DVB Logo
Home
ကျန်းမာရေး
ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းများ
DVB
·
August 3, 2019
ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းများ
Donate to DVB

ခုတလော လူတကာနှုတ်ဖျားမှာ ခေတ်စားနေတာက ဆင်တုပ်ကွေးလို့ခေါ်တဲ့ (Chikungunya) ပါ။ ဒီတုပ်ကွေးကို နာမည်သာကြားဖူးနေတယ်၊ ဘာရယ်လို့ သေသေချာချာမသိဘူး ဆိုပြီးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ ဒါတွေကို ဇဝေဇဝါဖြစ်နေလား
ဆင်တုပ်ကွေးက အခုတလောတော်တော်များများဖြစ်နေကြတာပါ။ ခြင်ကနေတဆင့်ဖြစ်တဲ့ရောဂါပေါ့။

ကာကွယ်ဆေးထိုးထားရင် ဆင်တုပ်ကွေးမဖြစ်တော့ဘူးမှတ်လား……..

ကာကွယ်ဆေးက ရာသီတုပ်ကွေးကိုပဲကာကွယ်နိုင်တာပါ။ ဆင်တုပ်ကွေးရောဂါပိုးကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် တုပ်ကွေး ကာကွယ်ဆေးထိုးထားတာပဲဆိုပြီး ခပ်ပေါ့ပေါ့မနေစေချင်ပါဘူး။

လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်လား……..

ဆင်တုပ်ကွေးက ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရမှုကနေတဆင့်ပဲ ကူးစက်တာပါ။ ရောဂါခံစားနေရတဲ့လူကို ကိုင်တွယ်ထိတွေ့မိတာကြောင့် မကူးစက်နိုင်ပါဘူး။ တုပ်ကွေးဆိုပေမယ့် လေထဲကနေ ကူးစက်တာမျိုးလည်း မရှိပါဘူး။

ဆင်တုပ်ကွေးဖြစ်ရင်ရေချိုးလို့ရလား……

ဆင်တုပ်ကွေးဖြစ်တဲ့အခါ ရေနွေးနွေးလေးနဲ့ချိုးပေးတာက ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို သက်သာစေမှာ အသေအချာပါ။

နို့တိုက်မေမေဆင်တုပ်ကွေးဖြစ်ရင် ဘေဘီလေးကိုနို့တိုက်လို့ရလား….

ဆင်တုပ်ကွေးရောဂါပိုးက မိခင်နို့ကနေတဆင့် မကူးစက်နိုင်ပါဘူး။ ဒါကြောင့် ဆင်တုပ်ကွေးရှိနေရင်တောင် ဘေဘီလေးကို မိခင်နို့ဆက်တိုက်ပါ။

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက သက်သာပါ့မလား…….

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက အဖျားသက်သာမှုနဲ့အတူ တဖြည်းဖြည်းချင်းသက်သာသွားမှာပါ။

အဖျားပျောက်ပေမယ့် အဆစ်အမြစ်တွေကိုက်တာကကျန်ခဲ့မှာလား…….

အဖျားပျောက်ပေမယ့် အဆစ်တွေကိုက်တာက လနဲ့ချီပြီး ကျန်ခဲ့နိုင်သလို အချို့တွေမှာဆိုရင် ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနာကျင်မှုက တစ်နှစ်လောက်အထိကြာတာမျိုးတောင်ဖြစ်နိုင်ပါတယ်။

ဆင်တုပ်ကွေးကဘယ်လောက်ကြာရင် ပြန်ကောင်းမှာလဲ……

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေက ၃ ရက်ကနေ ၁၀ ရက်အတွင်းမှာ တဖြည်းဖြည်းချင်းသက်သာလာမှာပါ။

ဆင်တုပ်ကွေးဖြစ်ရင် အစားရှောင်ဖို့လိုမလား….

ဆင်တုပ်ကွေးဖြစ်တဲ့အခါ အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ အထူးသဖြင့်တော့ ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေနဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို များများလေးစားပေးပါ။

ဆင်တုပ်ကွေး ကာကွယ်ဆေးရှိလား……..

လက်ရှိအချိန်ကာလအထိ ဆင်တုပ်ကွေးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ ဆင်တုပ်ကွေးကို ဖြစ်လာမှပဲ ကုသလို့ရမှာပါ။

ဆင်တုပ်ကွေးက အခြားတုပ်ကွေးတွေလိုပဲ လက္ခဏာပြတတ်လား…..

