
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဇွန် ၁၉ ရက်က ပြုလုပ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ နှင်းဆီလှုပ်ရှားမှုနဲ့ “Proof Of Life” လှုပ်ရှားမှုကို ဂျပန်လွှတ်တော်အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို ဂျပန်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ အီချီရို အိုက်ဆာဝါနဲ့ အီရှိဘာရှိ မီချီဟီရို တို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက် ဆုတောင်းပေးခဲ့ပါတယ်။
ဒီလှုပ်ရှားမှု အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် စောဘလှသိန်းအပြင်၊ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးကို ကူညီအားပေးနေကြတဲ့ ဂျပန်နိုင်ငံသားတွေအပါအဝင် စုစုပေါင်း ၃၀၀ ကျော် လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဇော်ဇော်လှိုင်










