DVB Logo
Home
မြန်မာသတင်း
ဈေးနှုန်းသက်သာတဲ့ ASUS TUF FX505DT အကြောင်း
DVB
·
August 2, 2019
ဈေးနှုန်းသက်သာတဲ့ ASUS TUF FX505DT အကြောင်း
Donate to DVB

ASUS အမှတ်တံဆိပ် Gaming Laptop တွေကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက မိတ်ဆက်ခဲ့ပါတယ်။ FX505 ကိုတော့ Series 4 မျိုးထုတ်ပေးမှာဖြစ်ပြီး FX505DD , FX505DT, FX505 DU ဆိုပြီး ၃ မျိုး ထုတ်လုပ်ပေးထားပါတယ်။ အဲဒီထဲကမှ ဈေးနှုန်းသက်သာတဲ့ ASUS TUF FX505DT အကြောင်း ပြောပြပေးချင်ပါတယ်။

Processor ပိုင်းမှာတော့ AMD ရဲ့ Ryzen 7 – 3750 Processor ကို သုံးပေးထားသလို 15.6 လက်မ IPS 120 Hz Display ကိုပဲသုံးပေးထားတာပါ။

DD, DT , DU သုံးမျိုးမှာတော့ အဓိက ကွာခြားတာကတော့ Graphic Card ပဲဖြစ်ပါတယ်။ DD မှာတော့ Nvedia Geforce GTX 1050 အသုံးပြုပေးထားပါတယ်။ DT မှာတော့ Nvedia Geforce GTX 1650 ကို သုံးထားပြီး DU မှာတော့ Nvedia Geforce GTX 1660 Ti ကို သုံးပေးထားတာပါ။

ဈေးနှုန်းသက်သာတဲ့ Gaming Laptop တစ်လုံးအတွက် GTX 1650 Graphic Card အသုံးပြုထားတာက သူရဲ့အားသာချက်လို့ ပြောရမှာ ဖြစ်ပါတယ်။ နောက်ထူးခြားတာတခုကတော့ keyboard ဒီဇိုင်းကို အရောင်လေးတွေ ထည့်သွင်းပေးတာကလည်း သုံးစွဲသူကို အမြင်ဆန်းစေပါတယ်။

ကျန်တဲ့ Specification အနေနဲ့ကတော့ RAM 8 GB DDR4 ရှိပြီး HDD က‌တော့  512GB PCle SSD ပါဝင်ပြီး DVD Drive မပါရှိလာပါဘူး။ အခုပြောပြခဲ့တဲ့ ASUS TUF FX505D‌ ရဲ့ဈေးနှုန်းလေးကတော့ ဒေါ်လာ ၁၀၂၉ ကျသင့်မှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေဈးႏႈန္းသက္သာတဲ့ ASUS TUF FX505DT အေၾကာင္း

DVB

ASUS အမွတ္တံဆိပ္ Gaming Laptop ေတြကို ၿပီးခဲ့တဲ့ ဇူလိုင္လဆန္းပိုင္းက မိတ္ဆက္ခဲ့ပါတယ္။ FX505 ကိုေတာ့ Series 4 မ်ိဳးထုတ္ေပးမွာျဖစ္ၿပီး FX505DD , FX505DT, FX505 DU ဆိုၿပီး ၃ မ်ိဳး ထုတ္လုပ္ေပးထားပါတယ္။ အဲဒီထဲကမွ ေဈးႏႈန္းသက္သာတဲ့ ASUS TUF FX505DT အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

Processor ပိုင္းမွာေတာ့ AMD ရဲ႕ Ryzen 7 – 3750 Processor ကို သုံးေပးထားသလို 15.6 လက္မ IPS 120 Hz Display ကိုပဲသုံးေပးထားတာပါ။

DD, DT , DU သုံးမ်ိဳးမွာေတာ့ အဓိက ကြာျခားတာကေတာ့ Graphic Card ပဲျဖစ္ပါတယ္။ DD မွာေတာ့ Nvedia Geforce GTX 1050 အသုံးျပဳေပးထားပါတယ္။ DT မွာေတာ့ Nvedia Geforce GTX 1650 ကို သုံးထားၿပီး DU မွာေတာ့ Nvedia Geforce GTX 1660 Ti ကို သုံးေပးထားတာပါ။

ေဈးႏႈန္းသက္သာတဲ့ Gaming Laptop တစ္လုံးအတြက္ GTX 1650 Graphic Card အသုံးျပဳထားတာက သူရဲ႕အားသာခ်က္လို႔ ေျပာရမွာ ျဖစ္ပါတယ္။ ေနာက္ထူးျခားတာတခုကေတာ့ keyboard ဒီဇိုင္းကို အေရာင္ေလးေတြ ထည့္သြင္းေပးတာကလည္း သုံးစြဲသူကို အျမင္ဆန္းေစပါတယ္။

က်န္တဲ့ Specification အေနနဲ႔ကေတာ့ RAM 8 GB DDR4 ရွိၿပီး HDD က‌ေတာ့  512GB PCle SSD ပါဝင္ၿပီး DVD Drive မပါရွိလာပါဘူး။ အခုေျပာျပခဲ့တဲ့ ASUS TUF FX505D‌ ရဲ႕ေဈးႏႈန္းေလးကေတာ့ ေဒၚလာ ၁၀၂၉ က်သင့္မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013