ဟုတ်ကဲ့လို့ပြောပါရစေ။ ရောဂါတိုင်းက လက္ခဏာတစ်ခုလောက်တော့ အနည်းဆုံးပြတတ်စမြဲပါ။ ဆင်တုပ်ကွေး စဖြစ်ဖြစ်ချင်းမှာ ကိုယ်ပူမယ်။ အဆစ်အမြစ်တွေကိုက်ခဲမယ်။ နောက်ပိုင်းရက်တွေမှာ ခန္ဓာကိုယ်မှာ အားမရှိသလိုဖြစ်ပြီး နုံးတာ၊ ကြွက်သားတွေနာကျင်လာတာ၊ ခေါင်းကိုက်တာနဲ့ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာရင် ဆေးသောက်လိုက်ရင် ပျောက်ရောလား……..

ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ ပြည့်ပြည့်ဝဝအနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။

ဆင်တုပ်ကွေးကသေစေနိုင်လား……

ဆင်တုပ်ကွေးက အဖျားကြီးစေနိုင်တယ်ဆိုပေမယ့် လူကိုသေစေနိုင်တာမျိုးတော့မရှိပါဘူး။ ဆင်တုပ်ကွေးကြောင့်သေဆုံးနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။

ဆင်တုပ်ကွေးကြောင့်အဖျားတက်ရင် အရမ်းမြင့်နိုင်လား…..

ဆင်တုပ်ကွေးကြောင့်အဖျားတက်တဲ့အခါ အဖျားစဝင်စ ပထမရက်နဲ့ ဒုတိယရက်အတွင်းမှာ ကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်အထိမြင့်တက်နိုင်ပြီး နောက်ပိုင်းမှာတော့ပြန်ကျသွားနိုင်ပါတယ်။

ဆင်တုပ်ကွေးကို ကာကွယ်လို့ရလား…….

ဆင်တုပ်ကွေးကို ကာကွယ်ဖို့ ကာကွယ်ဆေးမရှိပေမယ့် ခြင်ကိုက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးသော ကာကွယ်မှုပါ။

ဆင်တုပ်ကွေးကြောင့် အဆစ်တွေကိုက်တာကို သက်သာအောင်လုပ်လို့ရလား….

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေကိုက်တာကမနက်ခင်းပိုင်းမှာ ပိုဆိုးနိုင်ပြီး ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ရေအေးဝတ်ကပ်ပေးလို့ရသလို ရေနွေးနွေးလေးထဲကို ဆားထည့်ပြီး စိမ်ပေးလို့လည်းရပါတယ်။

ေရးသားသူ Aye Thi Mon


ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသ

ည္။




Zawgyi Version

--------------------------
Zawgyi Version
ခုတေလာ လူတကာႏႈတ္ဖ်ားမွာ ေခတ္စားေနတာက ဆင္တုပ္ေကြးလို႔ေခၚတဲ့ (Chikungunya) ပါ။ ဒီတုပ္ေကြးကို နာမည္သာၾကားဖူးေနတယ္၊ ဘာရယ္လို႔ ေသေသခ်ာခ်ာမသိဘူး ဆိုၿပီးျဖစ္ေနလား။ ဒါဆိုရင္ေတာ့ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္လိုက္ပါေနာ္။

ဆင္တုပ္ေကြးနဲ႔ပတ္သက္လို႔ ဒါေတြကို ဇေဝဇဝါျဖစ္ေနလား
ဆင္တုပ္ေကြးက အခုတေလာေတာ္ေတာ္မ်ားမ်ားျဖစ္ေနၾကတာပါ။ ျခင္ကေနတဆင့္ျဖစ္တဲ့ေရာဂါေပါ့။

ကာကြယ္ေဆးထိုးထားရင္ ဆင္တုပ္ေကြးမျဖစ္ေတာ့ဘူးမွတ္လား……..

ကာကြယ္ေဆးက ရာသီတုပ္ေကြးကိုပဲကာကြယ္ႏိုင္တာပါ။ ဆင္တုပ္ေကြးေရာဂါပိုးကို မကာကြယ္ႏိုင္ပါဘူး။ ဒါေၾကာင့္ တုပ္ေကြး ကာကြယ္ေဆးထိုးထားတာပဲဆိုၿပီး ခပ္ေပါ့ေပါ့မေနေစခ်င္ပါဘူး။

လူတစ္ေယာက္ကေန တစ္ေယာက္ကို ကူးစက္ႏိုင္လား……..

