DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ဂျပန်မြေအောက်စစ်ဆေးရုံဟောင်း တူးဖော်နေမှု အစိုးရအကူအညီလိုအပ်နေ
DVB
·
January 25, 2019
အင်းတော်တွင် ဂျပန်မြေအောက်စစ်ဆေးရုံဟောင်း တူးဖော်နေမှု အစိုးရအကူအညီလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့မှာ ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့တဲ့ ဂျပန်မြေအောက်စစ်ဆေးရုံဟောင်းကို ဒေသခံတွေက ကိုယ်ထူကိုယ်ထတူးဖော်နေရပြီး အစိုးရရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ တူးဖော်ရာမှာ ပါဝင်တဲ့ ဒေသခံတွေက ပြောပါတယ်။

လယ်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းမောင်က “ဝန်ကြီးချုပ်က အင်းတော်မှာ ဂျပန်ဆေးရုံရှိတာသိရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို စူးစမ်းရှာဖွေဖော်ထုတ်ဖို့ ညွန့်ကြားချက်အရ ကိုယ်ထူကိုယ်ထ တတ်နိုင်သလောက်လေးဖော်ထုတ်နေရတာပါ။ ဘယ်က ဘတ်ဂျက်မှ မရှိသေးပါဘူး”လို့ပြောပါတယ်။

ဂျပန်မြေအောက်စစ်ဆေးရုံကို  ၂၀၁၈ နိုဝင်ဘာလက စတင်ကာ ကိုယ်ထူ ကိုယ်ထ လူအားနဲ့ တူးနေတာဖြစ်ပြီး  စက်ယန္တရားနဲ့ တူးဖော်တူတာကိုတော့ တားမြစ်ထားပါတယ်။

အခုအချိန်အထိတူးဖော်ထားတဲ့ ဂူပေါက်ဝ ၃ ခုရှိပြီး နောက်ထပ်တူးဖော်ရမယ့် ဂူပေါက် ၁၀ခုလောက် ကျန်ရှိနေပါတယ်။

ကြာအင်းကျေးရွာသား ကိုဝင်းကိုက “မြေအောက်ဆေးရုံဆိုတာကို ဘိုးဘွားတွေက ပြောခဲ့တယ်။ ကျနော်တို့ ရွာက ဒေါ်ကြည်လှိုင်က ဒုတိယကမ္ဘာစစ်က ဒီနေရာမှာ ဆေးပညာတွေနဲ့ သူနာပြု လုပ်ခဲ့တယ်လို့ ကြားဖူးပါတယ်။ စတူးဖော်ရာမှာ ဓား၊ဦးထုပ်၊ ကျည်ဆန်ခွံတို့ကို တွေ့ရတယ်။ ဂူပေါက်ရဲ့အဝ ဘေးဝဲယာမှာ ဆေးပုလင်းတွေလည်း တွေ့ရတယ်။ ဒီနေရာမှာ မြေအောက်ဆေးရုံ တွေ့ရှိခဲ့ရင် ဒီနေရာဟာ ခရီးသွားတွေလည်ပတ်စရာ ဖြစ်လာမယ် နိုင်ငံခြားသားတွေလည်း လာလေ့လာမယ် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတိုးမယ်။ ဒေသခံတွေလည်း အလုပ်တွေ ပေါ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့တူးတာပါ”လို့ပြောပါတယ်။

ဆေးရုံကနေ ပစ္စည်းအစိတ်အပိုင်းတချို့ တူးဖော်တွေ့ရှိ ထားပေမယ့် ကျွမ်းကျင်သူပ ညာရှင်တွေအကူအညီရဲ့ အကူအညီလည်း လိုအပ်နေပါတယ်။

အင်းတော်မြို့ဟာ  ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်နဲ့ ဂျပန်တို့စစ်ဖြစ်ခဲ့တဲ့ စစ်တလင်းမြေဖြစ်ခဲ့ပြီး ဒဏ်ရာရတဲ့ စစ်သားတွေကိုပြုစုကုသဖို့ မြေအောက်ဂျပန်စစ်ဆေးရုံ တည်ခဲ့တာလို့ ကြားဖူးတဲ့အကြောင်း အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။

ဂျပန်စစ်ဆေးရုံဟောင်း တူးဖော်တဲ့နေရာကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ဒီဇင်ဘာ ၂၅ ရက်က လာရောက်ကြည့်ရှုခဲ့သလို ဂျပန်သံရုံးကလည်း ဂျပန်နိုင်ငံရှိ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံ  သတင်းအချက်အလက်တွေ ပေးပို့ထားပါတယ်။

ဂျပန်အစိုးရ ၀န်ကြီးဌာနအနေနဲ့ လေ့လာသုံးသပ်ကာ ကြွင်းကျန်အရိုးတွေကို စုံစမ်းစစ်ဆေးမယ်ဆိုရင်တော့  စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်မယ်လို့ အကြောင်းပြန်ထား ပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013