DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် လက်နက်ကြီးကျရောက်၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ 
DVB
·
August 2, 2019
ကျောက်တော်တွင် လက်နက်ကြီးကျရောက်၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ 
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တဖက်ကမ်း ကျောက်တန်းရွာနားမှာ သြဂုတ် ၂ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျတာကြောင့် ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ကျောက်တော်ဆေးရုံးမှာ ကုသထားရတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်လောက်က ကျောက်တန်းရွာနားမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်တွေ ကျရောက်ခဲ့တာကြောင့် ကျေးရွာအတွင်းက အမျိုးသမီးတဦးနဲ့ ရွာအပြင်မှာ နွားကျောင်းနေတဲ့အမျိုးသားတဦး ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ကျေးရွာသားတဦးက “ဒီကနေ့ နေ့လယ်ပိုင်း ၁ နာရီလောက်မှာ လက်နက်ကျည်တွေနဲ့လှမ်းပစ်တယ်။ တလျှောက်ပဲပစ်နေတာ၊ အဲ့ဒီရွာမှာ နွားကျောင်းနေတဲ့ ယောကျ်ားတယောက်ရယ်၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တယောက် ထိခိုက်ဒဏ်ရာရတယ်။ အခု ကျောက်တော်ဆေးရုံးမှာ အရေးပေါ်တင်ထားတယ်” လို့ ပြောပါတယ်။

ကျောက်တန်းကျေးရွာက မဦးသန်းနွယ် အသက် ၁၄ နှစ်ဟာ ညာဘက်ခြေသလုံးမှာ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး မစိုးရိမ်ရပေမယ့် ကျောက်တန်းကျေးရွာသားတဦးဖြစ်တဲ့ ကိုဘသန်း အသက် ၃၀ နှစ်ကတော့ နွားကျောင်းနေရင်းနဲ့ လက်နက်ကြီးကျည်တာကြောင့် တတောင်ဆစ်တွေ၊ ပေါင်းနှစ်ဖက်နဲ့ ဝမ်းဗိုက်တွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရှိခဲ့သူ မဦးသန်းနွယ်ရဲ့ အဖေဖြစ်သူက ဦးသိန်းသန်းမောင်က “လက်နက်ကြီး လက်နက်ငယ်တွေကြားတော့ အိမ်အောက်တွေမှာ အကုန်ပုန်းနေကြတယ်။ အဲ့ဒီမှာ လက်နက်ကြီးအသံတခု ဂျိမ်းဆိုပြီးကြားလိုက်တယ်။ အဲ့ဒီမှာ ကြည့်လိုက်တော့ ကျနော့်သမီးမှာ တချက်ထိသွားတယ်။ ညာဘက်ခြေသလုံးမှာ အခုတော့ ကျောက်တော်ဆေးရုံကိုရောက်နေတယ်။ သမီးကတော့ အခြေအနေမစိုးရိမ်ရဘူး၊ ဒါပေမယ့်လို့ ကိုဘသန်းမှာတော တတောင်ဆစ်တွေ၊ ပေါင်းနှစ်ဖက်နဲ့ ဝမ်းဗိုက်တွေမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်” လို့ ပြောပါတယ်။

အဲ့ဒီကျောက်တန်းကျေးရွာမှာ အိမ်ထောင်စု ၂၀၀ ကျော်ရှိပြီး လက်နက်ကြီး လက်နက်ငယ်တွေ ကျရောက်တာကြောင့် တချို့အိမ်တွေပျက်စီးသွားတယ်လို့ ကျေးရွာသားတွေကပြောဆိုပါတယ်။

သြဂုတ် ၁ ရက်နေ့ ကလည်း ကျောက်တော်မြို့ မဟာမုနိကျေးရွာမှာက ကိုယ်ဝန် ၉ လရှိတဲ့ အမျိုးသမီးတဦး ကျည်ထိမှန်ခဲ့ပြီး စစ်ဆေးရုံးမှာ ဆေးကုသနေရပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အေအေအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦးရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ရဲ့ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဟာ ၇ လကျော်အထိကြာမြင့်လာပြီဖြစ်ပါတယ်။ အခုဆိုရင် အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၅၀၀၀၀ လောက်ဟာလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတာပါ။

သတင်း-ဝဏ္ဏခွာညို




ေက်ာက္ေတာ္တြင္ လက္နက္ႀကီးက်ေရာက္၍ အရပ္သားႏွစ္ဦး ထိခိုက္ဒဏ္ရာရ

ဝဏၰခြာညိဳ

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တဖက္ကမ္း ေက်ာက္တန္း႐ြာနားမွာ ၾသဂုတ္ ၂ ရက္ေန႔ ေန႔လယ္ပိုင္းက လက္နက္ႀကီးက်တာေၾကာင့္ ၂ ဦး ထိခိုက္ဒဏ္ရာရွိခဲ့ၿပီး ေက်ာက္ေတာ္ေဆး႐ုံးမွာ ကုသထားရတယ္လို႔ သိရပါတယ္။

