိုးရဲ႕ တိုင္ၾကားခ်က္အရ ရာဇသတ္ႀကီးပုဒ္မ ၃၉၂ နဲ႔ အမႈဖြင့္ထားသူ ေဝဠဳ (၄၈-ႏွစ္)အား ညတြင္းခ်င္း ရမန္ယူၿပီး ဖမ္းဆီးစစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။

ေဝဠဳရဲ႕ ထြက္ဆိုခ်က္အရ သူ ေနထိုင္တဲ့ မစိုးရိမ္ေက်ာင္းတိုက္အနီး ေနအိမ္ေဘး ဘိလပ္ေျမအိတ္နဲ႔ ထည့္ထားတဲ့ သဲအိတ္အတြင္း လုယက္မႈ က်ဴးလြန္ရာမွာ ယူေဆာင္လာတဲ့ ေ႐ႊထည္ပစၥည္းေတြကို သိမ္းဆည္းရမိခဲ့ပါယယ္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဦးက “အခင္းျဖစ္တဲ့ေန႔က က်ေနာ္တို႔နဲ႔အတူ သူလည္း ရွိေနတယ္။ ည ၁၁ နာရီအခ်ိန္ မိုးကလည္း ႐ြာထားလို႔ တအားခ်မ္းေနလို႔ က်ေနာ္တို႔က အေႏြးထည္ ဝတ္ထားရတဲ့အခ်ိန္မွာ သူက စြပ္က်ယ္နဲ႔ ‌ေခြၽးထြက္ေနတယ္ဆိုေတာ့ ရဲစခန္းမႉးနဲ႔ တိုင္ပင္ၿပီး သူ႔ကို သံသယတရားခံအေနနဲ႔ ဖမ္းလိုက္တာ၊ တရားခံအမွန္က သူ ျဖစ္ေနတယ္” လို႔ ေျပာပါတယ္။

အမႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေကာ့ေသာင္းၿမိဳ႕ ၿမိဳ႕မရဲတပ္ဖြဲ႕စခန္း တာဝန္ရွိသူတဦးက “ဒီျဖစ္စဥ္မွာ က်ဴးလြန္သူက တေယာက္တည္း ျဖစ္ေနတဲ့အတြက္ က်ေနာ္တို႔ ပုဒ္မမေျပာင္းပါဘူ။ တရားစြဲဆို အျပစ္ေပးႏိုင္ဖို႔အတြက္ ဆက္လက္ေဆာင္႐ြက္သြားမယ္” လို႔ ေျပာပါတယ္။

သတင္း - လတ္ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013