DVB Logo
Home
မြန်မာသတင်း
ဧရာဝတီဘဏ်ကိုပေးရမည့် ချေးငွေကိစ္စ ညှိနှိုင်းဆဲဟု Omni Focus ဥက္ကဋ္ဌ ပြော
DVB
·
July 12, 2019
ဧရာဝတီဘဏ်ကိုပေးရမည့် ချေးငွေကိစ္စ ညှိနှိုင်းဆဲဟု Omni Focus ဥက္ကဋ္ဌ ပြော
Donate to DVB

YBS ဘတ်စ်ကားပြေးဆွဲနေတဲ့ Omni Focus ကုမ္ပဏီအနေနဲ့ ဧရာဝတီဘဏ်ကိုပေးရမယ့် ဘဏ်ချေးငွေနဲ့ပတ်သက်လို့ ညှိနှိုင်းနေဆဲဖြစ်ပြီး မကြာခင်အဆင်ပြေလာနိုင်တယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်နေဝင်းက ဒီဗွီဘီကို ပြောပါတယ်။

"လက်ရှိအခြေအနေက ညှိနှိုင်းဆဲပါ။ ညှိနှိုင်းတဲ့ အဆင့်ပါ။ အဆင်ပြေမှာပါ"လို့ ဦးကျော်နေဝင်းက ပြောပါတယ်။

လက်ရှိမှာ ကုမ္ပဏီရဲ့စာရင်းရှင်အကောင့်ထဲကနေ ဧရာဝတီဘဏ်က အသိမပေးဘဲ ပိုက်ဆံထုတ်ယူသွားတဲ့အပေါ် ဥပဒေကြောင်းအရ ဖြေရှင်းနေဆဲလို့လည်း ပြောပါတယ်။

ချေးငွေ ပေးဆပ်ဖို့ ပျက်ကွက်နေတဲ့ YBS ကုမ္ပဏီတချို့ကို ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ တောင်းခံခဲ့ပေမယ့် မရတာကြောင့် တရားစွဲဆိုသွားမယ်လို့ ဧရာဝတီဘဏ်က ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားတာပါ။

ချေးငွေ ပြန်မဆပ်တဲ့ ကုမ္ပဏီတွေထဲမှာ OmniFocus ကုမ္ပဏီ၊ Central Yangon Network ကုမ္ပဏီနဲ့ Keen Support ကုမ္ပဏီတို့ ပါဝင်ပါတယ်။

ချေးငွေ ပြန်ပေးဖို့ ပျက်ကွက်တဲ့ကုမ္ပဏီတွေကို ဧရာဝတီဘဏ်ကနေ ချေးငွေတောင်းခံလွှာ ပေးပို့ခဲ့ပေမယ့် ပြန်မဆပ်တာကြောင့် တိုင်းအစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) အကူညီနဲ့ တရားစွဲဆိုရတာလို့ ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013