ၾသဂုတ္လ ၂ ရက္ေန႔ ေန႔လယ္ပိုင္း ၁ နာရီဝန္းက်င္ေလာက္က ေက်ာက္တန္း႐ြာနားမွာ တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျဖစ္ပြားၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြ က်ေရာက္ခဲ့တာေၾကာင့္ ေက်း႐ြာအတြင္းက အမ်ိဳးသမီးတဦးနဲ႔ ႐ြာအျပင္မွာ ႏြားေက်ာင္းေနတဲ့အမ်ိဳးသားတဦး ထိခိုက္ဒဏ္ရာရွိသြားတယ္လို႔ ေက်း႐ြာသားေတြက ေျပာပါတယ္။

ေက်း႐ြာသားတဦးက “ဒီကေန႔ ေန႔လယ္ပိုင္း ၁ နာရီေလာက္မွာ လက္နက္က်ည္ေတြနဲ႔လွမ္းပစ္တယ္။ တေလွ်ာက္ပဲပစ္ေနတာ၊ အဲ့ဒီ႐ြာမွာ ႏြားေက်ာင္းေနတဲ့ ေယာက်္ားတေယာက္ရယ္၊ အသက္ ၁၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္တေယာက္ ထိခိုက္ဒဏ္ရာရတယ္။ အခု ေက်ာက္ေတာ္ေဆး႐ုံးမွာ အေရးေပၚတင္ထားတယ္” လို႔ ေျပာပါတယ္။

ေက်ာက္တန္းေက်း႐ြာက မဦးသန္းႏြယ္ အသက္ ၁၄ ႏွစ္ဟာ ညာဘက္ေျခသလုံးမွာ ထိခိုက္ဒဏ္ရာရွိခဲ့ၿပီး မစိုးရိမ္ရေပမယ့္ ေက်ာက္တန္းေက်း႐ြာသားတဦးျဖစ္တဲ့ ကိုဘသန္း အသက္ ၃၀ ႏွစ္ကေတာ့ ႏြားေက်ာင္းေနရင္းနဲ႔ လက္နက္ႀကီးက်ည္တာေၾကာင့္ တေတာင္ဆစ္ေတြ၊ ေပါင္းႏွစ္ဖက္နဲ႔ ဝမ္းဗိုက္ေတြမွာ ျပင္းျပင္းထန္ထန္ ထိခိုက္ဒဏ္ရာရရွိသြားတယ္လို႔ ဆိုပါတယ္။

ဒဏ္ရာရွိခဲ့သူ မဦးသန္းႏြယ္ရဲ႕ အေဖျဖစ္သူက ဦးသိန္းသန္းေမာင္က “လက္နက္ႀကီး လက္နက္ငယ္ေတြၾကားေတာ့ အိမ္ေအာက္ေတြမွာ အကုန္ပုန္းေနၾကတယ္။ အဲ့ဒီမွာ လက္နက္ႀကီးအသံတခု ဂ်ိမ္းဆိုၿပီးၾကားလိုက္တယ္။ အဲ့ဒီမွာ ၾကည့္လိုက္ေတာ့ က်ေနာ့္သမီးမွာ တခ်က္ထိသြားတယ္။ ညာဘက္ေျခသလုံးမွာ အခုေတာ့ ေက်ာက္ေတာ္ေဆး႐ုံကိုေရာက္ေနတယ္။ သမီးကေတာ့ အေျခအေနမစိုးရိမ္ရဘူး၊ ဒါေပမယ့္လို႔ ကိုဘသန္းမွာေတာ တေတာင္ဆစ္ေတြ၊ ေပါင္းႏွစ္ဖက္နဲ႔ ဝမ္းဗိုက္ေတြမွာ ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားတယ္” လို႔ ေျပာပါတယ္။

အဲ့ဒီေက်ာက္တန္းေက်း႐ြာမွာ အိမ္ေထာင္စု ၂၀၀ ေက်ာ္ရွိၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြ က်ေရာက္တာေၾကာင့္ တခ်ိဳ႕အိမ္ေတြပ်က္စီးသြားတယ္လို႔ ေက်း႐ြာသားေတြကေျပာဆိုပါတယ္။

ၾသဂုတ္ ၁ ရက္ေန႔ ကလည္း ေက်ာက္ေတာ္ၿမိဳ႕ မဟာမုနိေက်း႐ြာမွာက ကိုယ္ဝန္ ၉ လရွိတဲ့ အမ်ိဳးသမီးတဦး က်ည္ထိမွန္ခဲ့ၿပီး စစ္ေဆး႐ုံးမွာ ေဆးကုသေနရပါတယ္။

ႏွစ္ဖက္တိုက္ပြဲ ျဖစ္ပြားတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ေအေအအဖြဲ႕ကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။

ရခိုင္ျပည္နယ္ တိုက္ပြဲေတြအတြင္း အရပ္သား ေသဆုံး ၆၂ ဦးနဲ႔ ဒဏ္ရာရသူ ၁၅၆ ဦးရွိတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC ရဲ႕ ေကာက္ယူထားတဲ့ စာရင္းမွာ ေဖာ္ျပပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ (ေအေအ) တို႔ရဲ႕ ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲေတြဟာ ၇ လေက်ာ္အထိၾကာျမင့္လာၿပီျဖစ္ပါတယ္။ အခုဆိုရင္ အဲဒီတိုက္ပြဲေတြေၾကာင့္ ေဒသခံျပည္သူ ၅၀၀၀၀ ေလာက္ဟာလည္း စစ္ေဘးတိမ္းေရွာင္ေနၾကရၿပီး အကူအညီေတြ လိုအပ္ေနတာပါ။

သတင္း-ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013