DVB Logo
Home
မြန်မာသတင်း
စားသုံးသူအား လှည့်ဖြားကြော်ငြာသူများကို စစ်ဆေးအရေးယူမည်
DVB
·
March 29, 2019
စားသုံးသူအား လှည့်ဖြားကြော်ငြာသူများကို စစ်ဆေးအရေးယူမည်
Donate to DVB

ကုန်ပစ္စည်းတွေရောင်းကောင်းဖို့  ပြည်သူတွေကို ထင်ရောင်ထင်မှားဖြစ်စေအောင် ဆွဲဆောင်တဲ့ ကြော်ငြာတွေကို စားသုံးသူကာကွယ်ရေးဥပဒေအသစ်အရ အရေးယူသွားမယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ပြောပါတယ်။

မတ်လ ၂၉ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ရုံးမှာ ကျင်းပတဲ့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့ ပတ်သက်တဲ့  ဆွေးနွေးဟောပြောပွဲမှာ စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင် ကပြော ကြားခဲ့တာပါ။

ကုန်ပစ္စည်းကြော်ငြာတွေနဲ့ ပတ်သက်ပြီး ဆေးတမျိုးတည်းသုံးစွဲရုံနဲ့  ၉၆ ပါးရောဂါမျိုးစုံကို ပျောက်ကင်းတယ်ဆိုပြီး ကြော်ငြာဆွဲဆောင်တာတွေ ကိုလည်း အရေးယူမယ့် အပြင် ဖုန်းဆင်းကတ် အမျိုးအစားအလိုက် စားသုံးသူကို လှည့်ဖျားတဲ့ ကြော်ငြာမျိုးတွေကို လည်း စားသုံးသူကာကွယ်ရေးဥပဒေအရ  အရေးယူသွားမယ်လို့ ပြောပါတယ်။

ပုဒ်မပေါင်း ၈၄ ခု ပါဝင်တဲ့ စားသုံးသူကာကွယ်ရေးဥပဒေသစ်ကို ၂၀၁၉ မတ်လ ၁၅ ရက်က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု လိုက်တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်မှာ ဥပဒေ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒီဥပဒေမှာ စားသုံးသူ ပြည်သူတွေကို ထင်ရောင်ထင်မှားဖြစ်စေမယ့်  ဆွဲဆောင်တဲ့ ကြော်ငြာတွေကိုတော့ ပုဒ်မ ၆၅ အရ ထောင်ဒဏ် ၆ လ နဲ့ ငွေကျပ် သိန်း ၅၀  ကျခံဖို့ ပြဋ္ဌာန်းထားပါတယ်။ ထပ်မံကျူးလွန်မယ်ဆိုရင်လည်း ထောင်ဒဏ် ၁ နှစ်နဲ့ ငွေကျပ် သိန်း ၁၀၀ ဒါမှမဟုတ် ဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။

ဒါ့အပြင် ကုန်အညွှန်းအမှတ်အသားမှာ ဖော်ပြတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိတာတွေ၊ ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေးတို့မှာပါဝင်တဲ့ ဖော်ပြချက်နဲ့ မကိုက်ညီတာ စတာတွေကို စားသုံးသူတွေကဖုန်းနဲ့ဖြစ်စေ ဆိုရှယ်မီဒီယာတွေကနေ ဖြစ်စေ  တိုင်ကြားနိုင်ပါတယ်။

သတ်မှတ်စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူတွေက တိုင်ကြားနိုင်သလို စားသုံးသူရေးရာဦးစီးဌာနအနေနဲ့လည်း စားသုံးသူတွေ တိုင်ကြားမှုမရှိဘဲ စစ်ဆေးတွေ့ရှိရင်အရေးယူနိုင်တယ်လို့  မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးနိုင်က ပြောပါတယ်။

ဥပဒေအရ ပါဝင်တဲ့ကုန်စည်သို့မဟုတ် ကုန်စည်ထုတ်ပိုးမှုအပြင်အဆင်ပေါ်မှာ စားသုံးသူတွေ နားလည်စေမယ့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နဲ့ အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း အပြင် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး ဒါမှမဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နဲ့  ကြိုတင်သတိပေးချက်တွေကို မြန်မာစာနဲ့ ရေးသားဖော်ပြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ UMFCCI ရုံးမှာ ကျင်းပတဲ့  စားသုံးသူကာကွယ်ရေးဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို  မြန်မာနိုင်ငံစားသုံးသူရေးရာနဲ့ ဆေးနဲ့ ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းတို့ပူးပေါင်း စီစဉ်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013