DVB Logo
Home
မြန်မာသတင်း
H1N1 ကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ၊ သေဆုံးသူအများစု နာတာရှည်ရောဂါအခံရှိသူများဖြစ်
DVB
·
June 29, 2019
H1N1 ကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ၊ သေဆုံးသူအများစု နာတာရှည်ရောဂါအခံရှိသူများဖြစ်
Donate to DVB

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီဖြစ်ပြီး သေဆုံးသူအများစုဟာ နာတာရှည်ရောဂါအခံ ရှိနေသူတွေလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူအများစုက နာတာရှည်ရင်ကြပ်၊ နှလုံး နဲ့ဆီချိုရောဂါတွေရှိနေလို့ နာတာရှည်ရောဂါရှိတဲ့သူတွေလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးက ပြောပါတယ်။

ဒေါက်တာဖြူဖြူအေးက "နာတာရှည်ရောဂါဆိုတာ ရင်ကြပ်ရောဂါရှိတဲ့လူတွေပါတယ်။ နောက်ပြီးတော့ ဆီးချိုမှာ ကောင်းကောင်းကုသမှု မခံယူထားတဲ့ ထိန်းဖို့ခက်တဲ့ ဆီးချိုရောဂါပါတယ်။ နှလုံးရောဂါဝေဒနာရှင်တွေပါမယ်။ နှလုံးရောဂါဆိုတာ သေးသေးမွှားမွှားမဟုတ်တဲ့ထိ ဖြစ်နေတဲ့သူတွေပါတယ်။ မနေ့ကသေဆုံးသွားတဲ့ ကလေးလေး ၂ ဦးဆိုရင်လည်း ၅ နှစ်အောက်တွေ မွေးရာပါနှလုံးရောဂါဖြစ်နေတယ်။ မွေးရာပါနှလုံးရောဂါရှိတဲ့ ကလေးတွေက ဒီရောဂါပိုးဝင်လာရင် ရောဂါပိုးဒဏ်ကို မခံနိုင်ဘူး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားတဲ့အတိုင်းပဲ အန္တရာယ်ရှိတဲ့ ကူးနိုင်ဖို့ အလားအလာပိုများတဲ့ သူတွေဆိုတာ တွေ့ရပါတယ်။”

ပြည်သူတွေအနေနဲ့ နှာချေတိုင်း၊ ချောင်းဆိုးတိုင်း၊ ကိုယ့်ကြောင့် သူများရောဂါမကူးအောင်လို့ ဖုံးအုပ်ပြီး သတိထားပြီးဆောင်ရွက်ဖို့လိုသလို လက်ကို မကြာခဏ ဆေးပေးဖို့နဲ့ လူထူထပ်တဲ့ နေရာသွားတာကို တတ်နိုင်သလောက်ရှောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ H1N1 သံသယကြောင့် စစ်ဆေးတဲ့လူနာ၂၇၄ ဦး၊ ပိုးတွေ့တဲ့ လူနာ ၇၅ ဦးနဲ့ သေဆုံးလူနာ ၁၅ ဦးရှိပါတယ်။ သေဆုံးသူတွေက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ကဖြစ်ပါတယ်။

နာတာရှည်ရောဂါရှိတဲ့သူတွေမှာ တုပ်ကွေးပိုးဝင်ရင် ပြင်းပြင်းထန်ထန်ခံစာရတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းကို လုပ်သင့်တယ်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဝင်းဇော်  (မြန်မာနိုင်ငံ ဆရာဝန်အသင်း - အတွင်းရေးမှူး) က ပြောပါတယ်။

“၂ နှစ်အောက် ကလးငယ်တွေရယ်၊ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ ဒီရောဂါကပိုပြီးတော့ အဖြစ်များပါတယ်။ နောက်တခုက နာတာရှည်ရောဂါရှိတဲ့ ဆီးချို ၊ နှလုံး၊ သွေးတိုးနဲ့ ကျောက်ကပ်ရောဂါဝေဒနာ ခံစားရသူတွေက တုပ်ကွေးရောဂါဖြစ်လို့ရှိရင် ပိုပီးတော့ ပြင်းပြင်းထန်ထန်ခံစားရတယ်လို့ တွေ့ရှိရပါတယ်။ ရောဂါဖြစ်တာကကောင်းတာ မဟုတ်ပါဘူး။ ကာကွယ်ခြင်းက ကုသခြင်းတွေထက် ကောင်းတယ်ဆိုတာ ကျနော်တို့က မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။”

တုပ်ကွေးကို ကြိုတင်ကာကွယ်တာက ကာကွယ်ဆေးထိုးဖို့ဆိုတာ အဓိကမဟုတ်ဘဲ အခြားကာကွယ်နည်းတွေဖြစ်တဲ့ ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်တာနဲ့ တကိုယ်ရည်သန့်ရှင်းရေး နည်းလမ်းတွေကိုသာ ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။

ရာသီတုပ်ကွေး H1N1 ကာကွယ်ဆေးတွေကိုလည်း ဈေးကွက်မှာ ဈေးမြှင့်ရောင်းချမှုတွေမပြုလုပ်ဖို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်လုပ်ငန်းရှင်များအသင်းက အသိပေးချက်ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်၊ ၇ နှစ်အရွယ်အထိရှိတဲ့ ကလေး ၅ ယောက်ပါတယ်လို့ ရန်ကုန် နာရေးကူညီမှုအသင်းနဲ့ ဗဟန်း လူမှုကူညီရေးအသင်းတို့က ထုတ်ပြန်ထားပါတယ်။

မေစု

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013