DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ် ပျက်စီးခြင်းမရှိ၊ အကောင်းအတိုင်းရှိနေဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြော
DVB
·
April 5, 2019
ဧရာဝတီမြစ် ပျက်စီးခြင်းမရှိ၊ အကောင်းအတိုင်းရှိနေဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြော
Donate to DVB

ဧရာဝတီမြစ်ရဲ့ လက်ရှိတည်ရှိနေမှု အနေအထားအရ ပျက်စီးမှုမရှိသေးဘဲ အကောင်းအတိုင်း တည်ရှိနေသေးတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူတွေကတော့ မြန်မာနိုင်ငံရဲ့ အဓိက မြစ်တစင်းဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းဖို့လိုအပ်နေကြောင်း ပြောဆိုနေကြသလို ဧရာဝတီမြစ်အပေါ် တည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းရေးနဲ့ ဧရာဝတီမြစ် ထာဝရ ရှင်သန်ရေးတောင်းဆိုတဲ့ လှုပ်ရှားမှုတွေလည်းပြုလုပ်နေကြပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဆန်းဦးက “ဧရာဝတီမြစ်ဝှမ်း ချိုင့်ဝှမ်းပေါ့။ အေ နအထားကတော့ တော်တော်ကို အားရစရာ ကောင်းတယ်။ ဇီဝ မျိုးစုံ မျိုးကွဲတွေလည်း တော်တော်ကြီးကို ရှိနေသေးတယ်။ ကမ္ဘာမှာ မရှိသေးတဲ့ ဇီဝမျိုစုံမျိုးကွဲ အကောင်တွေ အပင်တွေ ရှိနေသေးတယ်။ သူ့ရဲ့ မြစ်ကြောင်း အခြေအနေကလည်း တချို့သော ကမ္ဘာ့မြစ်ကြောင်း စနစ်တွေမှာ တွေ့နေရသလိုမျိုး ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားရတာ အခုထိမရှိသေးဘူး။ ပြည်သူလူထုကို သတင်းစကား ပါးချင်တာကတော့ ဧရာဝမတီ မြစ်ဝှမ်း၊ ဧရာဝတီ မြစ်ကြောင်းရဲ့ အခြေအနေဟာ အခုလက်ရှိ အချိန်အထိမှာဆိုရင် အင်မတန်မှ ကောင်းမွန်နေဆဲဖြစ်တယ်” လို့ ပြောပါတယ်။

ဧရာဝတီ မြစ်ကြောင်းနဲ့ မြစ်ဝှမ်းဒေသနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတခုရဲ့ အကူအညီရယူပြီး လေ့လာစိစစ်ကာ ကောက်ယူပြုစုထားတဲ့ စစ်တမ်းတစောင်အပေါ် အခြေပြုပြီး အခုလို သုံးသပ်ပြောဆိုခဲ့တာပါ။

လက်ရှိအချိန်အထိ အကောင်းအတိုင်းရှိနေသေးတဲ့ ဧရာဝတီမြစ်ကြီး ဆက်လက် ရှင်သန်ကောင်းမွန်စေဖို့၊ သဘာဝပတ်ဝန်းကျင်းကောင်းတွေ ရရှိစေဖို့နဲ့ ဧရာဝတီ မြစ်ဝှမ်းဒေသမှာ နေထိုင်သူတို့ရဲ့ လူမှုဘဝ တိုးတက်ကောင်းမွန်လာစေဖို့အတွက် ပြည်သူတွေအနေနဲ့လည်း အစိုးရအဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းပြောဆိုပါတယ်။

“ဒီဟာကို ဒီတိုင်းဆက်လက်ပြီးတော့ တိုးတက်ကောင်းမွန်သွားအောင် အများအားနဲ့၊ အများပြည်သူအားနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုလို့ရင်တော့ ဒီထက်ပိုကောင်းတဲ့ ဂေဟစနစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေကို ရရှိလာမယ်ဆိုရင် လူမှုဝန်းကျင်တွေဟာလည်း ဒီပေါ်မှာ အမှီပြုပြီး အကောင်းဆုံးဖြစ်လာမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။”

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားနေတဲ့ မြန်မာအစိမ်းရောင်ကွန်ရက်အဖွဲ့မှ  ဒေါ်ဒေဝီသန့်စင်က လက်ရှိအနေအထားအရ ဧရာဝတီမြစ်ရဲ့ နေရာအချို့မှာ ရွှေနဲ့ သတ္တုအလွန်အကျွံ တူးဖော်ထုတ်လုပ်နေတာကြောင့် သောင်တွေ ပေါ်ထွန်းပြီး မြစ်တဖက်ကမ်း လမ်းလျောက်ကူးနိုင်တဲ့ အခြေအနေထိ ဖြစ်ပေါ်နေတဲ့အပြင် ပြည်သူတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံ စီမံကိန်း တည်ဆောက်မည့်နေရာ အနီးက မြစ်ရေပြင်အနေထားဟာလည်း ရေထုညစ်ညမ်းမှုတွေ သိသိသာသာဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

“သူတို့ပြောသလို အကောင်းကြီးအတိုင်းကတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သောင်တွေထွန်းနေပြီ။ တချို့နရာတွေဆိုရင် ဟိုဘက်ဒီဘတ် လမ်းလျှောက်ပြီး မြစ်ကူးလို့ရနေပြီလေ။ အဲတာတွေကိုတော့ ကမ္ဘာ့ဘဏ်ကလည်း ငွေတွေချပေးနေပြီဆိုရင် ဧရာဝတီရဲ့ ပြန်လည်ရှင်သန်ရေးအတွက် မကောင်းတဲ့နွံတွေ။ သဲတွေပြိုတာတွေ အဲဒါတွေကတော့ လုပ်ပေးဖို့ကောင်းတယ်။|

ဧရိယာ စတုရန်း ကီလိုမီတာ ၄ သိန်း ၁ သောင်းကျော် အကျယ်အဝန်းရှိတဲ့ ဧရာဝတီမြစ်ဝှမ်းဒေသဟာ မြန်မာနိုင်ငံရဲ့ ၆၁ ရာခိုင်နှုန်းကို လွှမ်းခြုံထားတာဖြစ်ပြီး မြစ်ကြောင်းအလျားမိုင်အားဖြင့် ၁၃၅၀ ဝန်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ကလည်း ဧရာဝတီမြစ်ပေါ်မှာ တည်ဆောင်မယ့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးနဲ့အတူ ဧရာဝတီမြစ်ထာဝရ ရှင်သန်ရေးလှုပ်ရှားမှုအဖြစ် မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၄ မြို့နယ်က လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး မကွေးမြို့အတွင်းမှာ အများပြည်သူတွေရဲ့ ထောက်ခံမဲလက်မှတ် ကောက်ယူမှုတာတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013