DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အစည်းအဝေးတွင် မေးခွန်းအချို့ မပါလာခြင်း ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ဖြစ်ဟုဆို
DVB
·
May 10, 2019
လွှတ်တော်အစည်းအဝေးတွင် မေးခွန်းအချို့ မပါလာခြင်း ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ဖြစ်ဟုဆို
Donate to DVB

“တပ်မတော်သည် အစိုးရလက်အောက်တွင် ရှိ/မရှိ” မေးခွန်း လွှတ်တော်အစည်းအဝေးမှာ ပါမလာတာဟာ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

မေလ ၁၀ ရက်နေ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးအစီစဉ်ကို မေလ ၉ ရက်နေ့ ညနေပိုင်းမှာ ကြိုတင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ “တပ်မတော်သည် ပြည်ထောင်စု အစိုးရရဲ့ ဦးဆောင်မှုအောက်တွင် ရှိမရှိနှင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပရိပက္ခများ ဖြစ်ပွားခဲ့ခြင်း ရှိမရှိ” သိရှိလိုတဲ့ မေးခွန်းပါဝင်ခဲ့ပေမယ့် အမှန်တကယ် လွှတ်တော်ကျင်းပချိန်မှာတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် တွေ့ဆုံမေးမြန်းခဲ့ရာမှာတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

“အဲတာက ဥက္ကဋ္ဌက ဆုံးဖြတ်ရတဲ့ကိစ္စပါ။ အန်ကယ်တို့ ဆုံးဖြတ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဥက္ကဋ္ဌ ဆုံးဖြတ်ချက်အရ မပါတာ။ လျှာထားချက်ဆိုတာက လျှာထားချက်တွေကတော့ အများကြီးရှိတာပေါ့။ မေးခွန်းတွေကလည်း အများကြီးရှိပါတယ်။ အဲတာကို ဒီနေ့ အာဂျန်တာမှာ ဘာထည့်မယ် ဘာမထည့်ဘူးဆိုတာကို ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်” လို့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အဆိုတခုအား အလားတူ လွှတ်တော်အစည်းအဝေး အစီစဉ် လျှာထားချက်မှာ ထည့်သွင်းဖော်ပြခဲ့ပြီး အစည်းအဝေး ကျင်းပချိန်မှာတော့ ပါဝင်ခြင်းမရှိခဲ့တဲ့ ဖြစ်စဉ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေအပေါ်မှာတော့ အမျိုးမျိုးသုံးသပ်ချက်တွေရှိနေခဲ့ပြီး ကိုယ်စားလှယ်အချို့ရဲ့ အဆိုအရ တပ်မတော်နဲ့ ဆက်ဆံရေး ထိခိုက်မှုမရှိစေဖို့အတွက် အစည်းအဝေးလျှာထားချက်မှာ ပါဝင်ခဲ့ပေမယ့် အမှန်တကယ် အစည်းအဝေး ကျင်းပချိန် ပယ်ဖျက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အချို့ကတော့ “တပ်မတော်သည် အစိုးရလက်အောက်တွင်ရှိ/မရှိ” မေးခွန်းသည် မေးမြန်းဖို့ မသင့်တော်သည့်မေးခွန်းအဖြစ် ရှုမြင်ကြပြီး မေးခွန်းအဖြစ် မေးမြန်းခွင့်ပြုလိုက်ပါက အစိုးရရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်တဲ့ မေးခွန်းမျိုးဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

အောင်ဆန်းဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013