DVB Logo
Home
မြန်မာသတင်း
ဦးဝီရသူ ထွက်ပြေးနေခြင်းမဟုတ်ဟု အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ပြော
DVB
·
May 31, 2019
ဦးဝီရသူ ထွက်ပြေးနေခြင်းမဟုတ်ဟု အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ပြော
Donate to DVB

မန္တလေး မစိုးရိမ် (တိုက်သစ်) ဆရာတော် ဦးဝီရသူဟာ ထွက်ပြေးနေတာ မဟုတ်ဘဲ ဝရမ်းအထောက်အထားနဲ့ ဖမ်းဆီးဖို့က ရဲတပ်ဖွဲ့ရဲ့ တာဝန်သာဖြစ်တယ်လို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်က ပြောပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးအရေးယူဖို့ ၀ရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကို ထောက်ခံသူတွေဟာ ဒီနေ့မွန်းလွဲ ၂ နာရီလောက်က ကြေးသွန်းဘုရားမှာ စတင်စုစည်းကြပြီး ရွှေတိဂုံဘုရားကို တက်ရောက် ဆုတောင်းမှုတွေ  ဒုတိယနေ့အဖြစ် ထပ်မံကျင်းပခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဦးဝီရသူရဲ့ ဖမ်းဝရမ်းကို မေ ၂၉ ရက်နေ့က မစိုးရိမ်ကျောင်းတိုက်ကို သွား လျှောက်ထားပြီးဖြစ်ပေမယ့်  ကျောင်းတိုက်မှာ ဦးဝီရသူကိုတော့ မတွေ့ခဲ့ပါဘူး။

လက်ရှိ ရန်ကုန်မြို့ကို ဦးဝီရသူ ရောက်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီကနေ့  ပြုလုပ်တဲ့ဆုတောင်းပွဲကို ရောက်မလာသလို ရဲစခန်းမှာ သွားရောက် အဖမ်းခံတယ်ဆိုတဲ့ သတင်းတွေလည်း မကြားရသေးပါဘူး။  သူ့ကို ထောက်ခံသူတွေကတော့ ဦးဝီရသူအနေနဲ့ ထွက်ပြေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ကတော့ ဦးဝီရသူကို ခေါ်ယူပြီး နောက်နောင် ဒီလို လူမှုရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်တာတွေမလုပ်ဖို့ သြ၀ါဒပေးဖို့ စီစဉ်ထားပေမယ့် မေ ၂၉ ရက်ညနေမှာ အဲဒီအစီအစဉ်ကို ဆိုင်းငံ့တယ်လို့  သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်နဲ့ မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့  လူထုထောက်ခံပွဲမှာ ဦးဝီရသူ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရကို ဂုဏ်သိက္ခာထိပါးစေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဦးဝီရသူရဲ့ ဟောပြောမှုတွေဟာ လူမျိုးရေး အမုန်းပွားမှုတွေကို ဦးတည်နေပြီး လက်ရှိ အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေးဝေဖန်မှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိပါတယ်။

ဦးဝီရသူရဲ့ပြောဆိုမှုတွေနဲ့ ပတ်သက်လို့  နိုင်ငံတကာ မီဒီယာတွေမှာလည်း ရှုတ်ချဝေဖန်မှုတွေ ရှိနေပြီး ဗုဒ္ဓဘင်လာဒင်အဖြစ် ကမ္ဘာကျော် အကြမ်းဖက်သမား ဘင်လာဒင်နဲ့ ခိုင်းနိုင်းရေးသားနေကြပါတယ်။

နိုင်ငံတကာမီဒီယာတွေက ဘင်လာဒင်နဲ့ ခိုင်းနှိုင်းတာတွေကိုလည်း ဂရုစိုက်စရာမရှိဘူးလို့ ဦးဝီရသူကို ထောက်ခံသူတွေက ပြောပါတယ်။

ဦးဝီရသူအနေနဲ့ အခု တရားစွဲဆိုမှုကို ဘယ်လိုပြန်တုံ့ပြန်မယ်ဆိုတာကိုတော့  တရားဝင်ဖြေရှင်း ပြောဆိုတာ မရှိသေးပါဘူး။

လာမယ့် ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ညီလာခံ ကျင်းပဖို့ရှိတာကြောင့် အဲဒီအချိန်အထိ အဖမ်းမခံဘဲ တိမ်းရှောင်နိုင်တယ်လို့ သုံးသပ်မှု တွေလည်း ရှိပါတယ်။

ဝရမ်းထုတ်ခံရသူ ထွက်ပြေးတမ်းရှောင်နေတယ်ဆိုရင် ဝရမ်းကို ပြန်ရုပ်သိမ်ပြီး တရားရုံးက တရားခံပြေးအဖြစ် ကြေညာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013