DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း ရွှေတူးဖော်လုပ်ကွက်တွင် ယမ်းပေါက်ကွဲပြီး ၂ ဦးသေ၊ ၁ဦးဒဏ်ရာရ
DVB
·
May 27, 2019
သပိတ်ကျင်း ရွှေတူးဖော်လုပ်ကွက်တွင် ယမ်းပေါက်ကွဲပြီး ၂ ဦးသေ၊ ၁ဦးဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေသတ္တုတူးဖော်ရေးလုပ်ကွက်မှာ  မေလ ၂၆ ရက် မွန်းလွဲ ၁ နာရီလောက်က ယမ်းဖောက်ခွဲဖို့လုပ်နေချိန် ပေါက်ကွဲသွားလို့ လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့  ပြည်ထဲရေးဌာနက သတင်းထုတ်ပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ဝက်သေကျေးရွာရှိ တရားဝင်လုပ်ကိုင်နေတဲ့ ရွှေဝါတောင်ရွှေ သတ္တုတူးဖော်ရေးကုမ္ပဏီရဲ့ လုပ်ကွက်အမှတ် TPK 106 မှာ အလုပ်သမား ၃ ဦးဟာ အနက်ပေ ၁ဝဝ လောက်ရှိတဲ့ အင်းအတွင်းရှိ ရွှေပါတဲ့ ကျောက်တွေကို ယမ်းခွဲဖို့ ပြင်ဆင်ပြီး အင်းပေါ်ကို ပြန်တက်ချိန် ဝါယာရှော့ခ်ဖြစ်ပြီး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ဦးကျော်သိန်း(ခ)ဦးရခိုင်နဲ့ ဦးကျော်သီဟ(ခ)ဦးချင်းတို့ မျက်နှာစုတ်ပြတ်၊ ဝမ်းဗိုက်ပွင့်ထွက်သွားပြီး ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။ သန်းဇော်ကတော့ ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိပြီး သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။

သပိတ်ကျင်းမြို့မရဲစခန်းက ရွှေဝါတောင်ကုမ္ပဏီမန်နေဂျာ ထွန်းနိုင်နဲ့ အေးမင်းထွန်းတို့ ၂ ဦးကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ပုဒ်မ-၂၈၆/၃၀၄-က/၃၃၇/၁၁၄(ပေါက်ကွဲစေတတ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ ပေါ့လျော့မှု၊ လူသေမှု၊ သာမန်နာကျင်စေမှု၊ အားပေးကူညီမှု)နဲ့ အမှုဖွင့်စစ်ဆေး နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013