DVB Logo
Home
မြန်မာသတင်း
ဦးဝီရသူကို ဖမ်းဝရမ်းထုတ်သည့်ကိစ္စ မြို့နယ်သံဃနာယကအဖွဲ့ထံ ရဲမှူးလျှောက်ထား
DVB
·
May 30, 2019
ဦးဝီရသူကို ဖမ်းဝရမ်းထုတ်သည့်ကိစ္စ မြို့နယ်သံဃနာယကအဖွဲ့ထံ ရဲမှူးလျှောက်ထား
Donate to DVB

မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ထားတဲ့အကြောင်း မဟာအောင်မြေမြို့နယ် ရဲမှူးက မြို့နယ်သံဃနာယကအဖွဲ့ထံ လာရောက်လျှောက်ထားပါတယ်။

ရဲမှူးနဲ့ တာဝန်ရှိသူတွေဟာ မစိုးရိမ်တိုက်ဟောင်းက မြို့နယ်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဦးပညာသာမိဘိဝံသထံကို မေ ၂၉ ရက် ညနေပိုင်းက လာရောက်ပြီး ဆရာတော် ဦးဝီရသူအား ဖမ်းဝရမ်းထုတ်ထားရတာနဲ့ ပတ်သက်လို့ အတည်ပြုချက်ကို လာရောက်လျှောက်ထားခဲ့တာလို့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးဝင်းနိုင်က ပြောပါတယ်။

ဒါ့အပြင် ဆရာတော် ဦးဝီရသူ သီတင်းသုံးရာ မစိုးရိမ်တိုက်သစ်ကိုလည်း ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

မဟာအောင်မြေမြို့နယ် သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော် ဦးပညာသာမိဘိဝံသက “ပွင့်ပွင်းလင်းလင်းပြောရရင် ဒီနေ့ ဝီရသူကို ဖမ်းဝရမ်းထုတ်ထားတာကို အောက်အဖွဲ့အစည်းဆိုတော့ အကောင်အထည် ဖော်ရတာဖြစ်တော့၊ ဥပဒေအတိုင်း သွားနေတာ။ ဘုန်းကြီးက မြို့နယ်သံဃမဟာနာယက ဒုဥက္ကဋ္ဌဖြစ်တဲ့အတွက် ခေါင်းရှောင်လို့မရဘူး။ ပေးထားတဲ့တာဝန်ကို ကျေအောင်လုပ်ရမှာ၊ နောက်တခါ ပြန်လာရင် ဖမ်းဆီးဖို့လုပ်တဲ့အခါ မြို့နယ်သံဃနာယကအဖွဲ့က ကူညီဆောင်ရွက်ပေးဖို့ လာလျှောက်တာ၊ လူဆိုရင်တော့ ဘယ်နား ဘယ်လိုဖမ်း ဖမ်းလို့ရတယ်” လို့ မိန့်ပါတယ်။

ဥပဒေအရ ဖမ်းဆီးတဲ့အခါ သံဃအဖွဲ့အစည်းနဲ့ သက်ဆိုင်နေရင် သက်ဆိုင်ရာ သံဃအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ရှေ့မှောက်မှာ ဆောက်ရွက်ရတာ ဖြစ်ပါတယ်။

ဆရာတော် ဦးဝီရသူကို ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013