DVB Logo
Home
ကျန်းမာရေး
H1N1 တုပ်ကွေးရောဂါ ပညာပေးရုပ်သံ
DVB
·
June 22, 2019
H1N1 တုပ်ကွေးရောဂါ ပညာပေးရုပ်သံ
Donate to DVB

“ဘုံရန်သူ” လို့ အမည်ပေးထားတဲ့ H1N1 တုပ်ကွေးရောဂါ ပညာပေးရုပ်သံဖိုင်ထဲမှာတော့ ကလေးငယ်တယောက်က ပညာပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံမှာ တုပ်ကွေးတွေပျံ့နှံ့နေချိန်မှာ ဒါရိုက်တာ မိုးသစ်ဆက်ထွန်းက ရိုက်ကူးခဲ့တာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကလေးငယ်ရဲ့ ပညာပေးဗွီဒီယိုကို ကြည့်ရှုသူနဲ့ ပြန်ပြီးမျှဝေတဲ့သူလည်း အများကြီးရှိခဲ့တာပါ။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် ဇန်နဝါရီကနေ မေလကုန်အထိ လူ ၄ ယောက်မှာ Influenza A(H1N1)pdm09 ပိုးတွေ့ပြီး သေဆုံးသူမရှိပဲ ဇွန်လ အစောပိုင်းကစလို့ ရာသီတုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၄၈ ယောက်ထဲက ၁၂ ယောက်မှာ ပိုးတွေ့ပြီး ၆ ယောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ အသက်အရွယ်ကြီးရင့်သူတွေ၊ အသက်ငယ်လွန်းသူတွေ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ စတဲ့ နာတာရှည် ရောဂါအခံရှိသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗွီဒီယို Moore Thit Sett Htoon

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013