DVB Logo
Home
Lead Story
မြန်မာအပါအ၀င် အာရှနိုင်ငံများတွင် ရိုက်ထားသည့် ထိုင်းရုပ်ရှင် Friend Zone ရုံတင် (နမူနာ)
DVB
·
March 1, 2019
မြန်မာအပါအ၀င် အာရှနိုင်ငံများတွင် ရိုက်ထားသည့် ထိုင်းရုပ်ရှင် Friend Zone ရုံတင် (နမူနာ)
Donate to DVB

မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံအတော်များများမှာ ရိုက်ကူးထားတဲ့ ထိုင်းရုပ်ရှင်ကား Friend Zone ระวังสิ้นสุดทางเพื่อน ကို ဒီကနေ့ စတင်ပြီး ရုံတင်ပြသနေပါတယ်။

သူငယ်ချင်း ချစ်သူတွေကြားက ချစ်စရာကောင်းတဲ့ ပျော်ရွှင်ကြည်နူးစရာ ဇာတ် ၀င်ခန်းတွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ကားထဲမှာ မြန်မာနိုင်ငံမှ အထင်ကရနေရာတွေဖြစ် တဲ့ ရွှေတိဂုံဘုရားနဲ့ ငါးထပ်ကြီးဘုရားတွေမှာ လာရောက်ရိုက်ကူးထားတာတွေလည်း ပါ ၀င်ပြီး မြန်မာမှုအငွေ့အသက်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးကိုတော့ မြန်မာနာမည်ကြီး တေးသံရှင်တဦးဖြစ်တဲ့  ဖြူဖြူကျော်သိန်းအပါအ၀င် အာရှနိုင်ငံတွေက အဆိုတော်တွေ အတူသီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိထွက်လာခဲ့တဲ့ ရုပ်ရှင် ဇာတ်ဝင်တေးထဲမှာတော့ ဇာတ်ဝင်ခန်းပုံရိပ်တွေနဲ့ အတူ မြန်မာနိုင်ငံမှ အဆိုတော် ဖြူဖြူကျော်သိန်းအပါအ၀င် တခြားနိုင်ငံတွေဖြစ်ကြတဲ့ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတွေက အဆိုတော်တွေ သီဆိုထားကြတာပါ။

ဒီရုပ်ရှင်ကားထဲမှာတော့ ငယ်ငယ်ကတည်းက သူငယ်ချင်းအနေနဲ့ သတ်မှတ်ထား ခံရတဲ့ အချစ်က ချစ်သူတွေအဖြစ် ပြောင်းလဲသွားနိုင်မလားဆိုတာကို ကြည်နူးဖွယ်၊ ပျော်ရွှင်ဖွယ် အချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013