DVB Logo
Home
မြန်မာသတင်း
ဆယ်ကျော်သက်များ ကွမ်းယာမစားရန် Generation တခု သတ်မှတ်စည်းရုံးသင့်
DVB
·
April 6, 2019
ဆယ်ကျော်သက်များ ကွမ်းယာမစားရန် Generation တခု သတ်မှတ်စည်းရုံးသင့်
Donate to DVB

ဆယ်ကျော်သက် ကလေးငယ်တွေ ကွမ်းယာစားသုံးနှုန်း မြှင့်မားလာတဲ့အတွက် Generation တခု သတ်မှတ်ပြီး ကွမ်းမစားသူတွေ ပေါ်လာအောင် စည်းရုံးလုပ်ဆောင်သင့်တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ  ဒေါက်တာသန်းစိန်က ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် ကလေးငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းနီးပါးမှာ ကွမ်းယာစားသုံးနေတယ်လို့ ဆိုပါတယ်။

ကွမ်းယာ စားသုံးနေတဲ့ ကလေးငယ်တွေဟာ အသက် ၁၀  နှစ်နဲ့ ၁၂ နှစ်အရွယ် မူလတန်းကနေ အလယ်တန်းအဆင့်ကို ကူးပြောင်းတဲ့အရွယ်မှာ စတင်စားသုံးနေကြတာပါ။

ဒါကြောင့် ကလေးငယ်တွေကြားမှာ ကွမ်းစားနှုန်းပပျောက်ဖို့ မျိုးဆက် (Generation) တခုသတ်မှတ်ပြီး စည်းရုံးလုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်နဲ့ ကွမ်းစားသုံးရင် ရောဂါတွေ ဖြစ်တတ်တယ်ဆိုတဲ့အသိကို ကလေးတွေ ငယ်ရွယ်စဉ်ကတည်းကနေ သိရှိဖို့ မူလတန်းအရွယ် ၃ တန်း၊ ၄ တန်း တက်ရောက်နေတဲ့ ကလေးငယ်တွေကနေစပြီး ကျောင်းတွေမှာ အသိပညာပေးတာတွေ လုပ်ဆောင်ရမှာပါ။

ဒါ့အပြင် ဆေးလိပ်မသောက်ရ နယ်မြေ သတ်မှတ်တာတွေနဲ့ ကျောင်းအနီးပတ်ဝန်းကျင်မှာ ကွမ်းယာမစားရအောင် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ကွမ်းယာစားသုံးနေတဲ့ ဆယ်ကျော်သက်ကလေးအများစုဟာ မိဘတွေ၊ မိသားစုဝင်တွေ၊ လူငယ်တွေက ကွမ်းစားသူတွေဖြစ်တာကြောင့် ကွမ်းယာစားတတ်လာကြတယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးမှာတော့ ကွမ်းယာစားသုံးသူ ၁၂ သန်းနီးပါးရှိတယ်လို့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေရှင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကွမ်းယာ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ သုံးစွဲတာကနေ ဖြစ်ပွားတဲ့ ရောဂါတွေနဲ့  သေဆုံးသူ နှစ်စဉ် လူဦးရေ ၆၅၀၀၀ ဦးလောက် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013