DVB Logo
Home
နိုင်ငံတကာ
ယီမင်လေဆိပ် ဗုံးကြဲခံရသဖြင့် ဟူသီတပ်များက ဆော်ဒီကို ဒုံးကျည်ဖြင့်ပစ်ခတ်
DVB
·
July 14, 2026
Photo: AL MASIRAH
Photo: AL MASIRAH
Donate to DVB

ယီမင်နိုင်ငံက သူတို့ထိန်းချုပ်ထားတဲ့ လေဆိပ်ကို ဆော်ဒီအာရေဗျနိုင်ငံက ဇူလိုင် ၁၃ ရက်မှာ ဗုံးကြဲခဲ့တယ်လို့ ဟူသီအဖွဲ့က စွပ်စွဲလိုက်ပြီး ဆော်ဒီဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဆော်ဒီနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့တို့ကြား ၄ နှစ်ကြာ ရပ်စဲထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

တောင်ပိုင်းဒေသဆီကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက X လူမှုကွန်ရက်မှာ ပြောပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ အက်ဘာမြို့က နိုင်ငံတကာလေဆိပ်ကို ပစ်မှတ်ထား လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယဟ်ယာ ဆာရီးက အတည်ပြုပါတယ်။

ဟူသီအဖွဲ့က ဆာနာအာလေဆိပ် တိုက်ခိုက်ခံရမှုကို ရန်စကျူးကျော်မှုအဖြစ် သတ်မှတ်ပြီး လက်တုံ့ပြန်သွားမယ်လို့ ကြွေးကြော်ထားတာပါ။

ဒါပေမဲ့ ဆာနာအာလေဆိပ်ကို တိုက်ခိုက်ခဲ့တာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

နှစ်ခြမ်းကွဲနေတဲ့ ယီမင်မှာ နိုင်ငံတကာအသိအမှတ်ပြု အစိုးရအဖွဲ့ကို ဆော်ဒီက အဓိက ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

အီရန်လေယာဉ်တစင်း ဆင်းသက်မဲ့ကိစ္စကို တားဆီးဖို့အတွက် ဆာနာအာလေဆိပ် ပြေးလမ်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ယီမင်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ရှင်းလင်းပါတယ်။

အဲဒီလေယာဉ်ဟာ ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့ ဟိုဒိုင်ဒါလေဆိပ်ကို ဆင်းသက်သွားတယ်လို့ ယီမင် စစ်ဘက်ပြောခွင့်ရသူတယောက်က နောက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဟူသီအဖွဲ့ဟာ ဆာနာအာလေဆိပ်မှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရဲ့ လေယာဉ်တစင်းကိုလည်း ထိန်းသိမ်းထားတယ်လို့ ယီမင်ဝန်ကြီးတယောက်က ထုတ်ဖော်ပါတယ်။

ဒါပေမဲ့ လေယာဉ်ပေါ်ပါလာတဲ့ ဝန်ထမ်းတွေအားလုံး ဘေးကင်းလုံခြုံမှုရှိတယ်လို့ ကြက်ခြေနီကော်မတီ ပြောခွင့်ရသူတယောက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013