DVB Logo
Home
မြန်မာသတင်း
ရဲကင်းစခန်းများ တိုက်ခိုက်ခံရသည့်အပေါ် ရခိုင်ပြည်သူများ၏ အမြင်
DVB
·
January 10, 2019
ရဲကင်းစခန်းများ တိုက်ခိုက်ခံရသည့်အပေါ် ရခိုင်ပြည်သူများ၏ အမြင်
Donate to DVB

ဇန်န၀ါရီ ၄ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ခထီးလှရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သလို ရက္ခိုင့်တပ်မတော်ဘက်ကလည်း တပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်က ရဲကင်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ သဘောထားအမြင်ကို ဒီဗွီဘီက မေးမြန်းဖော်ပြလိုက်ပါတယ်။

ကိုဇော်ဝင်း

“ကျနော်တို့ မြင်တာကတော့ ဒီအတိုင်းသာ ထားမယ်ဆိုရင် တိုက်ပွဲတွေ တနေ့ထက်တနေ့ ပိုကြီးလာမယ်။ ပိုပြီးတော့ ဆိုးဝါးစရာတွေဖြစ်လာမယ်။ ဒီနေရာမှာ ဘာကို သွားတွေ့ရလဲဆိုတော့ အုပ်ချုပ်ရေးအာဏာ၊ သယံဇာတခွဲဝေခြင်း အာဏာ၊ ဒီလိုအခွင့်အာဏာတွေကြောင့် အခုလို တိုက်ပွဲတွေ ဖြစ်နေတာလို့ ကျနော်အနေနဲ့ မြင်တယ်။ တိုက်ပွဲတွေ ငြိမ်သွားမယ့်ဟာကလည်း ဒီအတိုင်းပါပဲ၊ သယံဇာတခွဲဝေ အသုံးချမှုတွေရယ်၊ အာဏာခွဲဝေ အသုံးချမှုကို တိုင်းရင်းသားတွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ခွဲဝေပေးလိုက်ရင် ဒီလိုစစ်ပွဲတွေ ဖြစ်လာစရာအကြောင်း မရှိဘူး။ စစ်ပွဲတွေဖြစ်နေတာက ဒီလိုအခွင့်အရေးတွေ ရအောင်လုပ်နေကြတယ်လို့ ကျနော်တို့ ကတော့ အဲ့လိုရှုမြင်တယ်။ ဒီနေရာမှာ ထပ်ပြီးတခုပြောချင်တာက ၂၀၁၈ အခြေခံဖွဲ့စည်းပုံ မဟုတ်ဘူး။ ဒီကိစ္စကို လွှတ်တော်မှာ အကျယ်ချဲ့ပြီးတော့ လုပ်လို့ရတယ်။ အုပ်ချုပ်ရေးအာဏာခွဲဝေ၊ သယံဇာတတွေခွဲဝေမှု အခန်းကဏ္ဍကို မလုပ်ခြင်းဟာ တိုက်ပွဲတွေကိုဖြစ်အောင် အမြဲတမ်း ဖန်တီးနေတယ်လို့ ကျနော်ကတော့ အဲ့လိုရှုမြင်တယ်ခင်ဗျ။”

 

ဒေါ်ညိုအေး

“ဒီလိုရဲစခန်း တိုက်ခိုက်ခံရတဲ့အပေါ်မှာ ဘယ်သူ့မှမသေစေချင်ဘူး။ သေဆုံးတဲ့သူတွေကလည်း ပြည်သူထဲက ပေါက်ဖွားတဲ့ ပြည်သူတွေပဲဖြစ်တယ်၊ စိတ်မကောင်းဘူး။ ကျမတို့က အပွင့်လင်းဆုံးပြောရရင်တော့ ဒီလို တိုက်ခိုက်ကြတယ်ဆိုတာကတော့ ကျမတို့ ပြည်သူတွေဘက်ကို ပြန်ကြည့်ရမယ်။ ကျမတို့ ရခိုင်ပြည်သူတွေက အင်မတန်မှနိမ့်ကျနေတယ်။ စီးပွားရေးလည်း မရှိဘူး။ ပညာရေးလည်း အောက်ဆုံးအဆင့်အထိ ရောက်ရှိနေတယ်။ ကျမတို့ ရခိုင်ဒေသက ဘယ်လိုနေရာမျိုးမှ ရုန်းကန်လို့ရတဲ့ အနေအထားမှမရှိဘူး။”

 

