ကျူးဘားနိုင်ငံ မြို့တော်ဟာဗားနားတဝိုက်မှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်နေလို့ ဒေသခံ ပြည်သူတွေက အိုးတွေတီးပြီး ဆန္ဒပြနေတဲ့အတွက် အိုးသံခွက်သံတွေ ပဲ့တင်ထပ်နေပါတယ်။
ကျူးဘားနိုင်ငံမှာ နက်ရှိုင်းလာတဲ့ အခြေခံအဆောက်အအုံ အကျပ်အတည်းတွေကြားမှာ လျှပ်စစ်နဲ့ ရေ ဝန်ဆောင်မှုတွေ ပြန်ရဖို့ တောင်းဆိုရင်း ဆန္ဒပြဖို့ ဆော်ဩချက်တရပ် လူမှုမီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
အဲဒီနောက် ဇူလိုင် ၂၄ရက်က ညဘက် ဆန္ဒပြပွဲတခုမှာ ဟာဗားနားမြို့တော် ဒီးယက်ဇ် ဒေအောက်တူဘရေ စည်ပင်ဒေသက ဒေသခံတွေက အိုးတွေကို တီးခတ်ဆန္ဒပြခဲ့ကြတာပါ။
လူနေမှုအဆင့်အတန်း ယိုယွင်းလာလို့ ဟာဗားနားတဝန်းမှာ မကြာသေးမီက သီတင်းပတ်တွေအတွင်း အသေးစားဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
Source: Reuters










