DVB Logo
Home
မြန်မာသတင်း
H1N1 လူနာများထဲမှ ရက်ပေါင်း ၂၀ အတွင်း  ၇ ဦး ထပ်မံသေဆုံး
DVB
·
September 22, 2019
H1N1 လူနာများထဲမှ ရက်ပေါင်း ၂၀ အတွင်း  ၇ ဦး ထပ်မံသေဆုံး
Donate to DVB

မြန်မာနိုင်ငံတဝန်း ရာသီတုပ်ကွေး H1N1 ဖြစ်ပွားတဲ့လူနာတွေထဲက ရက်ပေါင်း ၂၀ အတွင်း ၇ ယောက် ထပ်ပြီး သေဆုံးခဲ့ပါတယ်။

ဖြစ်ပွားနှုန်းရော သေဆုံးနှုန်းပါ အခုတော့ လျော့ကျသွားပြီလို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ လတွေက နေ့စဉ်ကူးစက်၊ သေဆုံးသူ ဦးရေ မြင့်တက်နေခဲ့ပြီး တရက်ကို ဓာတ်ခွဲအတည်ပြု လူနာ ၁၀ ယောက် ဝန်းကျင် တွေ့ရသလို တရက်မှာ ၃၊ ၄ ယောက် သေဆုံးနေခဲ့တာပါ။

စက်တင်ဘာ ၂၀ ရက်မှာတော့ ဓာတ်ခွဲအတည်ပြုလူနာ ၇၄၀ နဲ့ သေဆုံးသူ စုစုပေါင်း ၁၁၅ ယောက် ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ ၆၄၈ ယောက်ရှိပြီး သေဆုံးသူကတော့ ၁၀၈ ယောက်ရှိတာကြောင့် အတည်ပြုလူနာ ၉၂ ယောက်တိုးလာပြီး သေဆုံးသူ ၇ ယောက်တိုးလာတာပါ။

သြဂုတ် ၁၉ ရက်က ဓာတ်ခွဲအတည်ပြုလူနာ ၅၅၂ ယောက်နဲ့ သေဆုံးသူကတော့ ၉၉ ယောက် ရှိခဲ့တာကြောင့် တလအတွင်းမှာတော့ အတည်ပြုလူနာ ၁၈၈ ယောက်နဲ့ သေဆုံးသူ ၁၆ ယောက် တိုးလာခဲ့ပါတယ်။

မန္တလေးတိုင်းက ၃ ယောက်၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က ၁ ယောက်စီ ထပ်တိုးသေဆုံးခဲ့တာပါ။

အခုအချိန်ထိ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရဘဲ တနိုင်ငံလုံးမှာ ကူးစက်ခံ လူနာတွေ ရှိပါတယ်။ ပြီးတော့ ကယား၊ ကရင်၊ ချင်း၊ ရှမ်းမြောက်နဲ့ အရှေ့ပိုင်းတို့မှာတော့ သေဆုံးလူနာ မရှိပါဘူး။

ရန်ကုန်မှာ ၆၈ ယောက် သေဆုံးခဲ့လို့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာ ၁၄ ယောက်၊ ပဲခူးတိုင်းမှာ ၁၁ ယောက်နဲ့ အများဆုံး သေဆုံးခဲ့ပါတယ်။

ရာသီတုပ်ကွေး H1N1 ဟာ သက်ကြီးရွယ်အို၊ ၅ နှစ်အောက် ကလေးတွေနဲ့ နာတာရှည်ရောဂါ ရှိသူတွေမှာ ရောဂါပိုးကူးစက်ရင် ပိုမိုပြင်းထန်နိုင်လို့ ဂရုပြုသင့်ပါတယ်။

ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ၊ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။

တုပ်ကွေးရောဂါ မဖြစ်စေဖိုနဲ့ ကူးစက်တာကို ကာကွယ်ဖို့ လက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းကို အုပ်ပြီးဆိုးတာ၊ လူထူထပ်တဲ့နေရာ အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့နဲ့ ဖျားနာပြီး အသက်ရှူကြပ်ရင် ချက်ချင်း ဆေးရုံ၊ ဆေးခန်းပြသဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အကြံပြုထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

H1N1 လူနာမ်ားထဲမွ ရက္ေပါင္း ၂၀ အတြင္း  ၇ ဦး ထပ္မံေသဆုံး

ျမန္မာႏိုင္ငံတဝန္း ရာသီတုပ္ေကြး H1N1 ျဖစ္ပြားတဲ့လူနာေတြထဲက ရက္ေပါင္း ၂၀ အတြင္း ၇ ေယာက္ ထပ္ၿပီး ေသဆုံးခဲ့ပါတယ္။

ျဖစ္ပြားႏႈန္းေရာ ေသဆုံးႏႈန္းပါ အခုေတာ့ ေလ်ာ့က်သြားၿပီလို႔ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ သိရပါတယ္။

