DVB Logo
Home
မြန်မာသတင်း
ကျိုက်သလ္လံဘုရား ပြုပြင်ရန် လိုအပ်သည့်အလှူငွေ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် စတင်ကောက်ခံ
DVB
·
August 3, 2019
ကျိုက်သလ္လံဘုရား ပြုပြင်ရန် လိုအပ်သည့်အလှူငွေ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် စတင်ကောက်ခံ
Donate to DVB

မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ကျိုက်သလ္လံဘုရား ရင်တော်ပြန်လည် ပြုပြင်ဖို့အတွက် လိုအပ်နေတဲ့ အလှူငွေကို မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးမှာ ကောက်ခံသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ကပြောပါတယ်။

  မော်လမြိုင်မြို့ရဲ့ သမိုင်း ကျိုက်သလ္လံစေတီ ရင်ပြင်တော်ဟာပြီးခဲ့တဲ့နှစ် ဇွန်လက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပြန်လည် ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတာပါ။ 

ဒီလို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်နေတဲ့ အလှူငွေ ကျပ်သိန်း ၂၀၀၀၀ နီးပါးအတွက် မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးမှာ အလှူငွေကောက်ခံသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။

  လက်ရှိမှာတော့ ကျိုက်သလ္လံစေတီကို ရိုက်တန်နလီမြန်မာ ကုမ္ပဏီက ကျပ်  ၁ ဒသမ၈ ဘီလံယံနဲ့ တင်ဒါ အောင်မြင်ပြီး ပြန်လည် ပြုပြင်နေတာပါ။ 

ဒီလိုပြုပြင်ရာမှာ ဇူလိုင်လကုန်အထိ ၂၆ ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီဖြစ်ပေမယ့် ဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူဖို့အထိ ကျပ် ၂ ဘီလီယံနီးပါး လိုအပ်နေတာပါ

။လိုအပ်နေတဲ့ အလှူငွေတွေကို ဘုရားဂေါပကနဲ့ မွန်ပြည်နယ်သဘင်အစည်းအရုံးတို့က သြဂုတ် ၂ ရက်နေ့မှာ မော်လမြိုင်မြို့အတွင်း စတင်အလှူခံနေတာပါ။

မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ ကျိုက်သလ္လံဘုရား ပြုပြင်ဖို့ လိုအပ်နေတဲ့အလှူငွေကို ပါဝင် လှူဒါန်းပေးကြဖို့ တိုက်တွန်းထားပါတယ်။ ကျိုက်သလ္လံ ရင်တော် ပြုပြင်မှုကို အခုနှစ်အတွင်း အပြီးလုပ်ဆောင်ဖို့ အစိုးရအဖွဲ့က ရည်းမှန်းထားတာပါ။ 

ဇော်လွင်ထွဋ်




က်ိဳက္သလႅံဘုရား ျပဳျပင္ရန္ လိုအပ္သည့္အလႉေငြ မြန္ျပည္နယ္ ၁၀ ၿမိဳ႕နယ္တြင္ စတင္ေကာက္ခံ

DVB

မိုး႐ြာသြန္းမႈေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့တဲ့ က်ိဳက္သလႅံဘုရား ရင္ေတာ္ျပန္လည္ ျပဳျပင္ဖို႔အတြက္ လိုအပ္ေနတဲ့ အလႉေငြကို မြန္ျပည္နယ္ ၁၀ ၿမိဳ႕နယ္စလုံးမွာ ေကာက္ခံသြားမယ္လို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႕ကေျပာပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ သမိုင္း က်ိဳက္သလႅံေစတီ ရင္ျပင္ေတာ္ဟာၿပီးခဲ့တဲ့ႏွစ္ ဇြန္လက မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ၿပိဳက်ပ်က္စီးခဲ့တာျဖစ္ၿပီး အခုအခါမွာေတာ့ ျပန္လည္ ျပဳျပင္ေရးလုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္ေနတာပါ။

ဒီလို ေဆာင္႐ြက္တဲ့ေနရာမွာ လိုအပ္ေနတဲ့ အလႉေငြ က်ပ္သိန္း ၂၀၀၀၀ နီးပါးအတြက္ မြန္ျပည္နယ္ ၁၀ ၿမိဳ႕နယ္စလုံးမွာ အလႉေငြေကာက္ခံသြားမယ္လို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္သန္းဝင္းက ေျပာပါတယ္။

လက္ရွိမွာေတာ့ က်ိဳက္သလႅံေစတီကို ႐ိုက္တန္နလီျမန္မာ ကုမၸဏီက က်ပ္  ၁ ဒသမ၈ ဘီလံယံနဲ႔ တင္ဒါ ေအာင္ျမင္ၿပီး ျပန္လည္ ျပဳျပင္ေနတာပါ။

ဒီလိုျပဳျပင္ရာမွာ ဇူလိုင္လကုန္အထိ ၂၆ ရာခိုင္ႏႈန္းအထိ ၿပီးစီးသြားၿပီျဖစ္ေပမယ့္ ဘုရားႀကီး လုံးေတာ္ျပည့္ ေ႐ႊသကၤန္း ကပ္လႉဖို႔အထိ က်ပ္ ၂ ဘီလီယံနီးပါး လိုအပ္ေနတာပါ

။လိုအပ္ေနတဲ့ အလႉေငြေတြကို ဘုရားေဂါပကနဲ႔ မြန္ျပည္နယ္သဘင္အစည္းအ႐ုံးတို႔က ၾသဂုတ္ ၂ ရက္ေန႔မွာ ေမာ္လၿမိဳင္ၿမိဳ႕အတြင္း စတင္အလႉခံေနတာပါ။

မြန္ျပည္နယ္ အစိုးရအဖြဲ႕ကေတာ့ က်ိဳက္သလႅံဘုရား ျပဳျပင္ဖို႔ လိုအပ္ေနတဲ့အလႉေငြကို ပါဝင္ လႉဒါန္းေပးၾကဖို႔ တိုက္တြန္းထားပါတယ္။ က်ိဳက္သလႅံ ရင္ေတာ္ ျပဳျပင္မႈကို အခုႏွစ္အတြင္း အၿပီးလုပ္ေဆာင္ဖို႔ အစိုးရအဖြဲ႕က ရည္းမွန္းထားတာပါ။

ေဇာ္လြင္ထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013