DVB Logo
Home
မြန်မာသတင်း
H1N1 သံသယဖြင့် သေဆုံးသူ ၆ ဦးကို ပို့ဆောင်ကူညီပေးခဲ့ဟု နာကူအသင်းထုတ်ပြန်
DVB
·
June 27, 2019
H1N1 သံသယဖြင့် သေဆုံးသူ ၆ ဦးကို ပို့ဆောင်ကူညီပေးခဲ့ဟု နာကူအသင်းထုတ်ပြန်
Donate to DVB

ရာသီတုပ်ကွေး H1N1 သံသယနဲ့ သေဆုံးသူ ၆ ဦးအား ပို့ဆောင်ကူညီပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန် ၂၇ ရက်နေ့မှာလည်း ဟယ်လ်ပင် ကလေးဆေးရုံကြီးမှာ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ကျား (၁) ဦးရဲ့ ရုပ်အလောင်းကို ထိန်ပင်သုဿာန်မီးသင်္ဂြိုဟ်စက်ကို (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သံသယရှိ ရုပ်အလောင်းတွေကို ကူညီပို့ဆောင်ပေးခဲ့တာ ဒီနေ့ ကလေးငယ်အပါအ၀င် ရုပ်အလောင်း ၆ လောင်းရှိပြီလို့ ဆိုပါတယ်။

ဇွန် ၂၆ ရက်နေ့အထိ H1N1 ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း  ၁၀ ဦးအထိ ရှိသွားပြီလို့ ကျန်းမာရေးဌာနက သိရပါတယ်။

H1N1 ရောဂါပိုး သံသယကြောင့် ပိုးရှိမရှိ စစ်ဆေးခဲ့သူ လူနာ ၁၈၉ ဦးထဲမှာ ရောဂါပိုးကူးစက်ခံရတဲ့ လူနာ ၃၅ ဦး ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013