
အမှုထမ်း သက်တန်းလွန်ခဲ့တဲ့အတွက် ငွေကျပ် ၇၈ သိန်းကျော် ပြန်ပေးရမယ့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း အလယ်တန်းပြ ဆရာမ ဒေါ်မာမာမြင့်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မတ်လ ၂၃ ရက်နေ့မှာ လာရောက်ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူး နဲ့ တာဝန်ရှိသူတွေက ဆရာမနေထိုင်တဲ့ နေအိမ်မှာ ပြန်ပေးရမယ့် ငွေ ၇၈ သိန်းကို လာရောက်ပေးခဲ့တာလို့ ဆရာမ ဒေါ်မာမာမြင့် က ပြောပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က လာရောက်ကူညီထောက်ပံ့ထားပေမယ့် ပြန်ပေးရမယ့် ငွေကို ပြန်မပေးသေးဘဲ ဥပဒေကြောင်းအရ ကနဦးဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဆရာမ ဒေါ်မာမာမြင့်ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ သက်ပြည့်ပင်စင်ပြည့်ခဲ့ပြီး အမှုထမ်း သက်လွန်ကာလ ၃ နှစ်နဲ့ ၇ လစာ ရှိခဲ့ပါတယ်။ ဆရာမ အနေနဲ့ အိမ်ဝိုင်း အပိုင်မရှိဘဲ အိမ်ငှားနေထိုင်နေရပါတယ်။
ဆရာမကို ငွေကြေးအရ ကူညီဖို့ ဆက်သွယ်လာတာတွေရှိပေမယ့် လက်ခံထားတာ မရှိသေးဘူးလို့ သိရပါတယ်။










