DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စားသုံးသူအငြင်းပွားမှုတိုင်ကြားချက် ၈ မှုကို ဖြေရှင်းပေးနေ
DVB
·
October 29, 2018
စစ်ကိုင်းတိုင်းအတွင်း စားသုံးသူအငြင်းပွားမှုတိုင်ကြားချက် ၈ မှုကို ဖြေရှင်းပေးနေ
Donate to DVB

၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလကနေ အောက်တိုဘာလအထိ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနကို စားသုံးသူအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားလာတာ ခရိုင် ၄ ခုက ၈ မှုသာရှိတယ်လို့ တိုင်းစားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

တိုင်းစားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြာရေးမှူး ဦးခင်မောင်လှိုင်က “ကလေးခရိုင်၊ ကသာခရိုင်၊ မုံရွာခရိုင်တို့က ၁ မှုစီ၊ ရွှေဘိုခရိုင်က ၅ မှု စုစုပေါင်း ၈ မှုရှိပါတယ်။ အမှုအမျိုးအစား တွေကတော့ အစုံပါပါတယ်။ တိုင်ကြားမှုအားလုံးကို ၂၀၁၄ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေအရ ဖြေရှင်းပေးနေပါတယ်” လို့ ပြောပါတယ်။

စားသုံးသူရေးရာ ဦးစီးဌာနမှာ စားသုံးသူ အငြင်းပွားတိုင်ကြားမှုနဲ့ ပြန်ကြားရေးဌာနကိုလည်း ဖွင့်လှစ်ထားရှိပြီး တိုင်ကြားစာတွေကို လက်ခံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

စားသုံးသူရေးရာ အငြင်းပွားမှုတွေဖြစ်ပေါ်လာရင် ဌာနတင်မက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်အောင် တိုင်းစားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းကိုလည်း အောက်တိုဘာ ၂၆ ရက်က အဖွဲ့ဝင် ၃၇ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013