ဆင္တုပ္ေကြးက ေရာဂါပိုးသယ္ေဆာင္ထားတဲ့ ျခင္ကိုက္ခံရမႈကေနတဆင့္ပဲ ကူးစက္တာပါ။ ေရာဂါခံစားေနရတဲ့လူကို ကိုင္တြယ္ထိေတြ႕မိတာေၾကာင့္ မကူးစက္ႏိုင္ပါဘူး။ တုပ္ေကြးဆိုေပမယ့္ ေလထဲကေန ကူးစက္တာမ်ိဳးလည္း မရွိပါဘူး။

ဆင္တုပ္ေကြးျဖစ္ရင္ေရခ်ိဳးလို႔ရလား……

ဆင္တုပ္ေကြးျဖစ္တဲ့အခါ ေရေႏြးေႏြးေလးနဲ႔ခ်ိဳးေပးတာက ဆင္တုပ္ေကြးေၾကာင့္ျဖစ္တဲ့ အဆစ္ေတြနဲ႔ႂကြက္သားေတြ နာက်င္ကိုက္ခဲမႈကို သက္သာေစမွာ အေသအခ်ာပါ။

ႏို႔တိုက္ေမေမဆင္တုပ္ေကြးျဖစ္ရင္ ေဘဘီေလးကိုႏို႔တိုက္လို႔ရလား….

ဆင္တုပ္ေကြးေရာဂါပိုးက မိခင္ႏို႔ကေနတဆင့္ မကူးစက္ႏိုင္ပါဘူး။ ဒါေၾကာင့္ ဆင္တုပ္ေကြးရွိေနရင္ေတာင္ ေဘဘီေလးကို မိခင္ႏို႔ဆက္တိုက္ပါ။

ဆင္တုပ္ေကြးေၾကာင့္ျဖစ္တဲ့ အနီေရာင္အဖုအပိမ့္ေတြက သက္သာပါ့မလား…….

ဆင္တုပ္ေကြးေၾကာင့္ျဖစ္တဲ့ အနီေရာင္အဖုအပိမ့္ေတြက အဖ်ားသက္သာမႈနဲ႔အတူ တျဖည္းျဖည္းခ်င္းသက္သာသြားမွာပါ။

အဖ်ားေပ်ာက္ေပမယ့္ အဆစ္အျမစ္ေတြကိုက္တာကက်န္ခဲ့မွာလား…….

အဖ်ားေပ်ာက္ေပမယ့္ အဆစ္ေတြကိုက္တာက လနဲ႔ခ်ီၿပီး က်န္ခဲ့ႏိုင္သလို အခ်ိဳ႕ေတြမွာဆိုရင္ ဆင္တုပ္ေကြးေၾကာင့္ျဖစ္တဲ့ အဆစ္ေတြနာက်င္မႈက တစ္ႏွစ္ေလာက္အထိၾကာတာမ်ိဳးေတာင္ျဖစ္ႏိုင္ပါတယ္။

ဆင္တုပ္ေကြးကဘယ္ေလာက္ၾကာရင္ ျပန္ေကာင္းမွာလဲ……

ဆင္တုပ္ေကြးေၾကာင့္ျဖစ္တဲ့ ေရာဂါလကၡဏာေတြက ၃ ရက္ကေန ၁၀ ရက္အတြင္းမွာ တျဖည္းျဖည္းခ်င္းသက္သာလာမွာပါ။

ဆင္တုပ္ေကြးျဖစ္ရင္ အစားေရွာင္ဖို႔လိုမလား….

ဆင္တုပ္ေကြးျဖစ္တဲ့အခါ အာဟာရျပည့္ဝေအာင္စားသုံးေပးပါ။ အထူးသျဖင့္ေတာ့ ဗီတာမင္ C ပါဝင္တဲ့ အစားအစာေတြနဲ႔ ဗီတာမင္ E ႂကြယ္ဝစြာပါဝင္တဲ့ အစားအစာေတြကို မ်ားမ်ားေလးစားေပးပါ။

ဆင္တုပ္ေကြး ကာကြယ္ေဆးရွိလား……..

လက္ရွိအခ်ိန္ကာလအထိ ဆင္တုပ္ေကြးကာကြယ္ေဆး မထုတ္လုပ္ႏိုင္ေသးပါဘူး။ ဆင္တုပ္ေကြးကို ျဖစ္လာမွပဲ ကုသလို႔ရမွာပါ။

ဆင္တုပ္ေကြးက အျခားတုပ္ေကြးေတြလိုပဲ လကၡဏာျပတတ္လား…..

