DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း မဲရုံတွင် အမျိုးသမီး ၁ ဦး ကိုယ်စားမဲပေးမှု ဖြစ်ပွား
DVB
·
November 3, 2018
သပိတ်ကျင်း မဲရုံတွင် အမျိုးသမီး ၁ ဦး ကိုယ်စားမဲပေးမှု ဖြစ်ပွား
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ မဲရုံအမှတ် (၂) မှာ ဒီနေ့ နေလယ်ပိုင်းက အမျိုးသမီးတယောက် ကိုယ်စားမဲပေးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

ကိုယ်စားမဲလာပေးတဲ့ကိစ္စ ညှိနှိုင်းဖြေရှင်းပေးပြီးပြီလို့  သပိတ်ကျင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမြတ်စိုးက ပြောပါတယ်။

“မဲပေးတဲ့ကလေးက ၁၈ နှစ် ရှိပါသေးတယ်။ သူ့ သူငယ်ချင်းအစား သူ့ သူငယ်ချင်းအဖေက အကူအညီတောင်းလို့ သူ ဘုမသိ ဘမသိနဲ့ ပေးသွားတာပါ”

မြို့နယ်ကော်မရှင်နဲ့ ကိုယ်စားလှယ်လောင်းတွေပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဆုံးဖြတ်ချက်နဲ့ ကိုယ်စားမဲပေးသူကို ခံဝန်ကတိတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ပြောပါတယ်။

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတယောက်က “ကနဦးဖြစ်စဉ်အနေနဲ့ ပြောရရင်တော့ သူ့သူငယ်ချင်းက အဝေးသင်စာမေးပွဲ သွားဖြေနေတယ်။ အဲဒါ မဲထည့်ပေးပါဆိုလို့ သူက လာထည့်တာပါ။ ရွေးကောက်ပွဲဥပဒေကို နားမလည်တဲ့ သဘောပေါ့ဗျာ။ အခုကတော့ သူ့ကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဦးစီးမှူးက “အခု စေ့စပ်ညှိနှိုင်းရေး ကော်မတီက ဆွေးနွေးညှိနှိုင်းဖြေရှင်းလိုက်ပါတယ်။ ခံဝန်ချုပ်ယူပြီး ပြန်လွှတ်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013