DVB Logo
Home
မြန်မာသတင်း
ကမ်းနားလမ်း ညဈေး အောင်မြင်အောင် လုပ်မည်ဟု ရန်ကုန်မြို့တော်ဝန်ပြော
DVB
·
August 6, 2019
ကမ်းနားလမ်း ညဈေး အောင်မြင်အောင် လုပ်မည်ဟု ရန်ကုန်မြို့တော်ဝန်ပြော
Donate to DVB

ရန်ကုန် ကမ်းနားလမ်းက ညဈေးကို စက်တင်ဘာလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အောင်မြင်အောင် လုပ်သွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ရန်ကုန်မြို့ မြို့တော်ခန်းမှာ သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ အခုလို ပြောဆိုသွားတာပါ။

ရန်ကုန် ကမ်းနားလမ်း ညဈေးတန်းကို ကျပ်နှစ်ဘီလီယံကျော် အကုန်ကျခံပြီး ပြန်လည် အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။

ညဈေးတန်း ပြန်လည်အဆင့်မြှင့်တင်တာကို A25 Myanmar Development ကုမ္ပဏီနဲ့ PPP (Public Private Partne-rship) စနစ်နဲ့ ဆောင်ရွက်သွားမှာပါ။

ရန်ကုန်မြို့တော်ဝန်က “ရှေ့လမှာ စပြီး ဖွင့်မယ်။ လိုအပ်တာတွေ ပြင်ဆင်ရင်း အောင်မြင်အောင် လုပ်သွားမှာပါ” လို့ ပြောပါတယ်။

ကမ်းနားလမ်း ညဈေးကို ဇုန်အလိုက် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိ ဆိုင်ဖွင့်လှစ်ထားတဲ့ ဈေးသည် ၇၀ ကျော်နဲ့ အဟောင်းရောင်းချတဲ့ ဈေးသည်တွေကို ပြန်လည်နေရာချပေးမှာပါ။

အများပြည်သူတွေအတွက် ကားပါကင်တွေလည်း ထည့်သွင်းထားပြီး ကွန်တိန်နာ စားသောက်ဆိုင်တန်းလည်း ပါဝင်မယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

 

ကမ္းနားလမ္း ညေဈး ေအာင္ျမင္ေအာင္ လုပ္မည္ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္ေျပာ

DVB

ရန္ကုန္ ကမ္းနားလမ္းက ညေဈးကို စက္တင္ဘာလမွာ စတင္ဖြင့္လွစ္မွာျဖစ္ၿပီး ေအာင္ျမင္ေအာင္ လုပ္သြားမယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမွာ ၾသဂုတ္လ ၅ ရက္ေန႔က ျပဳလုပ္တဲ့ မီဒီယာေတြ႕ဆုံပြဲမွာ အခုလို ေျပာဆိုသြားတာပါ။

ရန္ကုန္ ကမ္းနားလမ္း ညေဈးတန္းကို က်ပ္ႏွစ္ဘီလီယံေက်ာ္ အကုန္က်ခံၿပီး ျပန္လည္ အဆင့္ျမႇင့္တင္မွာ ျဖစ္ပါတယ္။

ညေဈးတန္း ျပန္လည္အဆင့္ျမႇင့္တင္တာကို A25 Myanmar Development ကုမၸဏီနဲ႔ PPP (Public Private Partne-rship) စနစ္နဲ႔ ေဆာင္႐ြက္သြားမွာပါ။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္က “ေရွ႕လမွာ စၿပီး ဖြင့္မယ္။ လိုအပ္တာေတြ ျပင္ဆင္ရင္း ေအာင္ျမင္ေအာင္ လုပ္သြားမွာပါ” လို႔ ေျပာပါတယ္။

ကမ္းနားလမ္း ညေဈးကို ဇုန္အလိုက္ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး လက္ရွိ ဆိုင္ဖြင့္လွစ္ထားတဲ့ ေဈးသည္ ၇၀ ေက်ာ္နဲ႔ အေဟာင္းေရာင္းခ်တဲ့ ေဈးသည္ေတြကို ျပန္လည္ေနရာခ်ေပးမွာပါ။

အမ်ားျပည္သူေတြအတြက္ ကားပါကင္ေတြလည္း ထည့္သြင္းထားၿပီး ကြန္တိန္နာ စားေသာက္ဆိုင္တန္းလည္း ပါဝင္မယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013