DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်အတွင်း နစ်မြှုပ်နေသည့် ပိုင်ရှင်မဲ့ကား ၁ စီးကို ပြန်လည်ဆယ်ယူ
DVB
·
November 8, 2018
ဧရာဝတီမြစ်အတွင်း နစ်မြှုပ်နေသည့် ပိုင်ရှင်မဲ့ကား ၁ စီးကို ပြန်လည်ဆယ်ယူ
Donate to DVB

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရှင်ဖြူရှင်လှကျေးရွာအနီး စစ်ကိုင်း-မင်းကွန်းသွား ကားလမ်းဘေး၊ ဆွမ်းဦးပုညရှင် မြစ်ရေတင်ရေစက်အနီးမှာ ဧရာဝတီမြစ်ထဲ နစ်မြုပ်နေတဲ့ ကားတစီးကို နိုဝင်ဘာ ၇ ရက်က ဒေသခံတွေ ပြန်လည်ဆယ်ယူခဲ့ရပါတယ်။

မြစ်ထဲနစ်မြုပ်နေတဲ့ကားကို ကုန်းပေါ် ပြန်လည်ဆွဲတင်နိုင်​ဖို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံပြည်သူတွေက ကြိုးစားပြီး ကြိုးနဲ့ချည်ကာ အကြိမ်​ကြိမ်​ဆွဲယူခဲ့​ပေမယ့် မရလို့ ကျွမ်းကျင်တဲ့​ ရေလုပ်သား​တွေကို​ အကူအညီ​တောင်းကာ ကရိန်းနဲ့ ဆယ်​ယူခဲ့ရပါတယ်။

ကားနစ်မြုပ်နေတာကို ပထမဆုံး​တွေ့ရှိခဲ့တဲ့ ဦးပဉ္စင်းတပါးက သက်ဆိုင်ရာကို အကြောင်းကြားခဲ့လို့ ဆယ်ယူနိုင်ခဲ့တာလို့ ရှင်ဖြူရှင်လှကျေးရွာနေ ရေလုပ်သား ဦးဆန်းထွန်းက ပြောပါတယ်။

“ကားမြုပ်နေတယ်ဆိုတာ အရင်ဆုံးမြင်တာ ဦးပဉ္စင်းလေးပါ။ ကျနော်တို့တွေ့နေတာ လေးရက်လောက်တော့ရှိပြီ​လေ၊ ကားမှန်းမသိဘူး။ ထင်လည်းမထားဘူး။”

အခုဆယ်ယူလို့ရတဲ့ကားဟာ စူပါကာစတန် အမျိုးအစားဖြစ်ပြီး ကားပိုင်ရှင် ဘယ်သူဘယ်ဝါလဲဆိုတာ မသိရသေးဘဲ ကားမှာ အာယုပါလ ကျန်းမာရေးစောင့်ရှောက်ရေး အသင်း ဝက်တိုး(မ)ကျေးရွာလို့ စာတန်း​ရေးထိုးထားပါတယ်​။ ဝက်​တိုး​မြောက်​​ကျေးရွာဟာ စစ်​ကိုင်းတိုင်း​၊ ကန့်​ဘလူ​နယ်​​မြေအတွင်းမှာရှိတာ ဖြစ်ပါတယ်။

အဲဒီကား မြစ်ရေထဲ နစ်မြုပ်သွားခဲ့ရတာနဲ့ ပတ်သက်ပြီး ဖြစ်​စဉ်​အမှန် ဖော်​ထုတ်​နိုင်ဖို့ စုံစမ်းစစ်ဆေး​နေတယ်လို့ စစ်ကိုင်းမြို့၊ အမှတ် ၂ နယ်မြေရဲစခန်း တာဝန်​ရှိသူက ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013