
တက္ကသိုလ်ဆရာ၊ ဆရာမအသင်းတွေရဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမမှာ ကျင်းပခဲ့ပါတယ်။
တက္ကသိုလ်၊ ကောလိပ်အသီးသီးက ဆရာသမဂ္ဂတွေ စုပေါင်းဖွဲ့စည်းထားတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီမှာ တိကျမှုရှိတဲ့ ဖွဲ့စည်းပုံနဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ပေါ်ပေါက်လာဖို့နဲ့ ကိုယ်စားပြုကော်မတီကနေ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးနိုင်ဖို့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပတာလို့ ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ညီလာခံကိုတော့ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ၊ ကွန်ပျူတာ တက္ကသိုလ်တွေနဲ့ နည်းပညာတက္ကသိုလ်တွေ စတဲ့ တက္ကသိုလ်ပေါင်း ၅၀ ကျော်မှ တက္ကသိုလ်၊ ဆရာ၊ဆရာမ အသင်းတွေရဲ့ အဖွဲ့ဝင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ဆုဆုသွယ်