ကိုစိုးဟန်

“အေအေဘက် ဒီလိုမျိုး ရဲကင်းတွေကို တိုက်ခိုက်တယ်ဆိုတာက နောက်တခုက ရဲကင်းတွေကနေ အေအေတပ်တွေရှိတဲ့ နေရာတွေကို အမြောက်ကြီးတွေနဲ့ပစ်ကူပေးတာ တွေရှိတယ်။ ဒါမျိုးတွေ ကျနော်တို့ ကြားသိနေရတယ်။ အဲ့ဒါကြောင့်မို့ အေအေဘက်က သတိပေးစာလည်း ရဲတွေကို ကမ်းထားတာရှိတယ်။ ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ပဲ သတိပေးထားတာတွေရှိတယ်။ ဒါကိုပဲ သူတို့က ကိုယ်လုပ်ရမယ့် အလုပ်တွေထက် ကျော်လွန်ပြီးတော့ လုပ်လာတယ်ဆိုတော့ အေအေဘက်က ပြတ်ပြတ်သားသားပဲ ကိုယ်တွယ်တာဖြစ်တယ်လို့ ကျနော်က ဒီလိုပဲမြင်တယ်။”

 

ဦးအောင်သန်းဝေ

“ဘူးသီတောင်မှာ ရဲစခန်းလေးခုကို ရက္ခိုင့်တပ်မတော်(အေအေ) တိုက်ခိုက်တဲ့အပေါ်မှာ ဒါကတော့ အကျိုးပေါ့ဗျာ။ သူတို့ဖြစ်တဲ့အကြောင်းကဘာလဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဘာလုပ်ဖို့ လက်နက်ကိုင်ပြီးမှ အခုလိုမျိုးတိုက်ခိုက်မှုတွေ လုပ်ရသလဲဆိုတာ အကြောင်းကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဘယ်တိုင်းရင်းသားမှ ကိုယ်ပိုင်နိုင်ငံထူထောင်ဖို့ ဆန္ဒမရှိဘူးဆိုတာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်ထားတယ် ဆိုတာ ကျနော်တို့ ကြားသိရပါတယ်။ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး မရကြဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိတဲ့အတွက် တန်းတူရည်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆိုင်တဲ့ သဘာဝသယံဇာတများကို ခွဲဝေစီမံပိုင်ခွင့်ရရှိဖို့ တိုင်းရင်းသားတွေကသူတို့ လက်နက်ကိုင်ပြီး တောင်းဆိုမှဖြစ်မယ်ဆိုတဲ့သူတို့ သုံးသပ်တဲ့မိအတွက် ဒီနည်းလမ်းကို သုံးနေကြတယ်။”

ဒေါ်မေဖြူ

“ကျမထင်တာကတော့ လုံခြုံရေးချထားတဲ့ ရဲတွေနဲ့ သိပ်မဆိုင်ဘူးထင်တယ်။ စစ်တပ်က အသွင်ပြောင်းပြီး လုပ်လို့၊ ကျေးရွာက လူတွေက မနေနိုင်အောင် ဗုံးတွေကြဲချ၊ အဲ့လိုလုပ်တဲ့ အခါမျိုးမှာတော့ သူတို့ကလည်း ခုခံတဲ့သဘောနဲ့ ဖြစ်တယ်လို့ ယူဆပါတယ်။ မလုပ်ရင် ကိုယ်ပဲ နာကြမှာလေ။”

ဒေါ်ကျော့စိန်

“ဒီကိစ္စ တပ်မတော်စပြီးတိုက်ခိုက်တာပဲ၊ အေအေဘက်က ကိုယ်ဟာ ကိုယ်နေတာ။ စစ်တပ်ကနေပြီး ကျေးရွာ တွေလာပြီး ဗုံးကြဲတယ်။ ရွာသားတွေကို မနေနိုင်အောင်စစ်တပ်ဘက်က လေယာဉ်တွေနဲ့ အပေါ်က ဗုံးချတိုက်ခိုက်တယ်။ အေအေဘက်ကတော့ တပ်မတော်ကို သီးသန့် တိုက်ခိုက်ချင်တာ၊ အဲ့ဒီတော့ တပ်မတော်ဘက်က လည်း ရဲတပ်ရင်းတွေမှာ အသွင်းပြောင်းပြီး ခိုအောင်းတယ်။ အသွင်းပြောင်းပြီးတော့နေတယ်။ အဲ့ဒီလို နေတဲ့ အတွက်ကြောင့် မကျေနပ်လို့ ဝင်တိုက်ဖြစ်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013