DVB Logo
Home
မြန်မာသတင်း
မစိမ့်ထက် ရုပ်အလောင်းကို ပူတာအိုတွင် မီးသင်္ဂြိုဟ်
DVB
·
May 30, 2019
မစိမ့်ထက် ရုပ်အလောင်းကို ပူတာအိုတွင် မီးသင်္ဂြိုဟ်
1 / 9
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမှာရှိတဲ့ ဖန်ကရန်ရာဇီတောင်ကို တက်ရောက်ခဲ့ပြီး အပြန်လမ်းမှာ တောင်အောက်ကို ပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်ရဲ့ရုပ်အလောင်းကို ဒီနေ့ နေ့ခင်းပိုင်းက  မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

မစိမ့်ထက်ရဲ့ အလောင်းကို ပူတာအိုမြို့ ရှမ်းရွာသင်္ချိုင်းမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ မစိမ့်ထက်ရဲ့  ဖခင်က ပြောပါတယ်။

ဧပြီ ၁၂ ရက်က ကချင်ပြည်နယ် ဖုန်ဂရန်ရာဇီ ရေခဲတောင်ပေါ်ကနေ ခြေချော်ပြုတ်ကျသွားတဲ့ မစိမ့်ထက်ကို ဒေသခံတွေရဲ့ ၀ိုင်းဝန်းရှာဖွေပေးခဲ့မှုနဲ့ မေလ ၂၅ ရက်နေ့ မှာ အလောင်းပြန်တွေ့ခဲ့တာပါ။

တွေ့ရှိတဲ့အလောင်းကို ပူတာအိုမြို့အထိ သယ်ယူလာခဲ့ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးအပြီးမှာ အခုလို သင်္ဂြိုဟ်လိုက်တာပါ။

“မှုခင်းဆရာဝန်ကတော့ စစ်ဆးတယ်။ ဒါပေမယ့် ကျနော်တို့ကို ဘာမှမပြောသေးဘူး။” လို့ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြောပါတယ်။

မစိမ့်ထက်အပါအ၀င် အဖွဲ့ဝင် ၂၀ ပါဝင်တဲ့ The Summiter တောင်တက်အဖွဲ့ဟာ ဧပြီလ ၆ ရက်နေ့က စတင်တက်ရောက်ခဲ့ပြီး ၁၂ ရက်နေ့မနက်ပိုင်းမှာ တောင်ထိပ်ကို ရောက်ရှိခဲ့ပြီး မနက် ၉ နာရီကျော်အချိန် တောင်အောက်ကိုပြန်ဆင်းရာမှာ မစိမ့်ထက်ခြေချော်ပြီး တောင်အောက် ပြုတ်ကျသွားခဲ့တယ်လို့ တောင်တက်အဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။

ပျောက်ဆုံးနေခဲ့တဲ့ မစိမ့်ထက်ကို ရက်ပေါင်း ၄၀ ကျော်အကြာ မေ ၂၅ ရက်နေ့မှာ ကချင်ဒေသခံ တိုင်းရင်းသား ရ၀မ်လူမျိုးများဖြစ်ကြတဲ့ ဒေသခံ ၈ ဦးက မစိမ့်ထက်အလောင်းကို ဖန်ကရန်ရာဇီရေခဲတောင် အမြင့်ပေ (၁၁၈၀၀) မှာ တွေ့ရှိခဲ့တာပါ။

မစိမ့်ထက်နဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဘယ်လိုဆက်သွားမယ်ဆိုတာကိုတော့ သေဆုံးသူရဲ့မိသားစုဝင်တွေက တစုံတရာပြောဆိုထားခြင်းမရှိသေးပါဘူး။

ဒါပေမယ့် မစိမ့်ထက်တောင်ပေါ်ကနေ ပြုတ်ကျခဲ့မှုဟာ တောင်တက်အဖွဲ့ခေါင်းဆောင်မှာ တာဝန်ရှိပြီး သူတို့ရဲ့ပေါ့ဆမှုကြောင့် အခုလိုဖြစ်ရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ဓာတ်ပုံ-ဆရာဦးကျင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013