DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ဖူးခက်တွင် ကျင်းပမည့် ဆရာတော်ဦးဝီရသူ တရားပွဲ ဖျက်သိမ်း
DVB
·
May 3, 2019
ထိုင်းနိုင်ငံ ဖူးခက်တွင် ကျင်းပမည့် ဆရာတော်ဦးဝီရသူ တရားပွဲ ဖျက်သိမ်း
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့၊ စူပါချိပ်ကုန်တိုက်အပိုင် နာခါတန်းလျားမှာ ဒီကနေ့ မေလ ၃ ရက် ည ၈ နာရီအချိန် ကျင်းပဖို့ စီစဉ်ထားတဲ့ တရားပွဲတခုကို ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

တရားပွဲမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်ကျောင်း ဆရာတော် ဦးဝီရသူကို ပင့်ဖိတ်ထားပေမယ့် ပွဲစီစဉ်တဲ့ထဲ ပါဝင်သူ ဒကာတချို့က ဘေးကိစ္စတွေ ဝင်လာမှာ စိုးရိမ်တယ်ပြောလို့ သူတို့အကြံပြုချက် လေးစားတဲ့အနေနဲ့ တရားပွဲ ဖျက်သိမ်းလိုက်တာလို့ တရားပွဲစီစဉ်သူ ကိုမင်းမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အစက ဆရာတော် ထိုင်းလာဖို့ရှိတယ်ဆိုတာ သိရလို့ အခွင့်ကြုံတုန်း တရားပွဲလုပ်ဖို့ စီစဉ်လိုက်တာပါ။ ဒါပေမယ့် ကျနော်တို့ ပွဲဖြစ်မြောက်ရေးထဲက တချို့တွေက ဘေးကိစ္စတွေ ဝင်လာမှာ စိုးရိမ်တယ်။ ဖြစ်လာရင် မလုပ်ရဲဘူးလို့ ပြောလာတော့ ကျနော်လည်း အများဆန္ဒနဲ့အညီ မလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ထိုင်းအာဏာပိုင်တွေက တားမြစ်တယ်ဆိုတာ မဟုတ်ပါဘူး၊ အရင်က ကျနော်တို့ကျင်းပခဲ့တဲ့ တရားပွဲတိုင်းကိုလည်း ခွင့်ပြုခဲ့ပါတယ်။ ဒီကိစ္စလည်း ဘာမှ လာပြောတာမရှိပါဘူး။ မလုပ်ဖြစ်တဲ့အကြောင်း ဆရာတော်ကိုလည်း သူ့ဒကာတွေကနေတဆင့် ပြန်လျှောက်ထားလိုက်ပါတယ်။ တရားပွဲလာမယ့်သူတွေ အားလုံးကိုလည်း ဒီကနေ တောင်းပန်ပါတယ်ခင်ဗျ။”

ဖူးခက်ခရိုင်မှာ မြန်မာအလုပ်သမားတွေ သောင်းနဲ့ချီ ဝင်ရောက်လုပ်ကိုင်နေပြီး စူပါချိပ်ကုမ္ပဏီပိုင် လုပ်ငန်းတွေထဲမှာတင် မြန်မာလုပ်သား ၂၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အမိမြေနဲ့ ခွဲခွာလာတဲ့ မြန်မာလုပ်သားတွေ အချင်းချင်း လာရောက်ဆုံဆည်းပြီး ဓမ္မတရား နားဆင်ကာ ကုသိုလ်ရဖို့၊ လူမှုကူညီရေးကိစ္စတွေ ဖလှယ်ဖို့ ဖူးခက်မှာ မြန်မာလုပ်သားတွေကြား တရားပွဲကို အလျဉ်းသင့်သလို ဆောင်ရွက်နေတာ အနည်းဆုံး ၈ ကြိမ်လောက် ရှိသွားပြီလို့ သိရပါတယ်။

ဆရာ​တော်​ ဦးဝီရသူဟာ ၂၀၁၇ ခုနှစ်မှာ တရားပွဲ ၁ နှစ်ကြာ ပိတ်ပင်ခံထားရပြီးနောက် မန္တ​လေးတိုင်း​အတွင်း ပထမဆုံးတရားပွဲကို ပြည်​ကြီးတံခွန်မြို့နယ်​​​မှာ ပြီးခဲ့တဲ့နှစ် မတ် ၂၈ ရက်ေ​န့က စတင်​​ဟောကြားခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013