DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးသယ်သူကို ထိုင်းရဲ အသေပစ်ခတ်ဖမ်းဆီး၊ စိတ်ကြွဆေး ၅ သန်း ဖမ်းမိ
DVB
·
February 22, 2019
မူးယစ်ဆေးသယ်သူကို ထိုင်းရဲ အသေပစ်ခတ်ဖမ်းဆီး၊ စိတ်ကြွဆေး ၅ သန်း ဖမ်းမိ
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ်ထဲမှာ မူးယစ်ဆေးသယ်ဆောင်သူကို ထိုင်းဘက်က အသေပစ်ခတ်ဖမ်းဆီးပြီး စိတ်ကြွဆေးပြားပေါင်း ၅ သန်းကို သိမ်းဆည်းလိုက်တယ်လို့  77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှု ရှိမယ့်အကြောင်း ကြိုတင်သတင်းရထားချက်အရ ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဝင် နဲ့ အမှတ် ၃ တိုင်းဒေသ စစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၁ ရက် မနက်စောစောက မူးယစ်ကုန်သည်တွေ ၀င်ရောက်လာနိုင်မယ့် လမ်းကြောင်းတလျှောက် ကိုယ်ရောင်ဖျောက်စောင့်ဆိုင်းနေခဲ့ကြောင်း၊ မနက် ၁ နာရီခွဲလောက်မှာတော့ မြန်မာနယ်စပ် မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းကျေးရွာဘက်ကနေ မယ့်ကျန်းမြို့နယ်ထဲကို မောင်းဝင်လာတဲ့ အနက်ရောင် တိုယိုတာကား ၂ စီးကို တွေ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ကား ၂ စီးကို စစ်ဆေးဖို့အတွက် တာဝန်ရှိသူတွေက လူယောင်ထွက်ပြပြီး တားဆီးရာမှ ပထမကားတစီးက လမ်းရှင်းဖို့အတွက် သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ တာဝန်ရှိသူတွေက ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သံတွေ ငြိမ်သွားတော့ ကား ၂ စီးရှိရာကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ ပထမကားတစီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူ ၁ ဦးကို တွေ့ရပြီး အထောက်အထားတွေအရ အသက် ၂၉ နှစ်ရွယ်ရှိ နိုင်းရှဲ့မီဆိုသူ မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းရွာက ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ကားနောက်ခန်းမှာ အိတ်ပေါင်း ၂၅ လုံးတွေ့ရှိရပြီး အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၅ သန်းကို သိမ်းဆည်းရမိကြောင်း၊ နောက်ကားတစီးပေါ်မှာတော့ ယာဉ်မောင်းသူကို မတွေ့ရတော့ဘဲ အမှောင်ရိပ်ခိုပြီး တောထဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။

အဲဒီနေ့မှာပဲ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး ချလိုမ်ကစ်ဆီဝရခန်ကိုယ်တိုင် မယ်ဆိုင်ကို  ရောက်ရှိလာကာ အဆိုပါအမှုနဲ့တကွ အခြား ထိုင်း-မြန်မာနယ်စပ် မူးယစ်မှုနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေကို လာရောက်စစ်ဆေးသွားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013