DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု တာဝန်ခံမှုတာဝန်ယူမှု အပြည့်ရှိရန် ရဲတပ်ဖွဲ့ကို သမ္မတနှင့်အတိုင်ပင်ခံ သတိပေး
DVB
·
August 3, 2019
ဗစ်တိုးရီးယားအမှု တာဝန်ခံမှုတာဝန်ယူမှု အပြည့်ရှိရန် ရဲတပ်ဖွဲ့ကို သမ္မတနှင့်အတိုင်ပင်ခံ သတိပေး
Donate to DVB

Wisdom Hill မူကြိုကျောင်းသူလေး အမှုနဲ့ ပတ်သက်ပြီး တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိဖို့နဲ့ အမှုမှန်ပေါ်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က သတိပေးလိုက်ပါတယ်။

နေပြည်တော်မှာရှိတဲ့ ပုဂ္ဂလိက မူကြိုကျောင်း Wisdom Hill မှာ ဖြစ်ပေါ်ခဲ့တဲ့ ကလေးငယ် အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို တာဝန်ခံမှု တာဝန်ယူမှု အပြည့်အ၀ရှိဖို့ကို သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က သတိပေးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ 

သြဂုတ်လ ၂ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ၂ ပတ်တကြိမ် ပုံမှန်ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာပါ။ 

“Wisdom Hill မူကြိုကျောင်းမှု နောက်ဆုံးအခြေအနေက မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲထားတယ် သက်သေအထောက်အထားတွေ တင်ထားတယ်။ တရားစီရင်ရေးကလည်း အထူးတရားရုံးဖွဲ့ပြီး ဆောင်ရွက်နေတယ်။အဲတော့ တရားရုံးမှာ ရောက်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ အထူးတလည် ဘာမှပြောစရာ၊ မှတ်ချက်ပေးစရာ မရှိဘူး။ တရားရုံး process အတိုင်း လုပ်သွားမယ်။ ကျနော်တို့ အထူးပြောချင်တာကတော့ သမ္မတကြီးရော၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကရော ဒီကိစ္စနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေး အထူးမှာကြားထားတယ်။ အဲတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အ၀ရှိဖို့ လိုအပ်တယ်ဆိုတာ သတိပေးထားပါတယ်။”

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ ပြီးခဲ့တဲ့ မေလက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး ကိုအောင်ကြီးကို နေပြည်တော် ဒက္ခိဏခရိုင်ရားရုံးမှာ တရားစွဲဆို စစ်ဆေးနေတာပါ။

ဗစ်တိုရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံတဝန်းက မြို့နယ်အတော်များများမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံကနေ ကိုယ်ပိုင် ဂြိုဟ်တု လွှင့်တင်မယ့် အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးဆောင်ရွက်ထားမှု အစီအစဉ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထားအခြေအနေ၊ ဝန်ကြီးနုတ်ထွက်မှုအခြေအနေတွေနဲ့ သာသနာရေးကိစ္စတွေကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။

ကိုလတ်




Zawgyi Version

ဗစ္တိုးရီးယားအမႈ တာဝန္ခံမႈတာဝန္ယူမႈ အျပည့္ရွိရန္ ရဲတပ္ဖြဲ႕ကို သမၼတႏွင့္အတိုင္ပင္ခံ သတိေပး

DVB

Wisdom Hill မူႀကိဳေက်ာင္းသူေလး အမႈနဲ႔ ပတ္သက္ၿပီး တာဝန္ခံမႈ တာဝန္ယူမႈ အျပည့္ရွိဖို႔နဲ႔ အမႈမွန္ေပၚဖို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္တို႔က သတိေပးလိုက္ပါတယ္။

ေနျပည္ေတာ္မွာရွိတဲ့ ပုဂၢလိက မူႀကိဳေက်ာင္း Wisdom Hill မွာ ျဖစ္ေပၚခဲ့တဲ့ ကေလးငယ္ အဓမၼျပဳက်င့္ခံရမႈနဲ႔ ပတ္သက္ၿပီး အမႈမွန္ေပၚေပါက္ေရးအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က တာဝန္ရွိသူေတြကို တာဝန္ခံမႈ တာဝန္ယူမႈ အျပည့္အ၀ရွိဖို႔ကို သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔က သတိေပးထားတယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာပါတယ္။

ၾသဂုတ္လ ၂ ရက္ေန႔က ေနျပည္ေတာ္ သမၼတအိမ္ေတာ္မွာ ၂ ပတ္တႀကိမ္ ပုံမွန္ျပဳလုပ္ေနတဲ့ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေမးျမန္းမႈအေပၚ ေျဖၾကားခဲ့တာပါ။

“Wisdom Hill မူႀကိဳေက်ာင္းမႈ ေနာက္ဆုံးအေျခအေနက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က တရားစြဲထားတယ္ သက္ေသအေထာက္အထားေတြ တင္ထားတယ္။ တရားစီရင္ေရးကလည္း အထူးတရား႐ုံးဖြဲ႕ၿပီး ေဆာင္႐ြက္ေနတယ္။အဲေတာ့ တရား႐ုံးမွာ ေရာက္ေနတဲ့ကိစၥ ျဖစ္တဲ့အတြက္ က်ေနာ္တို႔အေနနဲ႔ အထူးတလည္ ဘာမွေျပာစရာ၊ မွတ္ခ်က္ေပးစရာ မရွိဘူး။ တရား႐ုံး process အတိုင္း လုပ္သြားမယ္။ က်ေနာ္တို႔ အထူးေျပာခ်င္တာကေတာ့ သမၼတႀကီးေရာ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကေရာ ဒီကိစၥနဲ႔ ပတ္သက္လို႔ အမႈမွန္ေပၚေပါက္ေရး အထူးမွာၾကားထားတယ္။ အဲေတာ့ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြအေနနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္အ၀ရွိဖို႔ လိုအပ္တယ္ဆိုတာ သတိေပးထားပါတယ္။”

ေနျပည္ေတာ္ရွိ Wisdom Hill ပုဂၢိလက မူႀကိဳေက်ာင္းမွာ ၿပီးခဲ့တဲ့ ေမလက အသက္ ၃ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ ဗစ္တိုးရီးယား မဖြယ္မရာျပဳက်င့္ခံခဲ့ရမႈနဲ႔ပတ္သက္ၿပီး ကိုေအာင္ႀကီးကို ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္ရား႐ုံးမွာ တရားစြဲဆို စစ္ေဆးေနတာပါ။

ဗစ္တိုရီးယားအမႈ အမႈမွန္ေပၚေပါက္ေရးအတြက္ ႏိုင္ငံတဝန္းက ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

သတင္းစာရွင္းလင္းပြဲမွာေတာ့ ျမန္မာႏိုင္ငံကေန ကိုယ္ပိုင္ ၿဂိဳဟ္တု လႊင့္တင္မယ့္ အေျခအေန၊ ရခိုင္ျပည္နယ္အတြင္း ေနရပ္စြန႔္ခြာသူေတြ ျပန္လည္လက္ခံေရးေဆာင္႐ြက္ထားမႈ အစီအစဥ္၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြရဲ႕ သေဘာထားအေျခအေန၊ ဝန္ႀကီးႏုတ္ထြက္မႈအေျခအေနေတြနဲ႔ သာသနာေရးကိစၥေတြကို သတင္းေထာက္ေတြက ေမးျမန္းခဲ့ၾကပါတယ္။

ကိုလတ္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013