DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်၌ မလေးရှားပို့မည့် မူးယစ်ဆေးဝါး  ကျပ် သန်း ၂,၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိ
DVB
·
May 6, 2026
Photo : CCDAC MYANMAR
Photo : CCDAC MYANMAR
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မလေးရှားကို သယ်ဆောင်မဲ့ ငွေကျပ် သန်း ၂,၀၀၀ ကျော် တန်ဖိုးရှိတဲ့  စိတ်ကြွရူးသွပ်ဆေးပြား အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ဖမ်းဆီး ရမိပြီး ပို့ခိုင်းသူကို‌တော့ ဖမ်းမမိသေးဘူးလို့ စစ်အာဏာရှင်ရဲ့ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုအဖွဲ့က မေ ၅ ရက် ညမှာ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၂၆ ရက် မနက် ၈ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရန်ကုန်ကနေ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်ကို ထွက်ခွာမဲ့လေယာဉ်နဲ့ လိုက်ပါမဲ့ ခရီးသည် မျိုးညီညီဟိန်းနဲ့ မနှင်းသဇင်ဦးတို့ဆီကနေ အိုက်စ် ၂၆ ဒသမ ၆ ကီလိုကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီနေ့ မနက် ၁၁ နာရီအချိန်မှာ အလားတူ လေယာဉ်နဲ့လိုက်ပါမဲ့ ခရီးသည် တင်အောင်သန်း၊ မခင်သန္တာဝင်း၊ ခင်မောင်သန်းနဲ့ ချမ်းမြေ့ပိုင်တို့ဆီကနေ အိုက်စ် ၅၆ ဒသမ ၀၅ ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဲဒီနေ့ မနက် ၁၁ နာရီခွဲမှာ ဖမ်းဆီးရမိထားတဲ့ အိုက်စ်တွေကို လက်ခံပြီး ပို့ဆောင်ပေးနဲ့ မင်္ဂလာတောင်ညွန့်မြိုနယ်က နိုင်ငံတကာ ကုန်စည်ပိုဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းကို ဝင်ရောက်ရှာဖွေရာမှာ မထက်ဧကရီနဲ့ မကြယ်စင်လင်းလဲ့ တို့ဆီကနေ အိုက်စ် ၉ ဒသမ ၅ ကီလိုကို ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ အိုက်စ်တွေကို အောင်ကျော်ဝင်း(ခ)အောင်အောင်နဲ့ သူ့ရဲ့ဇနီး မသန္တာလွင်တို့က မလေးရှားနိုင်ငံဆီကို ပို့ပေးဖို့ အပ်နှံခဲ့တာဖြစ်ပြီး သူတို့ကိုတော့ လားရှိုးမြို့၊ ရပ်ကွက် ၂ က ဟိုတယ်မှာ အိုက်စ် ၁ ကီလိုနဲ့အတူ ထပ်ပြီး ဖမ်းမိတာကြောင့် ဒီဖြစ်စဉ်ကနေ စုစုပေါင်း ဒေသတန်ဖိုးငွေကျပ်သန်း ၂,၃၁၆ ကျော်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ အိုက်စ်တွေကို မလေးရှားနိုင်ငံဆီကို ပို့ပေးဖို့ သီပေါမြို့နယ်၊ လင်တိကျေးရွာနေ လောက်ချီက ခိုင်းခဲ့တာဖြစ်ပြီး သူ့ကိုတော့ ဖမ်းမမိ သေးဘူးလို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013