DVB Logo
Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်အတွင်း ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံရသူ ၁၂၄ ဦး ရှိ
DVB
·
January 5, 2019
၂၀၁၈ ခုနှစ်အတွင်း ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံရသူ ၁၂၄ ဦး ရှိ
Donate to DVB

အန်အယ်လ်ဒီ အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံရသူပေါင်း ၁၂၄ ဦး ရှိခဲ့တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ တရားစွဲခဲ့တဲ့ အမှုတွေထဲမှာ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲခံရသူ ၁၂၄ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅ (ခ) နဲ့ တရားစွဲဆိုမှု ၄၁ မှု၊ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုမှု ၃၆ မှု နဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲခံရတဲ့အမှုကတော့ ၅၃ မှုအထိ ရှိပြီး အများဆုံးဖြစ်ပါတယ်။

ဆက်သွယ်ရေဥပဒေနဲ့ တရားစွဲဆိုတဲ့အမှုတွေထဲမှာ နိုင်ငံရေးဝေဖန်ရေးသားမှုကြောင့် တရားစွဲဆိုရမှုကတော့ အများဆုံးဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာသမားတွေကို တရားစွဲဆိုမှုကတော့ ၉ မှုရှိပြီး သတင်းသမား ၁၂ နှစ်ဦး တရားစွဲခံရပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။

ရန်နိုင်ဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013