DVB Logo
Home
မြန်မာသတင်း
မိုင်းဖုန်းဆရာတော်၏ ချင်းမိုင်တရားပွဲ လူဦးရေ သောင်းချီ တက်ရောက်ကြားနာ
DVB
·
January 19, 2019
မိုင်းဖုန်းဆရာတော်၏ ချင်းမိုင်တရားပွဲ လူဦးရေ သောင်းချီ တက်ရောက်ကြားနာ
Donate to DVB

လတ်တလော ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရှမ်းပြည်နယ် တာချီလိတ်ခရိုင် လွယ်လိန်းေ ကျာင်းတိုက်က ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒတ ဥာဏသံဝရ ( မိုင်းဖုန်း  ဆရာတော် ) ဟာ ခုရက်ပိုင်းအတွင်း တရားဆက်တိုက်ဟောကြားနေပြီး ချင်းမိုင်တရားပွဲမှာတော့ လူသောင်းချီ တက်ရောက်ကြားနာခဲ့ပါတယ်။

ဆရာတော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့က ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် အမှတ် ၇ စစ်တိုင်းဌာနချုပ်မှာ  ၃ နာရီလောက်ကြာ တရားဟောကြားပြီး ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ဘန်ကောက် ၀ိဖာဝဒီရန်းဆစ်နယ်မြေရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များ အသင်းတိုက်မှာလည်း ၃ နာရီကြာ ဟောကြားခဲ့ပါတယ်။

ဇန်န၀ါရီ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ဘန်ကောက် ဘန်ကပီနယ်မြေရှိ  နိုင်ငံတကာ အားကစားရုံကြီးမှာ တရားဟောကြားခဲ့ပါတယ်။

အဆိုပါ တရားပွဲတွေမှာ ဆရာတော်ဟာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ထိုင်းဘာသာ နဲ့ အဓိကဟောကြားပြီး ယွန်းဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာ၊ တရုတ်ဘာသာတွေနဲ့လည်း ထည့်သွင်းဟောကြားခဲ့ပါတယ်။

ဆရာတော်က တရားနာပရိသတ်တွေကို ကုသိုလ်ကြီး၍ ယခုဘ၀တွင် ဗုဒ္ဓသာ သနာနှင့် တွေ့ကြုံရတာဖြစ်ကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေကို ကြားနာပြီးက ရင်ထဲထားကာ ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ မကောင်းမှုဒုစရိုက်တွေ ရှောင်ရှားပြီး မိမိစိတ်ကို စင်ကြယ်အောင်သန့်စင်ဖို့  ဖြည်းဖြည်းချင်းကြိုးစားသွားရင်၊ လုံ့လ၀ီရိယရှိရင်၊ သတိ၊ သမာဓိ၊ ပညာရှိရင် နိဗ္ဗာန်ဆိုတာမဝေးကြောင်း၊ လူမိုက်တွေဟာ လေးလံတဲ့အရာတွေကို သယ်ဆော င်တတ်ပြီး လူကောင်းတွေဟာ ပေါ့ပါးတဲ့ အရာကိုသာ သယ်ဆောင်ကြောင်း၊ တန်ဖိုးရှိသော ရတနာအစစ်ကိုရှာဖွေပြီး အတုကိုရှောင်ရှားစေလိုကြောင်း၊ လောကမှာ ရွှေငွေရတနာတု၊  မိတ်ဆွေတု၊ ဆရာတု၊ လင်တု ၊ မယားတုတွေလည်းပေါများပြီး အဲဒါတွေဟာ တန်ဖိုးမဲ့ကြောင်း၊ မိမိကိုယ်တိုင် မိဘကောင်း၊ ဆရာကောင်း၊ သားသမီးကောင်း၊ တပည့်ကောင်းတွေဖြစ်ေ အာင်ကြိုး စားဖို့ ဟောကြားပါတယ်။

ဘုရားရှိခိုးရာမှာ ၀တ်ကျေတန်းကျေရှိခိုးတာ ၊ ဖြစ်သလိုရှိခိုးတာတွေ မလုပ်ဘဲ စိတ်နှလုံး သွင်းကာ နက်ရှိုင်းစွာကြည်ညိုရှိခိုးဖို့ ၊ မိမိလိုလားချက်တွေကို မည်သူ့ဆီကမှ ဆုတောင်းပြီး ယူစ ရာမလိုဘဲ လူတိုင်းမှာ ကောင်းသောအရာတွေရှိပြီးသား  မှန်ကန်စွာအသုံးချပြီး ဆောင်ရွက်ယူ တတ်ဖို့ သာလိုအပ်ကြောင်း ဟောကြားပါတယ်။

ဆရာတော်ရဲ့ ချင်းမိုင်က တရားပွဲမှာ လူတွေ သောင်းနဲ့ချီ လာရောက်ကြားနာပြီး ဘန်ကောက် ရဲတပ်ဖွဲ့အသင်းရဲ့ ခန်းမကြီးမှာတော့ လူ ၁၅၀၀ သာဆန့်တဲ့အတွက် အပြင်ဘက်မှာ လူတွေတိုးကြိတ်နေတာကို တွေ့ရပါတယ်။

ဇန်န၀ါရီ ၁၈ ရက်နေ့ အားကစားရုံမှာ ပြုလုပ်တဲ့ တရားပွဲမှာလည်း ထောင်နဲ့ချီတဲ့ ပြည်သူတွေ လာရောက်တရားနာခဲ့ကြပါတယ်။

ဆရာတော်ဟာ ဇန်န၀ါရီလ ၁၉ ရက်မနက်မှာ ထိုင်းနိုင်ငံကနေ  ဘူလ်တန်နိုင်ငံကို ကြွချီသွားပြီး အဲဒီက ပြန်လာရင် ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ရှိ မိုင်းကျက်ဂူကြီးထဲမှာ ၃ နှစ်၊ ၃ လ၊ ၃ ရက်ကြာ ဂူအောင်းတရားထိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013