DVB Logo
Home
မြန်မာသတင်း
ဆဋ္ဌမတန်းကျောင်းသူ ကိုယ်ဝန် ၅ လရမှ မုဒိမ်းကျင့်ခံရကြောင်းသိရ၍ မိခင်က အမှုဖွင့်
DVB
·
September 16, 2018
ဆဋ္ဌမတန်းကျောင်းသူ ကိုယ်ဝန် ၅ လရမှ မုဒိမ်းကျင့်ခံရကြောင်းသိရ၍ မိခင်က အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ ကိုယ်ဝန် ၅ လရှိမှ မုဒိမ်းမှုကျူးလွန်ခံရတာ သိရှိရတာကြောင့် မိခင်ဖြစ်သူက စက်တင်ဘာလ ၁၄ နေ့မှာ မုဒိန်းမှုဖွင့်ပြီး တိုင်တန်းခဲ့တယ်လို့ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ သိရပါတယ်​။

သမီးဖြစ်သူ ဗိုက်ပူနေတာ သံသယရှိတဲ့အတွက် စက်တင်ဘာ ၁၃ ရက်နေ့မှာ ကျန်းမာရေးစစ်ဆေးဖို့အတွက် ဆရာဝန်ထံသွားရောက်ပြသခဲ့ရာ ဆရာဝန်က ကိုယ်ဝန် ၅ လလောက်ရှိကြောင်း ပြောပြတာကြောင့် မိခင်ဖြစ်သူမှ သိရှိခဲ့ရတာပါ။

သမီးဖြစ်သူကို မေးကြည့်ရာ လွန်ခဲ့တဲ့ ၅ လလောက်က နေ့လယ်ပိုင်းမှာ အိမ်နီးချင်း အိမ်ထောင်ရှိ အမျိုးသားတဦးကခေါ်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ဘယ်သူ့ကိုမှ ပြန်မပြောဖို့နဲ့ ပြန်ပြောပါက သတ်ပြစ်မယ်လို့ ခြိမ်းခြောက် သားမယားပြုကျင့်ခဲ့တာလို့  စခန်းမှ သိရပါတယ်​။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသက်မပြည့်သေးတဲ့ မိန်းခလေးငယ်အား အလိုမတူ သားမယားအဖြစ်ပြုကျင့်ခဲ့သူ မင်းကျော် (၂၀) နှစ် ကျပန်းလုပ်ကိုင်သူကို ကျောက်ပန်းတောင်း နယ်မြေရဲစခန်း (ပ) ၂၉၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

ကိုလင်း(​ချောက်​)

ဓာတ်ပုံ-ကျောက်ပန်းတောင်းရဲစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013