ၿပီးခဲ့တဲ့ လေတြက ေန႔စဥ္ကူးစက္၊ ေသဆုံးသူ ဦးေရ ျမင့္တက္ေနခဲ့ၿပီး တရက္ကို ဓာတ္ခြဲအတည္ျပဳ လူနာ ၁၀ ေယာက္ ဝန္းက်င္ ေတြ႕ရသလို တရက္မွာ ၃၊ ၄ ေယာက္ ေသဆုံးေနခဲ့တာပါ။

စက္တင္ဘာ ၂၀ ရက္မွာေတာ့ ဓာတ္ခြဲအတည္ျပဳလူနာ ၇၄၀ နဲ႔ ေသဆုံးသူ စုစုေပါင္း ၁၁၅ ေယာက္ ရွိတယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

စက္တင္ဘာ ၂ ရက္ေန႔အထိ ဓာတ္ခြဲအတည္ျပဳလူနာ ၆၄၈ ေယာက္ရွိၿပီး ေသဆုံးသူကေတာ့ ၁၀၈ ေယာက္ရွိတာေၾကာင့္ အတည္ျပဳလူနာ ၉၂ ေယာက္တိုးလာၿပီး ေသဆုံးသူ ၇ ေယာက္တိုးလာတာပါ။

ၾသဂုတ္ ၁၉ ရက္က ဓာတ္ခြဲအတည္ျပဳလူနာ ၅၅၂ ေယာက္နဲ႔ ေသဆုံးသူကေတာ့ ၉၉ ေယာက္ ရွိခဲ့တာေၾကာင့္ တလအတြင္းမွာေတာ့ အတည္ျပဳလူနာ ၁၈၈ ေယာက္နဲ႔ ေသဆုံးသူ ၁၆ ေယာက္ တိုးလာခဲ့ပါတယ္။

မႏၲေလးတိုင္းက ၃ ေယာက္၊ ေနျပည္ေတာ္၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္းနဲ႔ စစ္ကိုင္းတိုင္းတို႔က ၁ ေယာက္စီ ထပ္တိုးေသဆုံးခဲ့တာပါ။

အခုအခ်ိန္ထိ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွာ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရဘဲ တႏိုင္ငံလုံးမွာ ကူးစက္ခံ လူနာေတြ ရွိပါတယ္။ ၿပီးေတာ့ ကယား၊ ကရင္၊ ခ်င္း၊ ရွမ္းေျမာက္နဲ႔ အေရွ႕ပိုင္းတို႔မွာေတာ့ ေသဆုံးလူနာ မရွိပါဘူး။

ရန္ကုန္မွာ ၆၈ ေယာက္ ေသဆုံးခဲ့လို႔ အမ်ားဆုံးျဖစ္ၿပီး ဧရာဝတီတိုင္းမွာ ၁၄ ေယာက္၊ ပဲခူးတိုင္းမွာ ၁၁ ေယာက္နဲ႔ အမ်ားဆုံး ေသဆုံးခဲ့ပါတယ္။

ရာသီတုပ္ေကြး H1N1 ဟာ သက္ႀကီး႐ြယ္အို၊ ၅ ႏွစ္ေအာက္ ကေလးေတြနဲ႔ နာတာရွည္ေရာဂါ ရွိသူေတြမွာ ေရာဂါပိုးကူးစက္ရင္ ပိုမိုျပင္းထန္ႏိုင္လို႔ ဂ႐ုျပဳသင့္ပါတယ္။

ရာသီတုပ္ေကြးေရာဂါ လကၡဏာေတြကေတာ့ ဖ်ားတာ၊ ေခ်ာင္းဆိုးတာ၊ လည္ေခ်ာင္းနာ၊ ႏွာရည္ယိုတာနဲ႔ ကိုယ္လက္နာက်င္ကိုက္ခဲၿပီး ေခါင္းကိုက္တာ၊ ခ်မ္းတုန္ဖ်ားတာနဲ႔ ကိုယ္လက္ မအီမသာေတြ ျဖစ္ေလ့ရွိပါတယ္။ ၿပီးေတာ့ ေအာ့အန္တာ၊ ဝမ္းေလွ်ာတာေတြလည္း ျဖစ္တတ္ၿပီး ေရာဂါဝင္ေရာက္ခ်ိန္ကေန ေရာဂါလကၡဏာ ျပမယ့္အခ်ိန္က ၁ ရက္ကေန ၅ ရက္အတြင္း ျဖစ္ပါတယ္။

တုပ္ေကြးေရာဂါ မျဖစ္ေစဖိုနဲ႔ ကူးစက္တာကို ကာကြယ္ဖို႔ လက္ေဆးတာ၊ ႏွာေခ်၊ ေခ်ာင္းဆိုးရင္ ပါးစပ္နဲ႔ ႏွာေခါင္းကို အုပ္ၿပီးဆိုးတာ၊ လူထူထပ္တဲ့ေနရာ အတတ္ႏိုင္ဆုံး ေရွာင္ၾကဥ္ဖို႔နဲ႔ ဖ်ားနာၿပီး အသက္ရွဴၾကပ္ရင္ ခ်က္ခ်င္း ေဆး႐ုံ၊ ေဆးခန္းျပသဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အႀကံျပဳထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013