DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်တွင် ရပ်နားထားသည့် အပျော်စီးသင်္ဘော ခရီးသည်အချို့ အစာအိမ် အူလမ်းကြောင်းရောဂါ ဖြစ်ပွား
DVB
·
May 14, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အပျော်စီးသင်္ဘောပေါ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းတာ ဖြစ်နိုင်ခြေရှိတဲ့ ဝေဒနာသည် အများအပြား ရှိလာပြီးတဲ့နောက် ဒေသန္တရ အာဏာပိုင်တွေက ကြိုတင်ကာကွယ်ဖို့ ချမှတ်ထားတဲ့ ရောဂါခြေချုပ် ကွာရန်တင်းကို ဖြေလျှော့ခဲ့ပါတယ်။

အဲဒီနောက် မေ ၁၃ ရက်မှာ ဘော်ဒိုးဆိပ်ကမ်းမှာ ကျောက်ချထားတဲ့ အပျော်စီးသင်္ဘောကနေ ခရီးသည်တွေ ဆင်းလာခဲ့ကြတာပါ။

မေ ၁၁ ရက်က ဘရစ်တန်နီပြည်နယ်၊ ဘရက်စ်မြို့မှာ သင်္ဘောရပ်ထားချိန် အသက် ၉၂ နှစ်အရွယ် ဗြိတိသျှလူမျိုးတယောက် နှလုံးရပ်ပြီး သင်္ဘောပေါ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဒီသေဆုံးမှုက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဘော်ဒိုးဒေသအတွက် တာဝန်ရှိတဲ့ ပြင်သစ်ဒေသခံ အာဏာပိုင်က ပြောပါတယ်။

ဘယ်လ်ဖတ်စ်နဲ့ လီဗာပူးမြို့တွေကလာတဲ့ သင်္ဘောပေါ်မှာ အစာအိမ်တုပ်ကွေးဖြစ်ပွားမှု၊ အာဂျင်တီးနားနဲ့ ကနေရီကျွန်းစုတွေကြား သွားလာနေတဲ့ ဇိမ်ခံသင်္ဘော MV ဟွန်ဒီးယပ်စ်ပေါ်က ဟန်တာဗိုင်းရပ်စ် ကူးစက်မှု အစုအဝေးကို ဆက်စပ်ဖို့ အကြောင်းပြချက် မရှိဘူးလို့ ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

‘Ambition’ အပျော်စီးသင်္ဘောပေါ်မှာ ရောဂါလက္ခဏာရှိသူအားလုံး သူတို့အခန်းတွေမှာပဲ နေထိုင်ပြီး အစားအစာတွေ ယူလာပေးနေတယ်၊ အခန်းတွေက ထွက်လာတဲ့ ဘယ်ဟာကိုမဆို သီးခြားအိတ် တွေနဲ့ ထုပ်ပိုးထားတယ်လို့ ဘယ်လ်ဖတ်စ်က ခရီးသည် ရေမွန်သွန်မဆန်က ပြောပါတယ်။

သင်္ဘောပေါ်မှာ ခရီးသည် ၁,၂၃၃ ယောက် လိုက်ပါလာပြီး အများစုက ဗြိတိသျှ ဒါမှမဟုတ် အိုင်ယာလန်နိုင်ငံသားတွေ ဖြစ်ပြီး သင်္ဘောသား ၅၁၄ ယောက် ပါရှိပါတယ်။

ပြင်းထန်တဲ့ဖြစ်ရပ်တွေ မရှိဘဲ ပုံမှန်လုပ်ငန်းတွေ ဆက်လုပ်ဖို့ သင်္ဘောကို လွှတ်ပေးထားတယ်လို့ အပျော်စီးသင်္ဘောအော်ပရေတာ သံတမန်က ကြေညာချက်တခု ထုတ်ပြန်ပြောဆိုပါတယ်။

“သင်္ဘောတလျှောက်မှာ တိုးမြှင့်ထားတဲ့ သန့်ရှင်းရေး အစီအမံတွေ၊ ဆေးဘက်ဆိုင်ရာ စောင့်ကြည့်ရေးနဲ့ သီးခြားခွဲထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှိနေဆဲပဲ” လို့ သံအမတ်ကြီးက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013