DVB Logo
Home
မြန်မာသတင်း
၉ နှစ် ကျောင်းသူအား မုဒိမ်းပြုကျင့်ရန် ကြံစည်မှု သံသယဖြင့် အသက် ၆၀ အရွယ် အမျိုးသားကို ဖမ်းဆီး
DVB
·
January 11, 2019
၉ နှစ် ကျောင်းသူအား မုဒိမ်းပြုကျင့်ရန် ကြံစည်မှု သံသယဖြင့် အသက် ၆၀ အရွယ် အမျိုးသားကို ဖမ်းဆီး
Donate to DVB

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာမှာ အသက် ၉ နှစ်အရွယ် ဒုတိယတန်းကျောင်းသူတဦးအား မုဒိမ်းပြုကျင့်ဖို့ ကြံစည်မှု သံသယနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ ည ၆ နာရီကျော်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဥက္ကံနယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်တန်းသူ တရားလို ဒေါ်ရီက အခင်းဖြစ်ပွားပုံကို အခုလို ပြောပါတယ်။

"ကလေးမိဘတွေက တောထဲမှာ အလုပ်သွားလုပ်နေပြီး ကလေးကို ကျမနဲ့အတူ ထားခဲ့တာပါ။ အရင်ရက်တွေကလည်း မြေးဖွားတွေ အတူတူတီဗွီကြည့်နေကျပါ။ ဖြစ်တဲ့ညနေက ကလေးကအရင်သွားကြည့်တာ။ တီဗွီသွားကြည့်တဲ့ အိမ်ကလည်း မျက်နှာချင်းဆိုင်ဆိုတော့ စိတ်ချတယ်လေ။ ကျမလိုက်သွားလို့ ကလေးကိုမတွေ့တော့ အိမ်နီးချင်းဒေါ်ချိုနဲ့အတူ လိုက်ရှာတော့ ခြေရင်းအိမ်မှာ တယောက်တည်းနေတဲ့ ဦးမြင့်အိမ်အဝမှာ ဖိနပ်ကို တွေ့လို့ဝင်ရှာတော့ အိမ်ရဲ့ဘုရားစင်အောက်က ခြင်ထောင်ထဲမှာ ကလေးကိုဘောင်းဘီချွတ်ပြီးထိုင်နေတာကို တွေ့တယ်။ ဦးမြင့်က ကလေးဘေးနားမှာ လှဲနေတာကိုတွေလို့ ကလေးကိုပြန်ခေါ်လာပြီးမေးတော့ တီဗွီကြည့်ပြီး အိမ်ပြန်လာတဲ့အချိန် ဦးမြင့်က ပွေ့ခေါ်သွားပြီး ဘောင်းဘီကိုချွတ်တယ်။ မိန်းမအင်္ဂါကို----၊ ကျမတို့ ရောက်လာတာလို့ ပြောလို့ အခုလို အမှုဖွင့်တိုင်တန်းရတာ" လို့ ပြောပါတယ်။

ရဲတွေလာဖမ်းချိန်မှာ ဦးမြင့်က ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးရာ စမ်းရွာကျေးရွာကို သွားတဲ့ လမ်းပေါ်တံတားအနီး ဖမ်းမိခဲ့တယ်လို့ ဖမ်းဆီးရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသက် ၆၁ နှစ်အရွယ် ဦးမြင့်ကို ဥက္ကံနယ်မြေရဲစခန်းက (ပ) ၈/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉/ ၅၁၁ နဲ့ ဖမ်းစီးစစ်ဆေးနေပြီး ကလေးဖြစ်သူကို ဥက္ကံတိုက်နယ်ဆေးရုံမှာ ဆေးစစ်ချက်ခံယူထားတယ်လို့ အမှုစစ် ဒုရဲအုပ် မင်းမင်းဇော်က ပြောပါတယ်။

သတင်း- မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013