DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ရွာသား ၁ဦး မိုင်းနင်းမိ
DVB
·
May 20, 2019
သီပေါတွင် ရွာသား ၁ဦး မိုင်းနင်းမိ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု တွန်ကျိုင်းရွာမှာ ဒီနေ့မနက်က ရွာသားတဦး မိုင်းနင်းမိပြီး  ဒဏ်ရာရသွားပါတယ်။

တွန်ကျိုင်းရွာသား စိုင်းအဲန် (အသက် ၂၀ နှစ်) ဆိုသူမှာ ဒီနေ့မနက်စောစောက ယာ ခင်းထဲ အလုပ်သွားလုပ်စဉ် လမ်းမှာ မိုင်းနင်းမိခဲ့တာလို့ နားမခေါ်ရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမနက် တောင်ယာသွားရင်း နင်းမိတယ်လို့ ရွာထဲမှာ ပြောနေကြတယ်။ အသေးစိတ်တော့မသိရဘူး၊ ဒဏ်ရာဘယ်လောက်ကြီးလဲတော့ မသိဘူးခင်ဗျ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး သီပေါ နယ်စည်းမခြားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးက “ သူတို့ရွာ ကလူတွေက ထော်လဂျီနဲ့ နားမခေါ်ရွာဆီ ခေါ်လာတယ်၊ အဲဒီကနေ ကျနော်တို့အဖွဲ့ ကားနဲ့ သီပေါဆေးရုံကို ခေါ်လာပါတယ်ခင်ဗျ။ ဒဏ်ရာက ဘယ်ဘက်ပေါင်ရင်းနဲ့ ဘယ်ဘက်ခြေ သလုံးကိုထိတယ်။ လူနာက သတိလည်း ကောင်းနေပါတယ်။ ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး။” လို့ ပြောပါတယ်။

အဆိုပါ နားမခေါ် တွန်ကျိုင်းကျေးရွာဘက်မှာ ဒီနှစ်ဆန်းပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တွေကြား  တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာသားတွေ ရာနဲ့ချီ နားမခေါ်စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း တပ်နှစ်ဘက် အပစ်ခတ်ရပ်ကြောင်း ကြေညာပြီး စစ်ရှောင်ရွာသားတွေလည်း ဧပြီ ၃ ရက်နေ့ကတည်းက နေအိမ်အသီးသီးပြန်ကုန်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်  ဘယ်အဖွဲ့က မြှုပ်ထားမှန်းမသိတဲ့ မိုင်းစတွေ ကျန်နေလို့ တခါတရံ တောင်ယာလုပ်ဖို့ သစ်ရွက်ခြောက်တွေ မီးရှို့ရင် မြေကြီးထဲက မိုင်းတွေ ပေါက်ကွဲကြောင်း၊ အခန့် မသင့်ရင် နင်းမိတတ်လို့ အထူးသတိထားနေရတယ်လို့ နားမခေါ်ရွာသားက ပြောပါတယ်။

ဓာတ်ပုံ- Shar Htat Paing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013