DVB Logo
Home
နိုင်ငံတကာ
OpenAI ရှယ်ယာ ၉၀ ရာခိုင်နှုန်းအထိ အီလွန်မတ်စ်ခ် ရယူလို
DVB
·
May 13, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က OpenAI ကုမ္ပဏီကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး မေ ၁၂ ရက်က စီးအီအိုဖြစ်တဲ့ ဆမ်အော့တ်မန်းဟာ ဖက်ဒရယ်တရားသူကြီးရှေ့မှောက် အရောက်လာခဲ့ပါတယ်။

၂ ပတ်ကျော်ကြာ တရားခွင် စတင်ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုတ်ကလန်မြို့မှာ အခုလိုမျိုး အော့တ်မန်း အနေနဲ့ ပထမဆုံးအကြိမ် လာရောက်ထွက်ဆိုခဲ့တာပါ။

OpenAI ဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတခုအဖြစ် စတင်ခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ အော့တ်မန်းက မူလရည်ရွယ်ချက်ကို ပြောင်းလဲပြီး လုယူသွားခဲ့ကြောင်း မတ်စ်ခ်က စွပ်စွဲ ထားပါတယ်။

ဒါ့ကြောင့်ပဲ မတ်စ်ခ်ဟာ OpenAI အပါအဝင် သူတို့ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်လာတဲ့ Microsoft ဆီကနေ ဒေါ်လာ ၁၅၀ ဘီလီယံ နစ်နာကြေးကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် OpenAI ရဲ့ လက်ရှိဥက္ကဋ္ဌ ဂရက်ဂ် ဘရော့ခ်မန်းနဲ့ အမှုဆောင်အရာရှိချုပ် အော့တ်မန်း တို့ကိုပါ ပူးတွဲတည်ထောင်သူဖြစ်တဲ့ မတ်စ်ခ်က အမှုဖွင့်ထားပါတယ်။

“အစောပိုင်းမှာ မစ္စတာမတ်စ်ခ် ထုတ်ပြောလာတဲ့ ပမာဏအရ အစုရှယ်ယာ ၉၀ ရာခိုင်နှုန်းကို သူပိုင်ဆိုင်သင့်တယ် ဆိုတာပါပဲ။ နောက်ပိုင်းမှာတော့ အနည်းငယ် လျော့ကျသွားပေမဲ့ အမြဲတမ်း အများစုပဲ လိုချင်နေခဲ့တာပါ” လို့ အော့တ်မန်းက မှတ်ချက်ပေးပါတယ်။

ဒါဟာ OpenAI ကို ထိန်းချုပ်ခွင့်ရဖို့ မတ်စ်ခ်က ကြိုးပမ်းခဲ့တာ ဖြစ်သလို သူသေသွားရင်တောင် သူ့ကလေးတွေဆီ လွှဲပြောင်းပေးဖို့ အကြံပြုခဲ့သေးတယ်လို့လည်း ဖြည့်စွက် ပြောသွားပါတယ်။

ဒါ့အပြင် OpenAI ဘုတ်အဖွဲ့ဟာ လူသားမျိုးနွယ် အကျိုးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေါ်လာ ၃၈ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ သူ့ကို ဆွဲဆောင်ခဲ့ကြောင်း မတ်စ်ခ်က ထွက်ဆိုထားပါတယ်။

၂၀၁၉ ခုနှစ် အရောက်မှာတော့ OpenAI ကုမ္ပဏီဟာ အကျိုးအမြတ်လိုလားတဲ့ စီးပွားရေးလုပ်ငန်း အဖြစ်သာ ပြောင်းလဲသွားတယ်ဆိုပြီး ဖော်ပြထားပါတယ်။

တချိန်တည်းမှာ OpenAI ကလည်း အများပြည်သူဆီ အစုရှယ်ယာတွေ စတင်ရောင်းချဖို့ (IPO) ပြင်ဆင်နေတဲ့အလျောက် အဲဒီလုပ်ငန်းစဉ်ပြီးရင် ကုမ္ပဏီတန်ကြေးဟာ ဒေါ်လာ ၁ ထရီလီယံအထိ ရှိလာနိုင်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း OpenAI ကို စတင်တည်ထောင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ မတ်စ်ခ်ဟာ ဘုတ်အဖွဲ့ကနေ နုတ်ထွက်သွားတဲ့အပြင် သူ့ကိုယ်ပိုင်ကုမ္ပဏီ xAI ပါ ပေါ်ပေါက်လာခဲ့ပါတယ်။

မကြာသေးတဲ့ နှစ်ပိုင်းအတွင်း နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက် လာတာကြောင့် ၂၀၃၃ ခုနှစ်ရောက်ရင် ကမ္ဘာလုံးဆိုင်ရာ AI ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၄ ဒသမ ၈ ထရီလီယံအထိ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013