ဟုတ္ကဲ့လို႔ေျပာပါရေစ။ ေရာဂါတိုင္းက လကၡဏာတစ္ခုေလာက္ေတာ့ အနည္းဆုံးျပတတ္စၿမဲပါ။ ဆင္တုပ္ေကြး စျဖစ္ျဖစ္ခ်င္းမွာ ကိုယ္ပူမယ္။ အဆစ္အျမစ္ေတြကိုက္ခဲမယ္။ ေနာက္ပိုင္းရက္ေတြမွာ ခႏၶာကိုယ္မွာ အားမရွိသလိုျဖစ္ၿပီး ႏုံးတာ၊ ႂကြက္သားေတြနာက်င္လာတာ၊ ေခါင္းကိုက္တာနဲ႔ အေရျပားမွာ အနီေရာင္အကြက္ေတြျဖစ္တာမ်ိဳးေတြျဖစ္လာႏိုင္ပါတယ္။

ဆင္တုပ္ေကြးျဖစ္လာရင္ ေဆးေသာက္လိုက္ရင္ ေပ်ာက္ေရာလား……..

ဆင္တုပ္ေကြးက ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တာပါ။ ဒါေၾကာင့္ ပဋိဇီဝေဆးေတြေသာက္လို႔ အဆင္မေျပႏိုင္ပါဘူး။ အဖ်ား က ၃ ရက္ကေန ၁၀ ရက္အထိၾကာျမင့္ႏိုင္ၿပီး လိုအပ္တဲ့ ကုသမႈခံယူလို႔ ျပည့္ျပည့္ဝဝအနားယူတာလိုမ်ိဳး ဂ႐ုစိုက္ဖို႔လိုပါမယ္။ ေရမ်ားမ်ားေသာက္ဖို႔လည္း မေမ့သင့္ပါဘူး။

ဆင္တုပ္ေကြးကေသေစႏိုင္လား……

ဆင္တုပ္ေကြးက အဖ်ားႀကီးေစႏိုင္တယ္ဆိုေပမယ့္ လူကိုေသေစႏိုင္တာမ်ိဳးေတာ့မရွိပါဘူး။ ဆင္တုပ္ေကြးေၾကာင့္ေသဆုံးႏိုင္ေျခက ၁ ရာခိုင္ႏႈန္းေလာက္ပဲရွိတာပါ။

ဆင္တုပ္ေကြးေၾကာင့္အဖ်ားတက္ရင္ အရမ္းျမင့္ႏိုင္လား…..

ဆင္တုပ္ေကြးေၾကာင့္အဖ်ားတက္တဲ့အခါ အဖ်ားစဝင္စ ပထမရက္နဲ႔ ဒုတိယရက္အတြင္းမွာ ကိုယ္အပူခ်ိန္က ၁၀၄ ဒီဂရီဖာရင္ဟိုက္ေလာက္အထိျမင့္တက္ႏိုင္ၿပီး ေနာက္ပိုင္းမွာေတာ့ျပန္က်သြားႏိုင္ပါတယ္။

ဆင္တုပ္ေကြးကို ကာကြယ္လို႔ရလား…….

ဆင္တုပ္ေကြးကို ကာကြယ္ဖို႔ ကာကြယ္ေဆးမရွိေပမယ့္ ျခင္ကိုက္မခံရေအာင္ ကာကြယ္တာက အေကာင္းဆုံးေသာ ကာကြယ္မႈပါ။

ဆင္တုပ္ေကြးေၾကာင့္ အဆစ္ေတြကိုက္တာကို သက္သာေအာင္လုပ္လို႔ရလား….

ဆင္တုပ္ေကြးေၾကာင့္ျဖစ္တဲ့ အဆစ္ေတြကိုက္တာကမနက္ခင္းပိုင္းမွာ ပိုဆိုးႏိုင္ၿပီး ဒီေဝဒနာကို သက္သာေစဖို႔ဆိုရင္ ေရေအးဝတ္ကပ္ေပးလို႔ရသလို ေရေႏြးေႏြးေလးထဲကို ဆားထည့္ၿပီး စိမ္ေပးလို႔လည္းရပါတယ္။

ေရးသားသူ Aye Thi Mon

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသ

ည္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013