DVB Logo
Home
မြန်မာသတင်း
အရည်အသွေးမီ ရာဘာပြားထွက်ရှိရေး ဖောမစ်အက်စစ်သုံးစွဲရန် တိုက်တွန်း
DVB
·
March 30, 2019
အရည်အသွေးမီ ရာဘာပြားထွက်ရှိရေး ဖောမစ်အက်စစ်သုံးစွဲရန် တိုက်တွန်း
Donate to DVB

အရည်အသွေးမီ ရာဘာပြား ထွက်ရှိရေးအတွက် ဖောမစ်အက်စစ် ပြောင်းလဲ သုံးစွဲဖို့ လိုအပ်နေပြီလို့ မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ရာဘာစိုက်ဧက အများဆုံး ပြည်နယ်တခု ဖြစ်ပေမယ့် မွန်ပြည်နယ်ထွက် ရာဘာတွေဟာ အရည်အသွေး မပြည့်မီလို့ ဈေးကောင်း မရသေးတာပါ။

ဒါကြောင့် အရည်အသွေး ပြည့်မီတဲ့ ရာဘာပြားတွေ ထွက်ရှိရေးအတွက် ဖောမစ်အက်စစ် ပြောင်းလဲသုံးစွဲဖို့ လိုအပ်နေပြီးလို့  မွန်ပြည်နယ်ရာဘာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က တိုက်တွန်းလိုက်တာပါ။

ဖောမစ် အက်စစ်ဟာ အရည်အသွေးမီ ရာဘာပြားတွေ ဖြစ်တဲ့ RSS  1 2 3 တွေ ထုတ်လုပ်နိုင်ပါတယ်၊ ဒါပေမယ့် ရာဘာ စိုက်တောင်သူတွေက ဈေးနှုန်းနည်းတဲ့ ဆာလဖျူအက်စစ်ကိုသာ အသုံးပြုနေကြတာပါ၊ ဖောမစ်အက်စစ်ဟာ ဆာလဖျူရစ် အက်စစ်ထက် ဈေးနှုန်း ထက်ဝက် ပိုမြင့်တာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ နေရာတိုင်းမှာ ဖောမစ်အက်စစ် ဈေးနှုန်းသက်သာပြီး  အလွယ်တကူ ရနိုင်ဖို့အတွက် ကူညီပေးနေတယ်လို့ ပြောပါတယ်။

ဒါအပြင် အစိုးရအနေနဲ့ ရာဘာကဏ္ဍ ဖွံ့ဖြိုးရေးနဲ့ အရည်အသွေးမီိ ရာဘာပြားတွေ ထုတ်လုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မွန်ပြည်ထွက် ရာဘာပြားတွေဟာ တပေါင်ကို ကျပ် ၆၀၀ မှ ၇၀၀ ကြားသာ ရရှိနေတာပါ၊ အခုလို ရာဘာဈေးနှုန်း ကျဆင်းတာနဲ့အတူ ကျွမ်းကျင် အလုပ်သမား ရှားပါးတာကြောင့် ရာဘာစိုက်ဧက ၅ သိန်းထဲက  ၂ သိန်းလောက် ရပ်နားထားရပါတယ်။

ဇော်လွင်ထွတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013