DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် မြန်မာဘက်မှ တရားမဝင် တင်သွင်းလာသည့် ရာဘာအလေးချိန် ၃ တန် ဖမ်းဆီးရမိ 
DVB
·
February 11, 2025
ရနောင်းတွင် မြန်မာဘက်မှ တရားမဝင် တင်သွင်းလာသည့် ရာဘာအလေးချိန် ၃ တန် ဖမ်းဆီးရမိ 
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် တင်သွင်းလာတဲ့ ရာဘာပြား အလေးချိန် ၃ ,၀၀၀ ကီလိုဂရမ် (၃ တန်) ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ရနောင်းခရိုင် အမှတ် ၂၅ တပ်ရင်းနဲ့ အမှတ် ၂၅၂၅ တပ်ရင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၀ ရက် မနေ့ မနက်စောစောက ရနောင်းမြို့ ဆိုင်းဒဲန်အုပ်စုအပိုင်းရှိ ကရပူရီမြစ်ကမ်းတလျှောက် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် မြန်မာဘက်ကမ်းကနေ စက်လှေတစီး ခုတ်မောင်းလာတာ လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။

လူ ၅ ယောက်လောက်ပါတဲ့ စက်လှေဟာ ကမ်းကိုကပ်လာတာနဲ့ သူတို့တွေဟာ လှေပေါ်က ပစ္စည်းတွေကို ကမ်းနားမှာ အသင့်ရပ်ထားတဲ့ ဟိုင်းလပ်စ်ကားတစီးပေါ် တင်လိုက်ကြတယ်။ တာဝန်ရှိသူတွေက စစ်ဆေးဖို့ အဲဒီနားရောက်သွားစဉ်  လူ ၅ ယောက်လုံး လှေပေါ်တက်ပြီး မြန်မာဘက်ကို အမြန်ခုတ်မောင်း ထွက်ပြေးသွားကြပါတယ်။

အလားတူ ဟိုင်းလပ်စ်ကားဟာလည်း အရှိန်နဲ့ မောင်းထွက်သွားလို့ တာဝန်ရှိသူတွေက အဆိုပါ ကားနောက်ကို လိုက်လံဖမ်းဆီးတာမှာ ဖစ်ကဆဲမ်လမ်းပေါ်မှာ ကီလို ၂၀ ကျော် မောင်းနှင်ပြီး နောက်ဆုံး ရပ်တန့်ပေးလိုက်ရတယ်လို့ သိရပါတယ်။

ကားနောက်ခန်းမှာ လွှားထားတဲ့ အနက်ရောင်မိုးကာကို ဖွင့်ကြည့်စစ်ဆေးရာမှာတော့ ရာဘာပြား အလေးချိန် စုစုပေါင်း ၁,၅၀၀ ကီလိုဂရမ် တွေ့ရှိပြီး ယာဉ်မောင်းကတော့ အသက် ၃၀ နှစ်ရွယ် ထိုင်းနိုင်ငံသား နိုင်းနိန် ဖြစ်ပါတယ်။

ယာဉ်မောင်းကို ဆက်လက်စစ်ဆေးရာမှာ နောက်တနေရာမှာ စုပုံထားတဲ့ ရာဘာပြားတွေ အလေးချိန် ၁,၅၀၀ ကီလို ထပ်မံသိမ်းဆည်းရမိတာကြောင့် ရာဘာပြား စုစုပေါင်းအလေးချိန် ၃,၀၀၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီး ထပ်မံစုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source:  FM 107.25 MHz / Ch7HDNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013